အုန်းကျော်မြင့်
From Wikipedia, the free encyclopedia
Remove ads
ဗိုလ်ကြီး အုန်းကျော်မြင့် (၂၇ ဇူလိုင် ၁၉၇၇ ကွယ်လွန်) သည် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းအား ဖြုတ်ချ တန်ပြန်အာဏာသိမ်းရန် ကြိုးပမ်းခဲ့သော မြန်မာ့တပ်မတော် အရာရှိတစ်ဦးဖြစ်သည်။
စစ်မှုထမ်းဘဝ
အုန်းကျော်မြင့်သည် ရန်ကုန်တက္ကသိုလ် မှ ဘွဲ့ရရှိခဲ့ပြီး တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၂၉ မှ အထူးချွန်ဆုံး ဗိုလ်လောင်းအဖြစ်နှင့် မြန်မာ့တပ်မတော်တွင် အရာရှိဖြစ်လာခဲ့သည်။[၁] တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ကျော်ထင် လက်အောက်တွင် စစ်ဦးစီးမှူး (တတိယတန်း) အဖြစ် အမှုထမ်းခဲ့သည်။[၂]
စစ်ခုံရုံး
ဗိုလ်ကြီး အုန်းကျော်မြင့် နှင့် အခြားအရာရှိငယ်များ၏ အာဏာသိမ်းရန် ကြံစည်မှုကို စစ်ထောက်လှမ်းရေး (ကကလှမ်း) က ဖော်ထုတ်ခဲ့သည်။ ဗိုလ်ကြီးအား ၁၉၇၇ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြိုးပေး သတ်ဖြတ်ခဲ့သည်။[၁] နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ သည် တရားခွင်အတွင်း အငယ်တန်း အရာရှိအဖြစ် ပါဝင်ခဲ့သည်။[၂]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads