အေးအေးသင်း
မြန်မာရုပ်ရှင်သရုပ်ဆောင်နှင့် အဆိုတော် From Wikipedia, the free encyclopedia
Remove ads
အေးအေးသင်းသည် မြန်မာအမျိုးသမီး တေးသံရှင်၊ ရုပ်ရှင်သရုပ်ဆောင် တစ်ဦး ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၀၇-ခု၊ တော်သလင်းလဆုတ်(၂)ရက်၊ တနင်္ဂနွေနေ့တွင် မှော်ဘီ၌ မွေးဖွားသည်။ အဖ ဦးဘိုးဝေ(အဖ အမည် = ဦးသန်း ဟု၊ မောင်ယဉ်ကျော် ၏ ရုပ်ရှင်မင်းသားမင်းသမီးများ အကြောင်းစုံများ၁၉၈၇တွင် ပြဆိုသည်။) အမိ ဒေါ်မြခင်တို့၏ သားသမီး သုံးယောက်အနက် အလတ်ဖြစ်၍ အမည်ရင်းမှာ မအေးရီ ဖြစ်သည်။
ငယ်စဉ်ကပင် စာရေးခြင်း၊ သီချင်းဆိုခြင်း၊ ရုပ်ရှင်ကြည့်ခြင်းတို့ကို အထူးဝါသနာပါခဲ့ပြီး ပထမဦးဆုံး အသက် ၁၇ နှစ်အရွယ်တွင် တေးသံရှင် စဖြစ်သည်။ သူ၏ ဦးစွာသော တေးမှာ "သွေးနဲ့ရေးသော မှတ်တမ်း" ဖြစ်၏။ ဆန်းသစ်ဦး ဝိုင်းနှင့် ရန်ကုန် ရဲဆန်းသစ် ဝိုင်းတို့မှ ဖြစ်သည်။ ဆရာ ဂီတာသိန်းစိုး၊ တွံတေးသိန်းတန်၊ ပုသိမ်စိမ်းသူ၊ သံလျင် စိုးသိန်းတို့၏ တပည့်ဖြစ်၍ စန္ဒရားဟန်ဝင်း အဖွဲ့မှာလည်း သီဆိုဘူးလေသည်။
၎င်း၏ တေးသီချင်းများမှာ အမုန်းခံမလေးရဲ့ ဆန္ဒမွန်၊ ကိုမင်္ဂလာ၊ ဆင်းရနံ့ကြိုင်တဲ့ မြိုင်၊ မုန်းလင်္ကာစေ၊ မယ်နှင်းတို့ အလှူ၊ မာလာလေးများက လှိုင်၊ သံသာတေး၊ မုသားမောင်ကြီးသခင်၊ လှောင်၊ ကမ္ဘာစစ်ကြီး တားဆီးရေးတေးသံ၊ တောင်သူလယ်သမားမော်ကွန်းဝင်၊ ဘိတ်သိတ်မင်္ဂလာ၊ ပညာရေးသမီးငယ်မို့ပါရှင် စသော ဓာတ်ပြားရ သီချင်းများကို သီဆိုခဲ့သည်။
ထို့နောက် ဂီတလောကမှ ရုပ်ရှင်လောကသို့ ကူးပြောင်းလာခဲ့သည်။ အေးအေးသင်းသည် ၁၉၇၁ ခုနှစ်တွင် မာယာထောင်ချောက် ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု၊ ၁၉၇၃ ခုနှစ်တွင် ဇာခန်းဆီး နောက်ကွယ်မှာ ရုပ်ရှင်ဇာတ်ကားဖြင့် အမျိုးသမီးဇာတ်ပို့ဆု အကယ်ဒမီ နှစ်ဆု ဆွတ်ခူးခဲ့သူ ဖြစ်သည်။
ဆောင်းအိပ်မက်၊ မပြန်ပါနဲ့ချစ်လိပ်ပြာ၊ နှမမယ်ထွေးငယ်ပါသေး အစရှိသော ရုပ်ရှင်ဇာတ်ကားများတွင် ကျရာဇာတ်ရုပ်များကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သလို အသံဇာတ်လမ်းတစ်ခေတ်တွင် သူမပါဝင်ခဲ့သောဇာတ်လမ်းများမှာ ကျော်ကြားလှပေသည်။
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads