အလုံမြို့နယ်
ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် From Wikipedia, the free encyclopedia
Remove ads
အလုံမြို့နယ်သည် ရန်ကုန်မြို့၏ အနောက်ဘက်ခြမ်း၊ အလုံခရိုင် အတွင်းတွင် တည်ရှိသည်။ စုစုပေါင်း ရပ်ကွက် ၁၁ ခုဖြင့် ဖွဲ့စည်းထားသည်။ မြောက်ဘက်တွင် စမ်းချောင်းမြို့နယ် နှင့် ကြည့်မြင်တိုင်မြို့နယ် အနောက်ဘက်တွင် ရန်ကုန်မြစ် အရှေ့ဘက်တွင် ဒဂုံမြို့နယ် နှင့် တောင်ဘက်တွင် လမ်းမတော်မြို့နယ်တို့ တည်ရှိသည်။ အစိုးရ မူလတန်းကျောင်း၆ ကျောင်း အလယ်တန်းကျောင်း ၁ ကျောင်း နှင့် အထက်တန်းကျောင်း ၇ ကျောင်း ရှိသည်။
ကွင်းကျောင်း၊ အောင်မင်္ဂလာ၊ ဇောတနာရာမကဲ့သို့ နာမည်ကျော် စာသင်တိုက်ကြီးများ အပါအဝင် စာသင်တိုက် (၈) ကျောင်းရှိသည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၇) ကျောင်း၊ ဗလီကျောင်း (၂) ကျောင်းနှင့် ဟိန္ဒူဘုရားကျောင်း (၃) ကျောင်း ရှိသည်။
အလုံမြို့နယ်ထဲတွင် သခင်မြပန်းခြံ၊ သဘာဝဓာတ်ငွေ့ဓာတ်အားပေးစက်ရုံ၊ အလုံသင်္ဘောကျင်း၊ အလုံသစ်တောဝင်း၊ ကရင်လူမျိုးများ အများစု နေထိုင်သည့် ကရင်ခြံရပ်ကွက်နှင့် ယခင်က ရှိခဲ့သော အလုံအမှိုက်ပုံတို့သည် လူသိများ ထင်ရှားသည်။ ထို့အပြင် အလုံမြို့နယ်သည် ယခင်က လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရုံးစိုက်ရာမြို့နယ် ဖြစ်ခဲ့သည်။ ယနေ့တိုင် မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၏ ဌာနများ အလုံမြို့နယ်တွင် တည်ရှိနေသည်။
ရန်ကုန်မြစ်၏ အရှေ့ဘက်တွင် တည်ရှိပြီး အေးရှားဝေါ ဆိပ်ကမ်း နှင့် မြန်မာ့စက်မှု ဆိပ်ကမ်း စသည့်ဆိပ်ကမ်းများ တည်ရှိသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads