၂၀၀၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၀၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၀၅ခုနှစ် နိုဝင်ဘာ ၂၇ရက်မှ ဒီဇင်ဘာ၅ရက်နေ့အထိ ကျင်းပသော ၂၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁၊ ၁၉၉၁ပွဲတော်များကို အိမ်ရှင်အဖြစ် ၂ကြိမ်ကျင်းပခဲ့ပြီး ၂၀၀၅ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဂလိုရီရာ မာဂါပါကယ် အာရိုယိုမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၅၃၃၆ခန့်က အားကစားနည်း ၄၀တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ကူရီနိုပွဲခန်းမတွင် ကျင်းပခဲ့သည်။ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်တို့မှ ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည်။
Remove ads
လက်ခံကျင်းပခြင်း
ကြိုတင်ပြင်ဆင်ခြင်း
ဖိလစ်ပိုင် ဆီးဂိမ်းကျင်းပရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။
အားကစားကွင်းများ
မြို့တော် မနီလာတွင် ၁၉ ခု၊ စီဘူးနှင့် နီးဂရတ်အိုစီးတန့်တို့တွင် ၅ ခုစီတွင် ကျင်းပသည်။
Province | အားကစားကွင်း | ကစားနည်းများ |
မနီလာမြို့ | Emilio Aguinaldo College | Arnis, Wushu |
Rizal Memorial Sports Complex | Athletics, Baseball, Gymnastics, Table tennis, Tennis | |
Diosdado Macapagal Boulevard | Athletics (Marathon) | |
PhilSports Arena | Badminton | |
Makati Coliseum | Billiards and snooker | |
Makati Sports Club | Squash | |
GSIS Theater | Bodybuilding, Muay | |
Pearl Bowling Center | Bowling | |
Roxas Boulevard | Cycling: Criterium | |
Amoranto Velodrome | Cycling: Track | |
Alabang Country Club | Equestrian | |
Pasig Sports Center | Fencing | |
Marikina Sports Complex | Football | |
La Mesa Ecopark | Rowing, Traditional boat race | |
PNSA Clay Target Range | Shooting (Trap and skeet) | |
PSC-PNSA Shooting Range BNS Fort Bonifacio | Shooting (Air Pistol, Rifle, Practical) | |
Rosario Sports Complex | Softball | |
Cuneta Astrodome | Taekwondo | |
San Andres Gymnasium | Wrestling | |
Cebu | Ramon M. Durano Sports Complex | Cycling (Mountain) |
Waterfront Hotel | Dancesport | |
Mandaue Coliseum | Judo, Karate | |
Cebu Coliseum | Pencak silat | |
University of San Carlos | Sepak takraw | |
Negros Occidental | University of St. La Salle | Boxing |
Paglaum Sports Complex | Football | |
Panaad Stadium | ||
Luxur Place | Weightlifting | |
West Negros University | Volleyball | |
Zambales | Remi Field Subic Bay Freeport Zone | Archery |
Malawaan Fishing Area Subic Bay Freeport Zone | Canoeing | |
Subic Bay Yacht Club | Sailing | |
Boardwalk | Triathlon | |
Cavite | Tagaytay City Convention Center | Chess |
Tagaytay | Cycling (Road) | |
Laguna | Trace College Los Baños | Aquatics |
The Country Club Canlubang | Golf | |
Pampanga | Hidden Vale Sports Club | Lawn bowls, Pétanque |
Remove ads
ပြိုင်ပွဲအထိမ်းအမှတ်များ
အထိမ်းအမှတ်တံဆိပ်
၂၀၀၅အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အခြားနိုင်ငံများကဲ့သို့ပင် နိုင်ငံ၏ပုံရိပ်၊ ယဉ်ကျေးမှုကို ထင်ဟပ်စေသောပုံ ဖြစ်သည်။ ဘီဂိုလုတ်မြို့တွင် ကျင်းပသည့် မတ်ခါရာပွဲတော်မှပုံ ဖြစ်သည်။
လာဘ်ကောင်

၂၀၀၅အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ဖိလစ်ပိုင် သိမ်းငှက်ဖြစ်သည်။
သီချင်း
အဓိကသီချင်းမှာ "We are all just one" ဖြစ်သည်။
Remove ads
ပွဲများနှင့်အားကစား
ဖွင့်ပွဲ
ဖွင့်ပွဲမှာ အခြားနိုင်ငံများကဲ့သို့ အားကစားကွင်းတွင် ကျင်းပခြင်းမဟုတ်ဘဲ ကူရီနိုပွဲခန်းမတွင် ပြုလုပ်ခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံတော်အလံကို ကွင်းအတွင်း သယ်ယူလာခြင်းနှင့်အတူ ဖွင့်ပွဲစတင်ခဲ့သည်။ နောက်တွင် သမ္မတမှ အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။
ပိတ်ပွဲ
ပိတ်ပွဲကို ၅ ဒီဇင်ဘာ ၂၀၀၅ ည ၈ နာရီတွင် အနုပညာရှင်များ၏ ဖျော်ဖြေမှုဖြင့် စတင်ခဲ့သည်။ သမ္မတမှ အားကစားပွဲတော်အား ပိတ်သိမ်းကြောင်း ကြေညာပြီးနောက် ၂၀၀၇ ခုနှစ်ပွဲတော်အား ကျင်းပမည့် ထိုင်းနိုင်ငံကို အလံလွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ထိုင်းအနုပညာရှင်များက ဖျော်ဖြေခဲ့သည်။
ပါဝင်သောနိုင်ငံများ
Medal table
- Key
* အိမ်ရှင် (ဖိလစ်ပိုင်)
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads