ယူအေးဖာ
From Wikipedia, the free encyclopedia
Remove ads
ဥရောပ ဘောလုံးအဖွဲ့ချုပ် (အတိုကောက်:UEFA /ယူအေးဖာ/ အင်္ဂလိပ်: The Union of European Football Associations; ပြင်သစ်: Union des Associations Européennes de Football;[မှတ်စု ၁] ဂျာမန်: Vereinigung Europäischer Fußballverbände)[မှတ်စု ၂]) သည် ဘောလုံး၊ ဖူဆယ်ဘောလုံး၊ ကမ်းခြေဘောလုံး အားကစားနည်းများကို ဥရောပတွင် အုပ်ချုပ်သည့် အဖွဲ့အစည်းဖြစ်သည်။ သို့ရာတွင် အချို့သော အသင်းဝင်နိုင်ငံများမှာ မူလအားဖြင့်သော်လည်းကောင်း အလုံးစုံသော်လည်းကောင်း အာရှ၌ပါဝင်ခဲ့ကြသည်။ ဖီဖာ၏ ဘောလုံးအားကစား ကမ္ဘာ့တိုက်ကြီးများ နယ်မြေဒေသကြီး (၆)ခုမှ တစ်ခုဖြစ်သည်။ ယူအေးဖာတွင် အမျိုးသား ဘောလုံးအသင်း (၅၅) နိုင်ငံပါဝင်ကြသည်။
ယူအေးဖာသည် ဥရောပတိုက်ရှိ နိုင်ငံဘောလုံးအသင်းများကို ကိုယ်စားပြု၍ နိုင်ငံ၊ ကလပ် ပြိုင်ပွဲများ : ယူအေးဖာ ဥရောပဖလား ပြိုင်ပွဲ၊ ယူအေးဖာ နိုင်ငံများလိဂ်၊ ယူအေးဖာ ချန်ပီယံလိဂ်၊ ယူအေးဖာ ယူရိုပါလိဂ်၊ ယူအေးဖာ စူပါ ဖလား ကို ကျင်းပပေးသည်။ ထိုပြိုင်ပွဲများရှိ ဆုကြေးငွေ၊ စည်းမျဉ်းများ၊ မီဒီယာ အခွင်းအရေးများကိုလည်း ထိန်းချုပ်စီမံသည်။
Henri Delaunay သည် ပထမဆုံး အထွေထွေအတွင်းရေးမှူးဖြစ်၍ Ebbe Schwartz သည် ပထမဆုံးဥက္ကဋ္ဌဖြစ်သည်။ လက်ရှိဥက္ကဋ္ဌမှာ ဆလိုဗေးနီးယား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်းတစ်ဦးဖြစ်ပြီး ၂၀၁၆ အေသင်မြို့ (၁၂) ကြိမ်မြောက် အထူး ယူအေးဖာညီလာခံ၌ ရွေးချယ်တင်မြှောက်ခြင်းခံရသော သတ္တမမြောက် ဥက္ကဋ္ဌတစ်ဦးဖြစ်သည်။ ဤရာထူးသည် အလိုအလျှောက် ဖီဖာ၏ ဒုတိယ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ထမ်းဆောင်ရသည်။[၃]
Remove ads
မှတ်စု
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads