အ.ထ.က(၄)အလုံ

From Wikipedia, the free encyclopedia

အ.ထ.က(၄)အလုံ
Remove ads

အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်း အလုံမြို့နယ် (ရှေးအခေါ်အဝေါ် = ကူရှင်ကျောင်း) [] သည် ၅၇၊ အောက်ကြည့်မြင်တိုင်လမ်း၊ အလုံမြို့နယ်ရန်ကုန်မြို့တွင် တည်ရှိသည်။ ဤကျောင်းတွင် သူငယ်တန်းမှ ဒသမတန်း အထိ ပညာသင်ကြားနိုင်သည်။

Thumb
အ.ထ.က ၄ အလုံ (ကူရှင်ကျောင်း)
Thumb
ကျောင်းတံဆိပ်
အချက်တိုများ

သမိုင်းကြောင်း

အလုံကူရှင်ကျောင်း(ယခု အလုံ အထက ၄)သည် ကိုလိုနီခေတ်ဦးကလက ထင်ရှားသော စာသင်ကျောင်း တကျောင်း ဖြစ်သည်။ ကူရှင်ကျောင်းကို အမေရိကန် နှစ်ခြင်းခရစ်ယာန် သာသနာပြုအဖွဲ့က ၂၈ မေ ၁၈၇၂ တွင် ယူနိုက်တက် ခရစ်ယာန် အထက်တန်းကျောင်း (United Christian High School) အဖြစ် စထောင်စဉ် ကျောင်းသား ၁၇ ဦးသာ ရှိသည်။ ၁၈၉၄ တွင် ကာလကတ္တားတက္ကသိုလ်၏ ဥပစာတန်း စာမေးပွဲအတွက် စတင် သင်ကြားပေးရာ ဘက်ပ်တစ် ကောလိပ်ဟု အမည်တွင်ခဲ့ပြီး‌နောက် ၁၉၀၉ တွင် ဘီအေတန်း တိုးမြှင့်သည်။ ယင်းကျောင်းကို ကျောင်းအုပ်ဆရာကြီး Mr.J.N Cushing)(၁၈၉၄-၁၉၀၆)ကို အစွဲပြု၍ ကူရှင် အထက်တန်းကျောင်းဟုလည်း ခေါ်သည်။[][]

Remove ads

ကျောင်းသားကျောင်းသူဟောင်းများ

ထင်ရှားသော ကျောင်းသားကျောင်းသူဟောင်းများအနက် မင်းသားကြီးဦးကျော်ဟိန်း (ဦးဇင်းဦးကိတ္တိသာရ) သည် အလုံ ကူရှင်ကျောင်းတွင် ဆဋ္ဌမတန်းမှ နဝမတန်းအထိ ပညာသင်ကြားခဲ့သည်။[] စာရေးဆရာ ဦးခင်ဝမ်းသည် အထက (၄) အလုံ၌ ၁၉၆၂ ခုနှစ်၊ (၉) တန်းတွင် ပညာသင်ခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads