၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၁၉၉၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(အင်ဒိုနီးရှား: Pesta Olahraga Asia Tenggara 1997) ၊ (အင်ဒိုနီးရှား: Pesta Olahraga Asia Tenggara ke-19) သည် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ၁၉၉၇ခုနှစ် အောက်တိုဘာ ၁၁ရက်မှ ၁၉ရက်အထိကျင်းပသော ၁၉ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသည် ၁၉၇၉ ဂျကာတာပွဲတော်နှင့် ၁၉၈၇ ဂျကာတာပွဲတော်တို့ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး ၁၉၉၇ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဆူဟာတိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
၁၉၉၇ ခုနှစ် အောက်တိုဘာလ ၁၁ ရက်မှ ၁၉ ရက်နေ့ထိ ကျင်းပခဲ့သည်။ အောက်တိုဘာ ၅ရက်နေ့ကပင် အားကစားနည်း အချို့ကို စတင်ကျင်းပခဲ့ပြီး နိုင်ငံ၁၀နိုင်ငံမှ အားကစားသမားပေါင်း ၄၆၉၆ခန့်က အားကစားနည်း ၃၄မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အသစ်တည်ဆောက်ထားသော ဂျေလော်ရာ ဘန်ကာနို အားကစားကွင်းတွင် ကျင်းပခဲ့သည်။
အင်ဒိုနီးရှား၊ထိုင်း၊မလေးရှားတို့က ပထမ၊ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ယခင် စံချိန် တော်တော်များများ ချိုးခဲ့ကြပြီး အရှေ့တောင်အာရှ၏ အားကစား အဆင့်အတန်းကို မြင့်မားလာစေသည်။ [၁]
Remove ads
လက်ခံကျင်းပခြင်း
ကြိုတင်ပြင်ဆင်မှုများ
၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီကို ဥက္ကဋ္ဌ Wismoyo Arismunandarက ဦးဆောင် ဖွဲ့စည်းခဲ့သည်။ [၂]
အားကစားကွင်းများ
၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာအသစ်၊ အဟောင်း၊ ယာယီနေရာများစွာတွင် ကျင်းပခဲ့သည်။ အချို့သော နေရာများမှာ ၁၉၆၂ အာရှ အားကစားပြိုင်ပွဲ၊ ၁၉၇၉ ဂျကာတာဆီးဂိမ်း ၊ ၁၉၈၇ ဂျကာတာဆီးဂိမ်း ပြိုင်ပွဲများကို လက်ခံကျင်းပခဲ့ပြီးဖြစ်သည်။
၁၉၆၂ခုနှစ် ဇူလိုင် ၂၄ရက်ကပင် ဆောက်လုပ်ပြီးစီးခဲ့သော ဂျေလော်ရာ ဘန်ကာနို အားကစား ကွန်းပလတ်စ်တွင် အဓိက အားကစားနည်းများကို ကျင်းပခဲ့သည်။ ထိုအထဲတွင် ပရိသတ် ၁၂၀,၈၀၀ ဝင်ဆံ့သော ဘန်ကာနို အားကစားကွင်းလည်း ပါဝင်သည်။
အားကစားရွာကိုတော့ တည်ဆောက်ခဲ့ခြင်းမရှိပေ။ ထိုအစား မြို့ထဲရှိရွာ အစီအစဉ်ဖြင့် အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများကို ဂျကာတာနှင့် အနောက်ဂျာဗားတွင် ထားရှိသည်။ [၃]
၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာ ၃၅နေရာတွင် လက်ခံကျင်းပခဲ့သည်။ ဂျာကာတာတွင် ၂၉ခုနှင့် အနောက်ဂျာဗားတွင် ၆ခုဖြစ်သည်။[၄][၅]
Remove ads
အထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ မီးတောက် ၃ခုနှင့် အင်ဒိုနီးရှားနိုင်ငံ၏ အခြေခံအုတ်မြစ် ၅ခုဖြစ်သော Pancasila ကို ကိုယ်စားပြုသော မီးတောက်ကွင်း ၂ကွင်းဖြစ်သည်။ အပေါ်ရှိ မီးတောက်များမှာ ၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ တွင် အမြင့်မားဆုံး အောင်မြင်မှု ရရှိရန် ပြိုင်ပွဲဝင် နိုင်ငံအားလုံး၏ ဆန္ဒကို ကိုယ်စားပြုသည်။ အနီရောင်၊ အပြာရောင်နှင့် အဝါရောင်တို့မှာ မီးတောက်များ၏ မူလအရောင်ဖြစ်သည်။ အနီရောင်မှာ အားကစားပြိုင်ပွဲ၏ စိတ်ဓာတ်ခွန်အားကို ပြသသည်။ အပြာရောင်သည် အားကစားပြိုင်ပွဲ၏ အရှိန်အဟုန်ကို ကိုယ်စားပြုသည်။ အဝါရောင်သည် အားကစားပြိုင်ပွဲမှ အားကစားသမားများနှင့် အရှေ့တောင်အာရှရှိ လူအပေါင်းထံသို့ ယူဆောင်လာသော မျော်လင့်ချက်ကို ကိုယ်စားပြုသည်။ ကွင်း ၆ကွင်းမှာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မူလ၆နိုင်ငံနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။ဤကွင်း ၆ကွင်းပါသော အမှတ်တံဆိပ်မှာ အားကစားပြိုင်ပွဲများ စတင်ကျင်းပခဲ့ရာ ၁၉၅၉ခုနှစ်မှ စ၍ ယခု ၁၉၉၇ခုနှစ်အထိ ထည့်သွင်း အသုံးပြုခဲ့ကာ ယခုနှစ်သည် နောက်ဆုံးသော အကြိမ်ဖြစ်သည်။၁၉၉၉ ဘန်ဒါဆရီ ဘီဂါဝမ်ပွဲတော် မှစ၍ ကွင်း ၁၀ကွင်း ပါသော အမှတ်တံဆိပ်ကို စတင် အသုံးပြုခဲ့သည်။ ထိုအမှတ်တံဆိပ်၏ ရွှေရောင်မှာ အားကစားပြိုင်ပွဲ၏ အရည်အသွေးနှင့် စည်းလုံးညီညွတ်မှုကို ကိုယ်စားပြုသည်။[၆]
လာဘ်ကောင်

၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ရာမာယဏဇာတ်တော်မှ ဟာနုမာန်မျောက်ဖြစ်သည်။ ရာမာယဏ ဇာတ်တော်မှာ အင်ဒိုနီးရှားနိုင်ငံတွင် ကကာဝင် ရာမာယဏဟု လူသိများသည်။ ရာမာယဏ ဇာတ်တော်မှာ အိန္ဒိယနိုင်ငံမှတစ်ဆင့် ရှေးယခင်ကပင် အင်ဒိုနီးရှား ကျွန်းစု အပါအဝင် အရှေ့တောင်အာရှသို့ ရောက်ရှိခဲ့သည်။ ထိုဇာတ်တော်မှာ ပါးစပ်ရာဇဝင်နှင့် စာပေသာမက အခြားသော အနုပညာလက်ရာများဖြစ်သော ပန်းချီ၊ ပန်းပု စသည်တို့ဖြင့်လည်း ဖျော်ဖြေခဲ့ကြသည်။ ရာမာယဏဇာတ်တော်အရ ဟာနုမာန်သည် ဘုရင်ရာမ၏ ယုံကြည်ကိုးကွယ်ခံရသူ ဖြစ်ကာ ရာမသည် သူနှင့်အတူ တိုက်ပွဲများ၊ စစ်မြေပြင်များတွင် ခေါ်သွားလေ့ရှိပြီး ဟာနုမာန်၏ အမြန်နှုန်း၊ ခွန်အားနှင့် အမြင့်ကြောင့် လုပ်ငန်းများ ပြီးမြောက် လေ့ရှိသည်။ ဇာတ်တော်လာ ဟာနုမာန်၏ တာဝန်များမှာ အလန်ကာကျွန်းသို့ နေ့ချင်းပြန် စေလွှတ်ခြင်း၊ တိုက်ပွဲများစွာ တိုက်ရပြီး တိုက်ခိုက်နေစဉ် တိမ်ပေါ်သို့တိုင် ပျံသန်းနိုင်ခြင်း စသည်တို့ဖြစ်သည်။ ဂျာဗားတို့၏ ဇာတ်တော်များတွင် ဟာနုမာန်ကို မျောက်ဖြူတစ်ကောင်အဖြစ် မြင်တွေ့နိုင်သည်။ ဝရမ် အရိပ်ရုပ်သေး ပြပွဲများတွင် ပါဝင်သော ဇာတ်ကောင်တစ်ကောင်ဖြစ်ကာ ဒေသတွင်း ခေါင်းစဉ် Sang Kera Pemuja Dewa Rama (The mighty devotee ape of Rama)ဖြင့် ထင်ရှားသည်။ သာနုမာန်ကို အားကစားပြိုင်ပွဲ၏ လာဘ်ကောင်အဖြစ် ထားရှိရခြင်းမှာ ပြိုင်ပွဲ၏ ဆောင်ပုဒ်ဖြစ်သော "May the best man win"ကို သိသာရန်ဖြစ်သည်။၎င်း၏ ကိုယ်ထည် အရောင်ဖြစ်သော ဝါဂွမ်း အဖြူရောင်မှာ ရိုးဖြောင့်ခြင်းနှင့် အပြစ်ကင်းပုံကို ပြသည်။ ရွှေရောင်နှင့် အနက်ရောင်များမှာ သူ၏ ဇာတ်တော်ထဲမှ ဇာတ်ရုပ်ကိုပြသည်။ ဝါဂွမ်းဖြူရောင်သည် အားကစားသမား၏ စိတ်ဓာတ်ခွန်အားကို ရည်ညွှန်းသည်။ အဝါရောင်နှင့် အနက်ရောင်မှာ အရည်အသွေးကို ကိုယ်စားပြုသည်။
ပံ့ပိုးမှုများ
စုစုပေါင်း ပံ့ပိုးသူ ၃၁ဦးရှိသည်။
|
|
|
|
Remove ads
ပွဲများနှင့် အားကစား
ဖွင့်ပွဲ အခမ်းအနား
၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၁၉၉၇ခုနှစ် အောက်တိုဘာလ ၁၁ရက်နေ့ ည ၆နာရီအချိန်တွင် ဂျာကာတာမြို့ရှိ ဂျေလော်ရာ ဘန်ကာနို အားကစားကွင်းတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဟတ်တို၊ အင်ဒိုနီးရှား အိုလံပစ်ကော်မတီ နှင့် ၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များ၊ အရေးကြီး ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသတွင်း အားကစားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ပိတ်ပွဲ အခမ်းအနား
၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲ အခမ်းအနားကို ၁၉၉၇ခုနှစ် အောက်တိုဘာလ ၁၉ရက်နေ့တွင် ဂျာကာတာမြို့ရှိ ဂျေလော်ရာ ဘန်ကာနို အားကစားကွင်းတွင် ကျင်းပခဲ့သည်။ အခမ်းအနားသို့ အင်ဒိုနီးရှားနိုင်ငံသမ္မတ ဆူဟတ်တို၊ အင်ဒိုနီးရှား အိုလံပစ်ကော်မတီ နှင့် ၁၉၉၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌနှင့် ဧည့်သည်တော်များ၊ အရေးကြီး ပုဂ္ဂိုလ်များ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသတွင်း အားကစားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အားကစားပွဲတော်ကို ပိတ်သိမ်းပြီးနောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို အလံတိုင်ထိပ်မှ လျော့ချကာ အင်ဒိုနီးရှားကိုယ်စားလှယ်များထံ ယူဆောင်လာသည်။ ထိုစဉ် ပင်မမီးရှူးတိုင်ကို တဖြည်းဖြည်းလျှော့ချခဲ့သည်။ ထို့နောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို ၁၉၉၉ ဘန်ဒါဆရီဘီဂါဝမ်ပွဲတော်ကို လက်ခံကျင်းပမည့် ဘရူနိုင်းနိုင်ငံ၊ မထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ဘရူနိုင်း နိုင်ငံတော်သီချင်း နှင့်အတူ ဘရူနိုင်း ဒါရုစလမ်နိုင်ငံ အလံတော်ကို လွှင့်တင်ခဲ့ကြသည်။ ထို့နောက် ၁၉၉၉ ဘန်ဒါဆရီဘီဂါဝမ်ပွဲတော် အိမ်ရှင် ဘရူနိုင်း ဒါရုစလမ်နိုင်ငံငံမှ ဖျော်ဖြေတင်ဆက်ခဲ့သည်။ အခမ်းအနားကို အင်ဒိုနီးရှား နိုင်ငံမှ ဖျော်ဖြေရေးများဖြင့် ပိတ်သိမ်းခဲ့သည်။
ပါဝင်သည့် နိုင်ငံများ
|
|
အားကစားနည်းများ
- ရေပိုင်းဆိုင်ရာအားကစားနည်းများ
ဒိုင်ဗင်
ရေကူး
- Synchronised swimming
ဝါတာပိုလို
မြားပစ်
ပြေးခုန်ပစ်
ကြက်တောင်ရိုက်
ဘက်စကတ်ဘော
ဘီလိယက်နှင့် စနူကာ
ကိုယ်ကာယအလှပြ
ဘိုလင်း
လက်ဝှေ့
ကနူးလှေ
စက်ဘီးစီး
ဓားသိုင်း
ဘောလုံး
ဂေါက်သီးရိုက်
ကျွမ်းဘား
ဟော်ကီ
ဂျူဒို
ကရာတေး
ပန်ကြပ်ဆီလပ်
လှေလှော်
ရွက်လှေ
ပိုက်ကျော်ခြင်း
သေနတ်ပစ်
Softball
Squash
စားပွဲတင်တင်းနစ်
တိုက်ကွမ်ဒို
တင်းနစ်
ရိုးရာလှေ
ဘော်လီဘော
- Waterskiing
အလေးမ
နပန်း
ဝူရှုး
ဆုတံဆိပ်ဇယား
၁၉ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွေတံဆိပ်၄၄၈ခု၊ ငွေတံဆိပ် ၄၃၂ခု၊ ကြေးတံဆိပ် ၅၄၁ခု စုစုပေါင်းဆုတံဆိပ် ၁၄၂၁ ခုချီးမြှင့်ခဲ့သည်။ အိမ်ရှင် အင်ဒိုနီးရှားအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှု ရရှိခဲ့သည်။
- Key
* အိမ်ရှင်နိုင်ငံ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads