ဧရာဝတီတံတား (ပခုက္ကူ)

မြန်မာပြည်ရှိ အရှည်ဆုံးတံတား From Wikipedia, the free encyclopedia

ဧရာဝတီတံတား (ပခုက္ကူ)
Remove ads

ဧရာဝတီတံတား (ပခုက္ကူ) သည် မြန်မာနိုင်ငံတွင် အရှည်ဆုံးတံတားဖြစ်ပြီး ညောင်ဦးမြို့နယ်နှင့် ပခုက္ကူမြို့နယ်ကို ဆက်သွယ် တည်ဆောက်ထားခြင်း ဖြစ်သည်။ ဧရာဝတီမြစ် အရှေ့ဘက်ခြမ်းရှိ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နှင့် ဧရာဝတီမြစ် အနောက်ဘက်ခြမ်းရှိ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ပခုက္ကူမြို့အတွင်း တည်ရှိသည်။ အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ ဆက်သွယ်ဖောက်လုပ်မည့် India-Myanmar-Thai Tripartite Highway လမ်းမကြီးပေါ်တွင် တည်ရှိသော တံတားကြီးမှာ ကားလမ်းနှင့် ရထားလမ်း ပူးတွဲပါရှိသည့် မြစ်ကူးတံတားကြီးတစ်စင်းဖြစ်သည်။ ပင်မတံတားကြီး၊ ချဉ်းကပ်ကားလမ်းနှင့် ချဉ်းကပ်ရထားတံတားများကို ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ချဉ်းကပ်ရထားလမ်း တာပေါင်များ ဖောက်လုပ်ခြင်းနှင့် သံလမ်းခင်းခြင်းလုပ်ငန်းများကို မြန်မာ့ မီးရထားမှ တာဝန်ယူဆောင်ရွက်ခဲ့သည်။ အဆိုပါတံတားကို ၂၀၀၉ ခုနှစ်၊ ဒီဇင်လာလအတွင်းက စတင်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ တံတားကြီးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရလက်ထက်၌ ဖွင့်လှစ်ခဲ့သော ကိုးစင်းမြောက် ပေ ၁၈ဝ အထက် တံတားကြီးတစ်စင်းဖြစ်သည်။[]

အချက်တိုများ ဧရာဝတီတံတား (ပခုက္ကူ), ကိုဩဒိနိတ် ...
Remove ads

တံတားအချက်အလက်များ

ပင်မတံတားအရှည်မှာ ၁၁၄၃၁ ပေ (၂ ဒသမ ၁၆ မိုင်)၊ ကားလမ်းတံတား အရှည်မှာ စုစုပေါင်း ၁၄၅၃၇ ပေ (၂.၅၆ မိုင်)၊ ရထားလမ်းတံတား အရှည်မှာ စုစုပေါင်း ၂ဝ၅၉၇ ပေ (၃.၉ မိုင်) ရှိသည်။ ကားလမ်းချဉ်းကပ် တံတားမှာ ပခုက္ကူဘက်ကမ်းတွင် ၁၃၇၈ ပေနှင့် လက်ပန်ခြေပေါ်ဘက်ကမ်းတွင် ၇၂၈ ပေ စုစုပေါင်း ချဉ်းကပ်တံတားအရှည် ၂၁ဝ၆ ပေ ရှိသည်။ ရထားလမ်းချဉ်းကပ်တံတားမှာ ပခုက္ကူဘက်ကမ်းတွင် ၅၄၂ဝ ပေ နှင့် လက်ပန်ခြေပေါ်ဘက်ကမ်းတွင် ၃၇၄၆ ပေ စုစုပေါင်း ချဉ်းကပ်တံတားအရှည် ၉၁၆၆ ပေ ရှိသည်။ ပခုက္ကူဘက်ခြမ်း ချဉ်းကပ်ရထားလမ်း တာပေါင်အရှည်မှာ ၁ ဒသမ ၇၁ မိုင်၊ လက်ပန်ခြေပေါ်ဘက်ခြမ်း ချဉ်းကပ်ရထားလမ်း တာပေါင်အရှည်မှာ ၂ ဒသမ ၃ဝ မိုင် ပင်မတံတားနှင့် ချဉ်းကပ်ရထားလမ်းတံတားများ အပါအဝင် စုစုပေါင်းရထားလမ်းအရှည် ၇ ဒသမ ၉၁ မိုင်နှင့် စုစုပေါင်း ရထားသံလမ်းအရှည် ၉ ဒသမ ၂၈ မိုင်ရှိပြီး အများဆုံး ကွေ့ဒီဂရီမှာ ၃ ဒီဂရီဖြစ်သည်။ တံတားကြီး၏ ရေလမ်းကင်းလွတ်အကျယ်မှာ ၂၆၂ ပေ၊ (မီတာ ၈ဝ) ရှိပြီး ရေလမ်းကင်းလွတ် အမြင့်မှာ ၅၂ ပေ (၁၆ မီတာ) ရှိသည်။

တံတားကြီးပေါ်တွင် အကျယ် ၂၈ ပေရှိ နှစ်လမ်းသွားကားလမ်း၊ အကျယ် ၁၄ ပေရှိ ရထားလမ်းနှင့် တစ်ဖက်လျှင် ၃ ပေ ၃ လက်မအကျယ် စုစုပေါင်း ၆ ပေ ၆ လက်မရှိ လူသွားလမ်းတို့ ပါရှိသည်။ တံတားအောက် ရေလမ်းကင်းလွတ်နယ်မြေမှာ အကျယ် ၂၆၂ ပေနှင့် အမြင့် ၅၂ ပေရှိသည်။ တံတားအုတ်မြစ်နှင့် အောက်ထည်မှာ သံကူကွန်ကရစ် ဘိုးပိုင်နှင့် တိုင်ကိုယ်ထည် အမျိုးအစားဖြစ်ပြီး တံတား အပေါ်ထည်မှာ သံမဏိသံပေါင် အမျိုးအစား ဖြစ်သည်။ မော်တော်ယာဉ်တစ်စီးချင်း ခွင့်ပြုအလေးချိန်မှာ ၇၅ တန်ဖြစ်သည်။

တံတားကြီးကို Marine Steel 490 Newton/mm2 သံမဏိအမျိုးအစား အများဆုံး အသုံးပြုခဲ့ပြီး စုစုပေါင်း သံမဏိတန်ချိန် ၂၉၂၆ဝ တန် အသုံးပြုခဲ့ကာ Bolt & Nuts အလုံးရေ ၁၄၉ဝ၄၃၅ လုံးကို ၇၄ဝ kilo Newton တင်းအားရအောင် တပ်ဆင်ထားသည်။ တံတားကြီးကို သုညဒီဂရီစင်တီဂရိတ်အထိ အအေးဒဏ်ခံနိုင်ပြီး ၆ဝ ဒီဂရီ စင်တီဂရိတ်အထိ အပူကြောင့် ဆန့်ထွက် မှုခံနိုင်အောင် Expension Joint များကိုလည်း တပ်ဆင်ထားသည်။[]

Remove ads

ဓာတ်ပုံများ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads