အုန်းသွင်
From Wikipedia, the free encyclopedia
ဗိုလ်ချုပ်အုန်းသွင် (၁၉၇၀ — ၂၄ စက်တင်ဘာ ၂၀၂၂) သည် အငြိမ်းစား တပ်မတော်အရာရှိနှင့် သံအမတ်ဟောင်း တစ်ဦး ဖြစ်သည်။ တပ်မတော်မှ အငြိမ်းစားယူပြီးနောက် သူသည် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်နှင့် တောင်အာဖရိကနိုင်ငံများတွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၏ ဦးဆောင်အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သည်။[၁] ဦးအုန်းသွင်သည် စစ်တက္ကသိုလ် အပတ်စဉ် ၁၅ သင်တန်းဆင်း ဖြစ်သည်။[၂] ဦးအုန်းသွင်သည် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ဆရာ ဖြစ်သည်ဟုလည်း ဆိုကြသည်။[၃]
၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် ရန်ကုန်ရှိ မြို့ပြပျောက်ကျားအဖွဲ့တစ်ခုက ဦးအုန်းသွင်နှင့် သားမက်ဖြစ်သူ တပ်မတော်အရာရှိဟောင်း ရဲတေဇတို့အား ပစ်ခတ်လုပ်ကြံခဲ့ရာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးအဖွဲ့များက လုပ်ကြံနိုင်ခဲ့သည့် စစ်ဖက်ဆိုင်ရာ ရာထူးအမြင့်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။ သူသည် အာဏာသိမ်းမှုကို ဆန့်ကျင်သူများအား သတ်ဖြတ်ရန် တိုက်တွန်းခြင်း၊ စစ်ကောင်စီအား ထောက်ခံခြင်းများ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။[၄][၅] ဦးအုန်းသွင် သေဆုံးမှုအတွက် စစ်ကောင်စီက လူဆယ်ဦးအား ဖမ်းဆီးထားကြောင်း အောက်တိုဘာလတွင် ကြေညာခဲ့သည်။[၆] ဦးအုန်းသွင် သေဆုံးမှုနှင့် ပတ်သက်၍ စစ်မှုထမ်းဟောင်းများအား ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ရှုတ်ချခဲ့သည်။[၇]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.