ဥရုကွေး အမျိုးသား ဘောလုံးအသင်းသည် နိုင်ငံတကာ ဘောလုံးပွဲများတွင် ဥရုကွေးနိုင်ငံကိုယ်စား ပါဝင်ယှဉ်ပြိုင်သည့် လက်ရွေးစင် အသင်းဖြစ်သည်။ ဖီဖာအဖွဲ့ချုပ်၏ စာရင်းအရ ဥရုကွေးအသင်းသည် လက်ရှိ ခြေစွမ်းရည် ကမ္ဘာတွင် နံပါတ် ၁၆ အဆင့်တွင် ရှိသည်။
အချက်တိုများ အမည်ပြောင်, အဖွဲ့ ...
ဥရုဂွေး |
အမည်ပြောင် | Charrúas La Celeste Olímpica (The Olympic Sky Blue) La Celeste (The Sky Blue) |
---|
အဖွဲ့ | Asociación Uruguaya de Fútbol |
---|
မဟာမိတ်အဖွဲ့ | CONMEBOL (South America) |
---|
နည်းပြချုပ် | Oscar Tabarez |
---|
အသင်းခေါင်းဆောင် | Diego Lugano |
---|
Most caps | Rodolfo Rodríguez (79) |
---|
Top scorer | Héctor Scarone (31) |
---|
အိမ်ကွင်း | Estadio Centenario |
---|
ဖီဖာကုဒ် | URU |
---|
FIFA အဆင့် | 16 |
---|
အမြင့်ဆုံး FIFA အဆင့် | 12 (May 1994) |
---|
အနိမ့်ဆုံး FIFA အဆင့် | 56 (December 1998) |
---|
Elo အဆင့် | 14 |
---|
အမြင့်ဆုံး Elo အဆင့် | 1 (various dates 1920-31) |
---|
အနိမ့်ဆုံး Elo အဆင့် | 46 (March 1980) |
---|
|
|
|
ပထမဆုံး နိုင်ငံတကာပွဲ |
---|
ဥရုဂွေး 2 - 3 အာဂျင်တီးနား (Montevideo, Uruguay; 16 May 1901) |
အကြီးအကျယ် အနိုင်ရ |
---|
ဥရုဂွေး 9 - 0 ဘိုလီးဗီးယား (Lima, Peru; 9 November 1927) |
အကြီးအကျယ် ရှုံး |
---|
ဥရုဂွေး 0 - 6 အာဂျင်တီးနား (Montevideo, Uruguay; 20 July 1902) |
ကမ္ဘာ့ဖလား |
---|
မြင်တွေ့ရမှုများ | 11 (First in 1930) |
---|
အကောင်းဆုံးရလဒ် | Winners, 1930 and 1950. |
---|
Copa América |
---|
မြင်တွေ့ရမှုများ | 40 (First in 1916) |
---|
အကောင်းဆုံးရလဒ် | Winners, 1916, 1917, 1920, 1923, 1924, 1926, 1935, 1942, 1956, 1959, 1967, 1983, 1987, 1995. |
---|
Confederations Cup |
---|
မြင်တွေ့ရမှုများ | 1 (First in 1997) |
---|
အကောင်းဆုံးရလဒ် | 4th, 1997 |
---|
ပိတ်ရန်
ဥရုကွေးအသင်းသည် ဖီဖာ ကမ္ဘာ့ဖလားပွဲများတွင် နှစ်ကြိမ်တိုင်တိုင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့သည့် အသင်းဖြစ်သည်။ ပထမအကြိမ်မှာ ဥရုကွေးနိုင်ငံမှ ကမ္ဘာ့ဖလားပွဲ ကြီးမှူးကျင်းပသည့် ၁၉၃၀ ခုနှစ် ဗိုလ်လုပွဲတွင် အာဂျင်တီးနားအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒုတိယအကြိမ်မှာ ၁၉၅၀ ခုနှစ်တွင် ဖြစ်ပြီး ဘရာဇီးအား ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရကာ ဗိုလ်စွဲခဲ့သည်။ ဥရုကွေးအသင်းသည် ကမ္ဘာ့ဖလားပွဲ မပေါ်ပေါက်မီ ၁၉၂၄ နှင့် ၁၉၂၈ ခုနှစ် အိုလံပစ် အားကစားပွဲတော်တွင် ၂ ကြိမ်တိုင်တိုင် ရွှေတံဆိပ်ဆု ဆွတ်ခူးနိုင်ခဲ့သည့် အသင်းဖြစ်သည်။