ဥပပဇ္ဇဝေဒနီယကံ

From Wikipedia, the free encyclopedia

ဥပပဇ္ဇဝေဒနီယကံ
Remove ads

ဥပပဇ္ဇဝေဒနီယကံ_ ကုသိုလ်, အကုသိုလ် သတ္တမဇောစေတနာသည် ဥပပဇ္ဇဝေဒနီယကံမည်၏။ [] ကုသိုလ်ဘက်၌ သမာပတ် ၈-ပါး အကုသိုလ်ဘက်၌ ပဉ္စာနန္တရိယကံများသည် ဥပပဇ္ဇဝေဒနီယကံ မည်၏။ []

ဤသတ္တမဇောစေတနာသည် ဆဋ္ဌဇော၏ အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုမှုကို ခံရသောကြောင့် ပဌမဇော စေတနာထက် အတော်အတန် အားကောင်းသည် အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုခံရသည်ဟုဆိုသော်လည်း ထက်မြက်သော အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုခံရသည်မဟုတ်၊ အရှိန် အဟုန် ကုန်စဲခါနီးဖြစ်၍ နုံ့သောဆဋ္ဌဇော၏ အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုမှုကိုသာ ခံရ၍ အလွန်ကြီး အားမကောင်းလှ၊ ထို့ကြောင့် အလယ်ဇောစေတနာများကဲ့သို့ ဒုတိယဘဝကို ကျော်လွန်၍ တတိယဘဝ စသည်၌ အကျိုးမပေးနိုင်၊ ဒုတိယဘဝ၌သာ ပဋိသန္ဓေ ပဝတ္တိအကျိုးကို ပေးရသည်။ []

[]၌ ဥပပဇ္ဇဝေဒနီယကံသည် ပဋိသန္ဓေအကျိုးကို ပေးပြီးမှ ပဝတ္တိအကျိုးကို ပေးနိုင်သည်၊ ပဋိသန္ဓေအကျိုး မပေးသော် ပဝတ္တိအကျိုးကို မပေးနိုင်ဟု ဆို၏၊ သို့သော် စန္ဒေယျဇာတ်၌ အလောင်းတော် စမ္မေယျနဂါးမင်းသည် ရှေးဘဝက နဂါးမင်းစည်းစိမ်ကို တောင့်တ၍ ဒါန သီလစသော ကုသိုလ် အမှုများကို ပြုလုပ်ခဲ့၏၊ ထိုကုသိုလ်များကြောင့် နဂါးမင်းစည်းစိမ်ကို ရရှိလာသည်၊ ဤဝတ္ထု၌ ဘုရားလောင်း၏ ဒါန, သီလ ကုသိုလ်များသည် ပဋိသန္ဓေကျိုးကို မပေး ပဝတ္တိအကျိုးမျှကိုသာ ပေးသည်။ [] ဤဥပပဇ္ဇဝေဒနီယကံလည်း ဆန့်ကျင်ဘက်တရားတို့၏ နှောက်ရှက်မှုကို မခံရပါမှ အကြောင်း အထောက်အပံ့အထူးဖြင့် ရအပ်သော အကြောင်းထူးလည်းရှိပါမှ အကျိုး ပေးနိုင်သည်။ [] ဒိဋ္ဌဓမ္မဝေဒနီယကံ-လည်း ကြည့်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads