အောင်စိုးမြင့်

မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia

အောင်စိုးမြင့်
Remove ads

ဦးအောင်စိုးမြင့် သည် တောင်ငူမြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ နိုင်ငံရေး သမားနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦး ဖြစ်သည်။[] ဦးအောင်စိုးမြင့်သည်၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် ၆၈% (၂၁,၃၆၉ မဲ) ဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် အနိုင်ရရှိခဲ့ဖူးသည်။[]

အချက်တိုများ ဦး အောင်စိုးမြင့်, ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ...

ဦအောင်စိုးမြင့်သည် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ၁၉၇၅ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။[] ၈၈၈၈ အရေးအခင်း တွင် တောင်ငူခရိုင် ပြည်သူ့လွတ်မြောက်ရေး မဟာမိတ်အဖွဲ့တွင် ဗဟိုတိုက်ခိုက်ရေးကော်မတီဝင်အဖြစ်ဖြင့် နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။[]

၂၀၀၃ ခုနှစ်တွင် ၈၈၈၈ အရေးအခင်း ၁၅ နှစ်ပြည့် အခမ်းအနားပြုလုပ်ရန် ဦးဆောင်ခဲ့မှုကြောင့်[] လိုင်စင်မဲ့ဆိုင်ကယ် ပိုင်ဆိုင်မှုကို အကြောင်းပြကာ ၃၁ ဩဂုတ် ၂၀၀၃ မှ ၂၃ စက်တင်ဘာ ၂၀၀၈ အထိ သရက်အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည်။[][] ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် မြန်မာနိုင်ငံ အစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် အကျဉ်းသာ ၉,၀၀၂ ဦးကို လွှတ်ပေးခဲ့ရာတွင် ပါဝင်လာခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads