အဲန်လူမျိုး

From Wikipedia, the free encyclopedia

Remove ads

အဲန် ‌(ခေါ် ) အင်လူမျိုးများသည် မြန်မာတိုင်းရင်းသား ၁၃၅ မျိုးတွင်ပါဝင်သည်။ အဲန်လူမျိုးများသည် ရှမ်းလူမျိုးစုကြီး ၃၂ မျိုး အနက် ပါဝင်သည့် ပျောက်ကွယ်လုနီးပါးဖြစ်နေသော လူမျိုးစုတစ်စုဖြစ်သည်။

အချက်တိုများ လူဦးရေ စုစုပေါင်း, အများစု နေထိုင်သည့် နေရာ ...
Remove ads

နေထိုင်ရာဒေသ

အဲန်လူမျိုးများသည် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရှိ ကျိုင်းတုံမြို့နယ်မိုင်းခတ်မြို့နယ်မိုင်းဖြတ်မြို့နယ်တို့တွင် အများဆုံးနေထိုင်ကြပြီး အခြားလူမျိုးစုများနှင့် ရောနှောနေထိုင်လေ့မရှိဘဲ တောင်ကုန်းတောင်စောင်းများတွင် ရွာတည်ကာ နေထိုင်သော လူမျိုးစုဖြစ်သည်။ အဲန်လူမျိုးများသည် တောင်ယာစပါးစိုက်ပျိုးခြင်း၊ သီးနှံစိုက်ပျိုးခြင်း နှင့် အမဲလိုက် ခြင်းများပြုလုပ်ကြသည်။ အဲန်လူမျိုးများ နေထိုင်သည့် ရွာစုစုပေါင်း ၄၀ ရှိ ၂၀၁၇ ခုနှစ် လူဦးရေစာရင်းအရ လူဦးရေ ၃၆၀၀ နီးပါးခန့်ရှိသည်။

Remove ads

ယဉ်ကျေးမှု့

အဲန်လူမျိုးများသည် အနက်ရောင်ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်ပြီးဝတ်ဆင်ကြသည်။ အဲန်လူမျိုးများသည် သွားမည်းမှလှသည့်ဟု ယူဆကြပြီးသူတို့၏ သွားများကို မည်းအောင်မိုက်ကော်သစ်ပင်မှ အခေါက်ကို အဆီရရှိအောင် မှိုင်းတိုက်ပြီး သူတို့ရဲ့အသက် ၁၂ ၊ ၁၃ နှစ် အရွယ်မှာကတည်းက စတင်သုတ်လိမ်းကြပြီး သစ်ရွက်ခြောက်၊ ဆေးနီသစ်ခေါက်ကို အခွံခွာ၍ ကွမ်းယာကဲ့သို့ အမြဲတစ်စေဝါးလေ့ရှိသည်။ အမျိုးသား အမျိုးသမီးအားလုံးသည် နားပေါက်ဖောက်ကြပြီး သူတို့၏ရိုးရာပွဲနေ့များတွင် ပန်းများပန်ကြပြီး ငွေလက်ကောက် ဝတ်ဆင်လေ့ရှိသော်လည်း ဖိနပ်စီးလေ့မရှိပေ။[][]

Remove ads

ဘာသာစကား

အဲန်လူမျိုးများသည် အဲန်ကိုယ်ပိုင်ဘာသာစကားနဲ့ ရှမ်းဘာသာစကားကို အဓိကပြောဆိုကြသည်။ အဲန်းလူမျိုးများအနက် ဗုဒ္ဓဘာသာကိုးကွယ်ကြသောသူများသည် ဂုံရှမ်းစာပေကိုအသုံးပြုကြပြီး ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြ‌သောသူများသည် ဝ စာပေကို အသုံးပြုကြသည်။ ယခုလက်ရှိတွင် ‘ဝ’ဗျည်းအက္ခရာကို အသုံးပြုပြီး အဲန်ဘာသာစာပေ အဖြစ် အသုံးပြုလျက်ရှိသည်။


ယုံကြည်ကိုးကွယ်မှု့

အဲန်လူမျိုးများသည်မိရိုးဖလာ နတ်ကိုးကွယ်ကြပြီး ဗုဒ္ဓဘာသာ ၊ ခရစ်ဘာသာ အပြင် တောစောင့်နတ်၊ တောင်စောင့်နတ်နှင့် သေဆုံးသွားသော ဘိုးဘေးနတ်များကို ကိုးကွယ်ယုံကြည်ကြသည်။ ရိုးရာနတ်ပွဲကိုလည်း ဆောင်းအကုန် နွေအကူးကာလတွင် အမဲလိုက်ကြပြီး ရရှိလာသောသားကောင်ဖြင့် ပူဇော်ပွဲပြုလုပ်ကြသည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads