ဧရာမ ကြယ်နီ

From Wikipedia, the free encyclopedia

ဧရာမ ကြယ်နီ
Remove ads

ဧရာမ ကြယ်နီ (အင်္ဂလိပ်: Red Giant) ဆိုသည်မှာ အလွန်ကြီးမားသောကြယ်အမျိုးအစား ဖြစ်ပြီး နေ၏ တစ်ဝက်မှ ဆယ်ဆလောက်ထိ လေးလံနိုင်သည်။ ဧရာမကြယ်နီ ဟူသော အမည်ကို ပေးရခြင်းမှာ ထိုကြယ်များသည် အနီရောင်ရှိပြီး အလွန်ပင် ကြီးမားသောကြောင့် ဖြစ်သည်။ ဧရာမကြယ်နီ အများအပြားမှာ ကျွန်ုပ်တို့၏ နေကဲ့သို့သော ကြယ်ပေါင်း ထောင်ပေါင်းများစွာကို အထဲတွင် ထည့်သွင်း ထားနိုင်လောက်အောင် ကြီးမားလှပေသည်။ မီရာ၊ အာဒီဘရန်အာကျူးရပ်၊ ဂမ်မာ ခရူးဆစ် စသည်တို့မှာ ဧရာမကြယ်နီ အချို့တို့၏ အမည်များ ဖြစ်သည်။

Thumb
ဘယ်ဘက်ရှိ အဝါရောင် ကြယ်လေးမှာ နေကို ယခု အခြေအနေဖြင့် ပြထားခြင်းဖြစ်သည်။ ညာဘက်ရှိ အလွန်ကြီးမားသော ကြယ်နီမှာ နေသည် ဧရာမကြယ်နီ အဖြစ် ပြောင်းလဲ သွားသည့် အခါတွင် တွေ့ရမည့် ပုံစံ ဖြစ်သည်။

ယခုလက်ရှိ အခြေအနေတွင် ကျွန်ုပ်တို့၏ နေမှာ ပင်မအစီအစဉ်အတွင်းရှိကြယ် အဖြစ် ရှိနေသည်။ သို့သော် ယခုမှစ၍ နှစ်ပေါင်း ၅ ဘီလီယံမျှ ကြာသောအခါတွင် သိပ္ပံပညာရှင်တို့က နေသည် ဧရာမ ကြယ်နီအဖြစ် ပြောင်းလဲသွားမည်ဟု ယူဆကြသည်။ နေသည် ယခုလက်ရှိထက် အဆ ၂၀၀ မျှ ပိုကြီးလာမည် ဖြစ်သည်။ ထို့ကြောင့် နေသည် မာကျူရီဂြိုဟ်ဗီးနပ်စ်ဂြိုဟ် နှင့် ကမ္ဘာတို့ကို ဝါးမျိုပစ်လိမ့်မည်ဟု ယူဆရသည်။ ဤသည်မှာ ကျွန်တော်တို့ နေမင်းကဲ့သို့ G အမျိုးအစားကြယ်တစ်စင်းမှု ဖြစ်ရိုးဖြစ်စဉ်မျှသာ ဖြစ်သည်။ နေမင်း၏ အတွင်းဘက် ဟိုက်ဒရိုဂျင်လောင်စာများ ကုန်ဆုံးသွားပြီး ဟီလီယမ်လောင်စာများ လောင်ကျွမ်းကာ ဒြပ်ဆွဲငင်အားမငြိမ်မသက်မှုကြောင့် ကြယ်နီကြီးအဖြစ် ပြန့်ကားလာမည် ဖြစ်သည်။ ထို့နောက် နေမင်းသည် ကမ္ဘာအရွယ်အစား ကြယ်ဖြူပု (white dwarf) အဖြစ် နောင်နှစ်ပေါင်းများစွာ မှေးမှိန်စွာ ထွန်းလင်းနေလိမ့်မည်ဖြစ်သည်။ နေမင်းသည် ကြယ်နီကြီးအဖြစ် ပြန့်ကားမလာမှီ နှစ်သိန်းပေါင်းများစွာမတိုင်ခင်ကပင် ကမ္ဘာပေါ်မှ သက်ရှိတို့မှန်သမျှ ရှင်သန်ရန် မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် နေမင်းသည် ယခုလက်ရှိထက် ၄ဝ ရာခိုင်နှုန်းခန့် ပိုမိုတောက်ပလာပါက ကမ္ဘာပေါ်မှ ပင်လယ် သမုဒ္ဒရာရေများ ခန်းခြောက်ကုန်မည်ဖြစ်သောကြောင့်ပေတည်း။ ကျွန်တော်တို့လူသားများသည် နောင်အနာဂတ်ကာလတွင် အခြေချနေထိုင်နိုင်မယ့် အခြားသောဂြိုဟ်သစ်များအား ကိုလိုနီချဲ့ရန် လိုအပ်ပါလိမ့်မည်။ လူသိများသည့် တောက်ပသော ကြယ်အများစုသည် ဧရာမ ကြယ်နီများဖြစ်ကြသည်။ အာကျူးရပ်သည် ကမ္ဘာမြေမှ အလင်းနှစ် ၃၆ ကွာဝေးသော ဧရာမ ကြယ်နီတစ်စင်းဖြစ်သည်။

Thumb
(ဘယ်ဘက်မှ ညာဘက်သို့) နေကဲ့သို့ ကြယ်တစ်စင်းမှ ကြယ်နီအဖြစ် ပြောင်းလဲလာပုံ အဆင့်အဆင့်
Remove ads

အခြားကြည့်ရန်

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads