အေဂျင်ပင်လယ်
ဂရိနှင့် အနာတိုလီကျွန်းဆွယ်အကြား မြေထဲပင်လယ်၏ အစိတ်အပိုင်း From Wikipedia, the free encyclopedia
Remove ads
အေဂျင် ပင်လယ် (အဂျီးယန် ပင်လယ်) (ဂရိ Αιγαίο Πέλαγος; အင်္ဂလိပ် Aegean Sea, IPA: /ɪˈdʒiən/) သည် ဥရောပတိုက် အရှေ့ဘက်ရှိ ဂရိ နိုင်ငံနှင့် အာရှတိုက် အနောက်ဘက်ရှိ တူရကီ နိုင်ငံတို့ ကြားတွင် တည်ရှိသည်။ ရှေးခေတ် ဂရိမြို့ပြနိုင်ငံများ ကာလကတည်းက ဂရိအချင်းချင်းသော်လည်းကောင်း၊ ဂရိတို့ နှင့် အရှေ့ဘက် အာရှတိုက်မှ ဖိုနီးရှန်းများ၊ အာရပ်များနှင့်လည်းကောင်း ကုန်သွယ်မှုနှင့် စစ်ရေးတို့တွင် အလွန်အရေးပါလှခဲ့သော ပင်လယ်ဖြစ်သည်။
မြေထဲပင်လယ်၏ ပင်လယ်ကွေ့၊ သို့မဟုတ် လက်တက်ဖြစ်၏။ ယင်းသည် အနောက်ဘက်နှင့် မြောက်ဘက်တို့၌ ဂရိနိုင်ငံ၊ အရှေ့ဘက်၌ အာရှမိုင်းနားနှင့် တောင်ဘက်၌ ကရိကျွန်းတို့၏ အကြားတွင် တည်ရှိသည်။ အီးဂျီးယန်းပင်လယ်သည် မိုင် ၄ဝ၁ ခန့် ရှည်လျား၍၊ အကျယ်ဆုံး နေရာတွင် ၁၇၅ မိုင် ရှိ၏။ အရှေ့မြောက်ဘက်တွင် မာမာရာပင်လယ်နှင့် ဒါးဒနဲ ရေလက်ကြားအားဖြင့် ဆက်လက် ရှိသည်။
အီးဂျီးယန်းပင်လယ်အတွင်း ကျွန်းများ ပေါများလှရကား သင်္ဘောများသည် ယင်းတို့ကို ရှောင်တိမ်း ကူးသန်းသွားလာရ သည့်အတွက် အတန်အန္တရာယ် ထူပြော၏။ ထိုကျွန်းအများအပြားသည် မီးတောင်များကြောင့် ပေါ်ထွန်းလာသော ကျွန်းများဖြစ်၏။ အချို့ကျွန်းများသည် ဂရိပုံပြင်နှင့် သမိုင်းတို့တွင် ထင်ရှား၏။ ဥရောပတိုက် ယဉ်ကျေးမှု စတင်ပေါက်ဖွားရာ ဒေသလည်း ဖြစ်၏။
အရေးပါသောကျွန်းများတွင် ကရိကျွန်း၊ ဒိုဒီကန်နီးကျွန်းများ၊ ဒဲလောကျွန်း၊ ဆေးမော့ကျွန်း၊ လက်စဗော့ ကျွန်း၊ လင့်မနော့ကျွန်း၊ ပတ်တမော့ကျွန်းနှင့် ရုတ်ကျွန်းတို့ ပါဝင်၏။
ဒိုဒီကန်နီး ကျွန်းများကို ဒုတိယကမ္ဘာ စစ်အပြီးတွင် ဂရိနိုင်ငံက ပိုင်ဆိုင်လာခဲ့၏။ ၁ဝဝ၄ စတုရန်း မိုင် ကျယ်ဝန်း၍ လူဦးရေ ၁၂၃ဝ၂၁ ခန့်နေထိုင်သည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads