ဦးနာအောက်ကျောင်း
မွန်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း From Wikipedia, the free encyclopedia
Remove ads
ဦးနာအောက်ကျောင်း (မွန်: ကျာ်နဲာအံက်ကွာန်ကအ်နှာတ်; ဦးနာအောက်သိမ်တော်ကြီးဟုလည်း သိကြ) သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကော့နှတ်ရွာတွင် တည်ရှိသည့် သမိုင်းဝင်ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ဘုန်းတော်ကြီးကျောင်းဝင်းသည် မြန်မာ့ဗိသုကာပညာရပ်များနှင့် နိုင်ငံခြား ဗိသုကာလက်ရာတို့ကို ရောနှောကာတည်ဆောက်ထားသည့်အတွက် လူသိများသည်။ သိမ်အဆောင်တစ်ခုကို ၁၈၈၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ဗိမာန်သုံးခုနှင့် ဘုရားနှစ်ဆူကိုလည်း ၁၉၀၂ ခုနှစ်နှင့် ၁၉၀၄ ခုနှစ်ကြားတွင် တည်ဆောက်ခဲ့သည်။ နှစ်ကျိပ်ရှစ်ဆူဝတ်တန်ဆောင်း သည် မျက်နှာကြက်တွင် ဖန်အပြောက်အမွမ်းခြယ်သထားသည့် ဗိသုကာများ၊ ကနုတ်ပန်းမုခ်ခုံးများ၊ ကျွန်းသားပေါ်တွင် ထွင်းထားသည့် ပန်းပုအပြားအချပ်များကြောင့် ထင်ရှားသည်။ ကျောင်းတော်ရှိ အဆောက်အဦနှစ်ခုတွင် အိန္ဒိယ - ဥရောပနှင့် တရုတ် အနုပညာလက်ရာများကို ထည့်သွင်းတည်ဆောက်ထားသည်။ ထိုအဆောက်အဦနှစ်ခုကို သစ်ထုတ်လုပ်ရေးအကြီးအကဲများဖြစ်သည့် ထော်အိနှင့် ထွန်းကျော်တို့က လှူဒါန်းခဲ့သည်။
ကျောင်းတော်၏ အမည်သည် မွန်လူမျိုး ကျွန်းသစ်ထုတ်လုပ်ရေး လုပ်ငန်းရှင် (၁၈၃၂-၁၉၁၃) ၏ အမည် ဦးနာအောက်ကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။
Remove ads
ကိုးကား
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
