ရဲထွန်း (နိုင်ငံရေးသမား)
From Wikipedia, the free encyclopedia
Remove ads
ရှေ့နေ ဦးရဲထွန်းကို ၁၉၃၇ခုနှစ်တွင် မွေးဖွားခဲ့သည်။ ရှေ့နေချုပ် ဦးချန်ထွန်း၏ အကြီးဆုံး သားဖြစ်သည်။ ပညာရေး ဝန်ကြီးချုပ် ဒေါက်တာဘမော်၏ သမီး ဒေါ်ဥမ္မာမော် နှင့် ထိမ်းမြားလက်ထပ်သည်။ မြို့မ အထက်တန်းကျောင်း တွင် တက်ရောက်ခဲ့သည်။
တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌ ဦးတင်အေး (မြို့မ) စသော ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံတွင် ပါဝင်ခဲ့သော ကျောင်းသား ခေါင်းဆောင်နှင့် ထင်ရှားသော နိုင်ငံရေးသမား ဖြစ်ခဲ့သည်။
၁၉၆၂ မတ်လ(၂)ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင်စီအမည်ခံသည့် အာဏာသိမ်းမှုကို မတ်လ (၄) ရက်တွင် တကသ၊ ရကသ၊ဗကသ တို့က ကန့်ကွက်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။ မြို့မကျောင်းသားများ၊ တက္ကသိုလ်ကျောင်းသားများသည်ကြွေးကြော်သံများ ကြွေးကြော်ကာ လှည့်လည် ဆန္ဒပြရာတွင် ပါဝင်ခဲ့သည်။
၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း၏ ချီတက်ဆန္ဒပြပွဲများ၊ ကန့်ကွက်ဆန္ဒပြပွဲများတွင်လည်းပါဝင်ခဲ့သည်။
၁၉၈၈ ခုနှစ် စက်တင်ဘာလ ၈၈၈၈ အရေးအခင်း ဆန္ဒပြရာတွင် ပါဝင်ခဲ့သည်။
စစ်အစိုးရ၏ အကြိမ်ကြိမ် ဖမ်းဆီးချုပ်နှောင်ထားခြင်းခံခဲ့ရသည်။
ဦးရဲထွန်းသည် ၂၀၁၀ ခုနှစ် မေ ၇ ရက်တွင် ကွယ်လွန်ခဲ့သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads