အိုးဝေမဂ္ဂဇင်း

From Wikipedia, the free encyclopedia

အိုးဝေမဂ္ဂဇင်း
Remove ads

အိုးဝေ မဂ္ဂဇင်း သည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ၁၉၃၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်ထုတ်ဝေခဲ့သည့် မဂ္ဂဇင်း ဖြစ်သည်။[]

Thumb
အိုးဝေမဂ္ဂဇင်း ကော်မတီ (၁၉၃၆)

အမည်ပြောင်းလဲလာပုံ

မူလက အိုးဝေမဂ္ဂဇင်း၏ အမည်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ မဂ္ဂဇင်းဖြစ်သည်။ သို့သော် အမည်ရှည်သဖြင့် အသစ်ပေးရန် အမှုဆောင်များအား တိုင်ပင်သည်။ ကိုညိုမြပေးသော အိုးဝေ ဟူသည့်အမည်ကို အယ်ဒီတာ ကိုအောင်ဆန်းက လက်ခံလိုက်သည်။

မန္တလေးတွင် ကျောင်းနေစဉ်က ဒေါင်းယာဉ်ပျံဟူသော မင်းသမီးကို သဘောကျဖူးကြောင်း၊ သူ၏ "အိုးဝေ အိုးဝေ" ဆိုသည့်အသံမှာ ခုနှစ်သံပြောင်းသော်လည်း နားထောင်မငြီးနိုင်ကြောင်း၊ စာနယ်ဇင်းလောကသို့ ရောက်ပါက အိုးဝေ ဆိုသည့် မဂ္ဂဇင်းထုတ်လိုသည့် အကြံရှိကြောင်း အိုးဝေဟူသောအမည်ကို စဉ်းစားမိပုံနှင့် ပတ်သက်၍ ကိုညိုမြက ပြောပြသည်။ ထို့နောက်မှ −

"ဗမာပြည်သည် ဥဒေါင်းနိုင်ငံ

အိုးဝေသည် ဥဒေါင်းအသံ"

ဟူသည့် ဆောင်ပုဒ်ဖြင့် သမဂ္ဂမဂ္ဂဇင်းကို အိုးဝေ မဂ္ဂဇင်း ဟု အမည်ပြောင်းလိုက်သည်။

Remove ads

ငရဲခွေးကြီးဆောင်းပါးနှင့် ၎င်း၏ ဂယက်

၁၉၃၆ ဇန်နဝါရီလထုတ်၊ အတွဲ ၅၊ အမှတ် ၁ အင်္ဂလိပ်ကဏ္ဍတွင် ငရဲခွေးကြီး လွတ်နေပြီ (Hell Hound at Large) ဟူသော ဆောင်းပါး ပါလာသည်။

တက္ကသိုလ်အာဏာပိုင်တစ်ဦး၏ မတရားမှုကို ပွင့်ပွင့်လင်းလင်း ဝေဖန်ထားရာ ကျောင်းရှိ အာဏာပိုင်များကိုသာမက ညွန့်ပေါင်းအစိုးရကိုပါ အဖျားခတ်နေသည်။ ဆောင်းပါးရေးသားသူ ယမမင်း ကလောင်ရှင်၏ အမည်ရင်းကိုမူ မသိကြပေ။ထို့ကြောင့် ကျောင်းအုပ်ကြီးက အယ်ဒီတာ ကိုအောင်ဆန်းကို ဆောင်းပါးရှင်အမည် ဖော်ထုတ်ပေးရန် တောင်းဆိုလာသည်။ ကိုအောင်ဆန်းက အယ်ဒီတာကျင့်ဝတ်နှင့်အညီ ဆောင်းပါးရှင်အား မပြောနိုင်ကြောင်း အရေးယူလိုလျှင် မိမိအား အရေးယူနိုင်ကြောင်း ပြောသည်။

ဤဆောင်းပါးအား ထည့်သွင်းစေသည်ဟူသော အကြောင်းပြချက်ဖြင့် တကသဥက္ကဋ္ဌ ကိုနု ကို ကျောင်းထုတ်သည်။ ဆောင်းပါးရှင်အား အမည်မဖော်သည့်အတွက် ကိုအောင်ဆန်း ကိုလည်း ကျောင်းထုတ်သည်။

ထိုအခါ ဥက္ကဋ္ဌနေရာအား ကိုရာရှစ် က တာဝန်ယူပြီး ကျောင်းသားအစည်းအဝေးကျင်းပ၍ သပိတ်မှောက်စေသည်။ ဤသို့ဖြင့် ၁၉၃၆ ခုနှစ် ​ဒုတိယအကြိမ် ကောလိပ်သပိတ် ဖြစ်ပွားတော့သည်။[]

Remove ads

အရေးပါမှု

အိုးဝေမဂ္ဂဇင်းသည် ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ လွတ်လပ်ရေးသမိုင်း၊ စစ်အာဏာရှင်စနစ် ဆန့်ကျင် တိုက်ဖျက်ရေးသမိုင်းများတွင် ကိုအောင်ဆန်း၊ ကိုညိုမြ တို့ ခေတ်မှစကာ ခေတ်အဆက်ဆက် အဖိနှိပ်ခံလူထုဘက်မှ အစဉ်တစိုက် ရပ်တည် တိုက်ပွဲဝင်ခဲ့ပြီး အစဉ်အလာကြီးမားသော ကျောင်းသားသမဂ္ဂ မဂ္ဂဇင်းလည်းဖြစ်သည်။

စစ်အာဏာသိမ်းမှုမတိုင်ခင် ၂၀၂၀ ကာလများတွင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂသည် အိုးဝေစာစဉ်ကို ပြန်လည်ဖော်ထုတ် ဖြန့်ဝေနိုင်ရန် ကြိုးပမ်းခဲ့သည်။[]

နွေဦးတော်လှန်ရေးကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်) နှင့် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးစီးပြီး အိုးဝေကို စာစောင်အဖြစ် ၂ ပတ်တကြိမ် ထုတ်ဝေလျက် ရှိသည်။[][][]

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads