အေးချမ်းမိုး
From Wikipedia, the free encyclopedia
Remove ads
အေးချမ်းမိုးသည် အစီအစဉ်တင်ဆက်သူ အခမ်းအနားမှူး နှင့် မော်ဒယ်လ်တစ်ဦး ဖြစ်သည်။ ၂၀၁၈ခုနှစ်တွင် ကျင်းပခဲ့သော အကယ်ဒမီပေးပွဲတွင် အခမ်းအနားမှူးတစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။
ဤဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုရန် လိုအပ်နေသေးသည်။
|
Remove ads
ငယ်ဘဝနှင့်ပညာရေး
အေးချမ်းမိုးအား ၁၉၉၃ ခုနှစ် ဇူလိုင်လ ၂၈ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ မိဘများမှာ ဦးမောင်မောင်စိန်နှင့် ဒေါ်သန်းသန်းဌေးတို့ဖြစ်သည်။ မွေးချင်း(၂)ယောက်အနက် အငယ်ဆုံးဖြစ်သည်။ အေးချမ်းမိုးသည် ငယ်စဉ်ကတည်းက အနုပညာ ဝါသနာပါသူဖြစ်ပြီး မူကြိုအရွယ်မှစ၍ သကြန်အကများတွင် ပါဝင်ခဲ့သူတစ်ယောက်ဖြစ်သည်။ မူလတန်းအရွယ်တွင် ဆရာမတင်မိုးလွင်မှ မော်ဒယ်လ်အနေနှင့် စလုပ်ရန် ညွှန်ပြပေးသဖြင့် ငါးတန်းကျောင်းသူအရွယ်တွင် ကလေးသရုပ်ဆောင်အနေနှင့် မေမေ့ပုခက်လွဲ သီချင်းမှာ ပါဝင်ခဲ့သောသူတစ်ယောက်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အထက(၂)ဒဂုံမြို့နယ်မှ ဘာသာစုံဂုဏ်ထူးဖြင့်အောင်မြင်ခဲ့သည်။ တက္ကသိုလ်ဝင်ခွင့်အောင်မြင်ပြီးနောက် ၂၀၀၉ ခုနှစ်တွင် Talents and Models Agencyတွင် တက်ရောက်ခဲ့သည်။ မော်ဒယ်လ်ရှိုးများ စလျှောက်ပြီး အမ်တီဗွီများ ရိုက်ကူးခဲ့သည်။ Miss ပြိုင်ပွဲများစွာတွင်လည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သူ တစ်ဦး ဖြစ်သည်။၂၀၁၇ ခုနှစ်တွင် ဆေးတက္ကသိုလ်(၁) ရန်ကုန်မှဘွဲ့ရရှိခဲ့သည်။
Remove ads
အလုပ်အကိုင်
မော်ဒယ်လ်
အေးချမ်းမိုးသည် ဆရာမတင်မိုးလွင်ရဲ့တပည့်တဦးဖြစ်ပြီး သင်တန်းပြီးဆုံးချိန်တွင် 2009 ခုနစ်မှစ၍ ပြည်တွင်း ပြည်ပ မော်ဒယ်လ်ပြိုင်ပွဲများစွာကို ဝင်ပြိုင်ခဲ့သူဖြစ်သည် နောက်ဆုံးပြိုင်ပွဲမှာ ဗီယမ်နမ်နိုင်ငံ၌ကျင်းပသော Miss Grand International ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သည်။ အေးချမ်းမိုးယှဉ်ပြိုင်ခဲ့တဲ့ပွဲတွေကတော့ Miss Grand Myanmar 2017,Miss Universe Myanmar 2013(1st runner up),Miss Taw Win 2012,Miss Myanmar international 2012 (2nd runner up),Miss Lily 2012(1st runner up),Best body award for Miss people 2012, Miss Talent award for Miss Yuzana Plaza 2011,Miss beautiful footstep 2010,Best Body Beauty award for Miss La Pyae Wun 2010, Stylist Star Winner 2010, Miss style award for Miss Giffarine 2010, Miss Smart 2009 (1st runner up)စသည့်ဆုများလဲရရှိခဲ့သည်။[၁][၂]
အစီစဉ်တင်ဆက်သူ
အေးချမ်းမိုးသည် presenterအဖြစ်လုပ်ကိုင်ရာတွင်လည်း အောင်မြင်မှုများ ရရှိခဲ့သည်။ သူသည်ဆရာဝန်တစ်ဦးလည်း ဖြစ်သဖြင့် ကျန်းမာရေးအသိပညာများကိုလည်း တစ်ခါတစ်ရံ ပြည်သူများအား ပြန်လည်မျှဝေလေ့ရှိသည်။ ထို့အပြင် MWD channelမှ တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်လျက် ရှိသည့် Health Talk အစီအစဉ်တွင် အဓိကတင်ဆက်သူ အဖြစ်ဆောင်ရွက်နေသည်။ ဒါအပြင် MWD Documentary channel မှထုတ်လွှင့်လျက် ရှိသော Hello Ladies program မှာလဲhostအဖြစ် ဆောင်ရွက်နေသည်။ [၃][၄] Fortune TV channel မှ တနင်္ဂနွေနေ့တိုင်းထုတ်လွှင့်သည့် ကျန်းမာရေးအမေးအဖြေ ဂိမ်းအစီအစဉ်တစ်ခုဖြစ်သော (ဒေါင်ဒေါင်မြည်ဖို့ ကျန်းမာစို့)အစီအစဉ်တွင်လည်း အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်လျက် ရှိသည်။ ထို့ပြင် အခမ်းအနားပေါင်းများစွာတွင်လည်း အခမ်းအနားမှူးအဖြစ် လုပ်ကိုင်ခဲ့သည်။[လင့်ခ်သေ][လင့်ခ်သေ] [လင့်ခ်သေ]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads