အေရယ်ပင်လယ်
From Wikipedia, the free encyclopedia
Remove ads
အေရယ်ပင်လယ်သည် ကာဇက်စတန်နိုင်ငံတွင်တည်ရှိ၍ အာရှတိုက်၌ ကက်စပီယန်ပင်လယ်မှလွဲလျှင် အကြီးဆုံး ကုန်းတွင်းပင်လယ်ဖြစ်သည်။ ကက်စပီယန်ပင်လယ် အရှေ့ဘက် ၁၇၅ မိုင်ခန့်ကွာဝေးသည်။ အေရယ်ပင်လယ်သည် အလျားမိုင် ၂၃ဝ၊ အနံ ၁၇၅ မိုင်ရှိ၍ စတုရန်းမိုင် ၂၆,၁၆၆ ခန့်ကျယ်ဝန်းသည်။ ရှေးအခါက ထိုကုန်းတွင်းပင်လယ်သည် ယခုထက် ပိုမိုကျယ်ဝန်း၍ ကက်စပီယန်ပင်လယ်နှင့် ဆက်လျက်ရှိသည်ဟု ပထဝီဝင်ဆရာတို့က ယူဆကြသည်။ အမူး(ဒါးယား) မြစ်နှင့် ဆီးရဒါးယားမြစ် နှစ်သွယ်သည် အေရယ်ပင်လယ်ထဲသို့ စီးဝင်သည်။

ပင်လယ်တွင်းရှိရေသည် အနည်းငယ်ငန်သော်လည်း စတားဂျင်ငါးကဲ့သို့သော ရေချိုငါးများနေသည်။ ထိုပင်လယ်ကမ်းခြေတစ်လျှောက်တွင် ကျောက်တောင်ကုန်းများ၊ စိမ့်မြေရပ်နှင့် စတက်လွင်ပြင်များရှိခြင်းကြောင့် လူနေအိမ်ခြေမရှိသလောက် နည်းသည်။ ပင်လယ်ရေသည် တိမ်သော်လည်း မုန်တိုင်းကျ ရောက်လေ့ ရှိတတ်သဖြင့် လှေသင်္ဘောများသွားလာရန်အတွက် မသင့်တော်ချေ။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads