အဲရစ် (ဂြိုဟ်သိမ်ဂြိုဟ်မွှား)
နေအဖွဲ့အစည်းရှိ ဂြိုဟ်သိမ်ဂြိုဟ်မွှား From Wikipedia, the free encyclopedia
Remove ads
အဲရစ် (အင်္ဂလိပ်:136199 Eris ယခင်အခေါ်အဝေါ် "2003 UB 313"; သင်္ကေတ:
)[၁၆] သည် နေအဖွဲ့အစည်းအတွင်းတွင် ရှိပြီး နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းအပြင်ဘက်မှ သွားလာနေသော (trans-Neptunian object or TNO) ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဖြစ်သည်။ အဲရစ်သည် ယခုအထိရှာဖွေတွေ့ရှိသမျှသော ဂြိုဟ်သိမ်ဂြိုဟ်မွှားများတွင် အကြီးဆုံးဖြစ်ပြီး ပလူတိုဂြိုဟ်ထက်ပင် ကြီးမားသည်။ အဲရစ်ကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၅ ရက်တွင် မိုက်ကယ်အီးဘရောင်း (Michael E. Brown)၊ ချဒ်ထရူဂျေလို (Chad Trujillo) နှင့် ဒေးဗစ်ရာဗင်နိုဝစ် (David Rabinowitz) တို့မှ ရှာဖွေတွေ့ရှိခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် နေအဖွဲ့အစည်း၏ ပြင်ပသို့ ရိုက်ကူးထားသော ပုံအဟောင်းများကို သေချာစွာကြည့်ရှုရင်းမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရှာဖွေတွေ့ရှိပြီးသော အချိန်တွင် အဲရစ်အား ဇီနာ(Xena)ဟုသာ တရားဝင်မဟုတ်သော အမည်နှင့် ညွှန်းဆိုခေါ်ဝေါ်ကြသည်။ တယ်လီဗီးရှင်း ဇာတ်လမ်းတွဲ စစ်မင်းသား ဇီနာ (Xena: Warrior Princess) မှ အဓိကဇာတ်ကောင်၏ အမည်ကိုပေးခြင်းဖြစ်သည်။ ထို့နောက် ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၃ ရက်တွင် ဂရိဒဏ္ဍာရီမှ နတ်ဘုရား၏အမည်ကို ယူ၍ အဲရစ်ဟု တရားဝင်အမည်ပေးခဲ့သည်။
အဲရစ်တွင် ဒစ်စ်နိုမီယာ (Dysnomia) အမည်ရှိသော ဂြိုဟ်ရံလ ၁စင်းရှိပြီး ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၀ ရက်တွင် ရှာဖွေတွေ့ရှိခဲ့သည်။ ဒစ်စ်နိုမီယာတွင် ဂါဘရီယယ် (Gabrielle) ဟူသော နာမည်ပြောင်တစ်ခုရှိပြီး ဇီနာဇာတ်လမ်းတွဲထဲမှ အခြားဇာတ်ကောင်တစ်ကောင်၏ အမည်ဖြစ်သည်။ ဒစ်နိုမီယာ ဆိုသော အမည်မှာ ဂရိဒဏ္ဍာရီထဲမှ အဲရစ်၏ သမီးတော်၏အမည်ဖြစ်သည်။ အဲရစ်နှင့် ဒစ်စ်နိုမီယာကို ဇီနာနှင့် ဂါဘရီယယ် ဟူ၍ အမည်မပေးနိုင်သည့် အကြောင်းမှာ နက်ပကျွန်းဂြိုဟ်၏ ပတ်လမ်းကြောင်းအပြင်ဘက်တွင် လှည့်ပတ်နေသမျှသော အရာဝတ္ထုတို့ကို ဖန်တီးမှုဒဏ္ဍာရီနှင့် သက်ဆိုင်သော အမည်ပေးရမည် ဟူသည့် ဥပဒေသရှိသောကြောင့်ဖြစ်သည်။
အစကနဦး သတင်းများတွင် အဲရစ်အား ၁၀ ခုမြောက်ဂြိုဟ်အဖြစ် တင်ပြကြပြီး နာဆာ(NASA) မှ အချို့သော နက္ခတ္တဗေဒပညာရှင်နှင့် သိပ္ပံပညာရှင်တို့က ထိအယူအဆကို ထောက်ခံကြသည်။ အဘယ်ကြောင့်ဆိုသော်အဲရစ်သည် ပလူတိုထက်ပို၍ကြီးသောကြောင့် ဖြစ်သည်။ သို့သော်လည်း အဲရစ်ကို မည်သည့်အခါကမှ ဂြိုဟ်အဖြစ် တရားဝင်သတ်မှတ်ခြင်းမရှိခဲ့ပေ။ ၂၀၀၆ ခုနှစ် ဩဂုတ်လတွင် ဂြိုဟ်ဟူသော ဝေါဟာရကို ပြန်လည်သတ်မှတ် ပြီးသည့် အချိန်တွင် အဲရစ်အား ဂြိုဟ်သိမ်ဂြိုဟ်မွှား အမျိုးအစား အသစ်တွင် ထည့်သွင်းခဲ့သည်။
ယနေ့တွင် သိပ္ပံပညာရှင်တို့သည် အဲရစ်နှင့် သူ၏ ဂြိုဟ်ရံလ ဒီဆနိုးမီးယားတို့၏ အကြောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး လများ သို့မဟုတ် ခါးပတ်များ ဆက်လက်ရှိမရှိကိုလည်း ရှာဖွေနေကြသည်။


အဲရစ်သည် ပြန့်ကျဲအချပ်ပြား အရာဝတ္ထု ဖြစ်ပါတယ် ၎င်းအား နေစင်္ကြာဝဠာရဲ့ ကျူးပါး ခါးပတ် ပတ်ဝန်းကျင်နှင့် ပလူတို ဂြိုဟ်ပတ်လမ်းကြောင်းရဲ့အလွန်မှာ တည်ရှိပါတယ်။ ဒါကို "ပလူတွန်" လို့လည်း ခေါ်ပါသေးတယ် ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ အရွယ်အစား ဂြိုဟ်ပတ်လမ်းကြောင်းနဲ့ တည်နေရာဟာ ပလူတိုနဲ့ ဆင်တူနေတာမို့ကြောင့်ပါပဲ။
အဲရစ်ဂြိုဟ်သိမ်ဟာ နေကို ကမ္ဘာနှစ် (၅၅၇) နှစ်လျင် တစ်ပတ်နှုန်းနဲ့ လှည့်ပတ်ပါတယ်။ ယနေ့အချိန်မှာတော့ နေမင်းနဲ့ အဝေးဆုံးအနေအထားမှာ တည်ရှိနေပါတယ်။ ၎င်းဟာ ဘဲဥပုံ ဂြိုဟ်ပတ်လမ်းကြောင်း ဖြစ်ပါတယ် ဆိုလိုတာကတော့ စက်ဝိုင်းပုံပတ်လမ်း မဟုတ်ပါဘူး။ ၎င်းဟာ ထောင့် ၄၄ ဒီဂရီ တိမ်းစောင်းပါတယ်။ အဲရစ်ဟာ အချင်းအားဖြင့် ကီလိုမီတာ (၂၄၀၀) ရှိပြီး ပလူတိုထက် နည်းနည်းလေး ကြီးပါတယ်။
Remove ads
အခြားကြည့်ရန်
မှတ်စု
- Images were taken on October 21, 2003; the object was not detected and identified until 2005.
- Calculated from the mean radius
- Calculated by dividing the listed mass by the listed volume
- Calculated based on the known parameters
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
