စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နစကဒုက္ကဋ္ဌ From Wikipedia, the free encyclopedia

စိုးဝင်း (ဒုတိယဗိုလ်ချုပ်မှူးကြီး)
Remove ads

ဒုတိယဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ[][] စိုးဝင်း (၁ မတ် ၁၉၆၀ မွေးဖွား[]) သည် မြန်မာနိုင်ငံသား၊ တပ်မတော်သားတစ်ဦးဖြစ်ပြီး လက်ရှိ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ရာထူးတာဝန်များအား ထမ်းဆောင်နေသူဖြစ်သည်။ စစ်တက္ကသိုလ်၊ ဗိုလ်လောင်သင်တန်း အမှတ်စဉ် (၂၂) ကျောင်းဆင်းအရာရှိတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်အမှတ်သည် ကြည်း/၁၆၄၈၉ ဖြစ်သည်။

အချက်တိုများ ဒုတိယဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ စိုးဝင်း, နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ...

ဗထူးတပ်မြို့ရှိ တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း (ဗထူး)၏ ကျောင်းအုပ်ကြီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူး စသည့် တာဝန်များကိုထမ်းဆောင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့မှစတင်ကာ "ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)" အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။

၂၀၂၁ စစ်အာဏာသိမ်းခြင်းတွင် ဒုတိယ​ခေါင်း​ဆောင်ဖြစ်ကာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်း ခံရသည်။[]

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖျက်သိမ်းပြီးနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအား အုပ်ချုပ်ရေးယန္တရားအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။[]

Remove ads

အစောပိုင်းဘဝနှင့် ပညာရေး

ဦးချစ်စိန်နှင့် ဒေါ်ကြင်ထွေးတို့မှ ၁၉၆၀ ပြည့်နှစ် မတ်လ ၁ ရက်နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။[][][][][၁၀][၁၁][၁၂] ၁၉၇၆ ခုနှစ်တွင် စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့ပြီး ၁၉၈၁ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။[၁၃][၁၄][၁၅][၁၆][၁၇]

စစ်မှုထမ်းခြင်း

၁၉၈၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ အပတ်စဉ် (၂၂)ဖြင့် ဘွဲ့ရရှိခဲ့သည်။[၁၈][၁၉][၂၀][၂၁][၂၂][၂၃] ၂၀၀၈ ခုနှစ် ဇွန်လတွင် ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာခဲ့သည်။[၂၄][၂၅][၂၆][၂၇][၂၈][၂၉] ၂၀၁၀ ပြည့်နှစ် ဩဂုတ်လတွင် အမှတ် (၆) စစ်ဆင်ရေး အထူးအဖွဲ့မှူးအဖြစ် ချင်းပြည်နယ်ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းများရှိ စစ်ဖက်ဆိုင်ရာ စစ်ဆင်ရေးများကို ကြီးကြပ်ခဲ့သည်။[၃၀][၃၁][၃၂][၃၃][၃၄][၃၅][၃၆]

ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) အား တပ်မတော်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ကူးပြောင်းရန် ဖိအားပေးခဲ့ဖူးသူလည်း ဖြစ်သည်။[၃၇][၃၈][၃၉][၄၀][၄၁][၄၂] ၂၀၀၉ ခုနှစ် ဇူလိုင်လမှ ၂၀၁၀ ဩဂုတ်လအတွင်း ကေအိုင်အေ ခေါင်းဆောင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း နယ်ခြားစောင့်တပ်ပြောင်းလဲရေးအတွက် မအောင်မြင်ခဲ့ပေ။[၃၀][၄၃][၄၄][၄၅][၄၆][၄၇]

၂၀၂၄ ခုနှစ် ဧပြီလတွင် တော်လှန်ရေးအဖွဲ့များ၏ ဒရုံးဖြင့် တိုက်ခိုက်မှုကြောင့် စိုးဝင်းသည် အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သတင်းများ ပေါ်ထွက်ခဲ့သည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ဒရုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် စိုးဝင်းသည် လူမြင်ကွင်းမှ ရက်သတ္တပတ် နှစ်ပတ်ခန့် ပျောက်ဆုံးနေခဲ့သည်။[၄၈][၄၉][၅၀][၅၁][၅၂][၅၃][၅၄]

Remove ads

ရရှိခဲ့သော ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ

ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည် (၀၄-၀၁-၂၀၂၁) လွတ်လပ်ရေးနေ့တွင် “သီရိပျံချီ ”ဘွဲ့မှ ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့ ဖြစ်သော “သရေစည်သူ”သင်္ဂဟဘွဲ့သို့ တိုးမြှင့်၍ “နိုင်ငံတော်သမ္မတရုံး၏ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက် နေ့စွဲပါ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)” ဖြင့် ချီးမြှင့်ခံခဲ့ရသည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads