၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
Remove ads

၂၀၀၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့၌ ၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၁၃ ရက်အထိကျင်းပသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံတွင် ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ခြင်းဖြစ်ပြီး ထိုင်းမြန်မာမလေးရှားစင်ကာပူအင်ဒိုနီးရှားဖိလစ်ပိုင်နှင့် ဘရူနိုင်းနိုင်ငံတို့ပြီးနောက် ၈ နိုင်ငံမြောက် အိမ်ရှင်နိုင်ငံ ဖြစ်သည်။ အရှေ့တီမောနိုင်ငံလည်း ပထမဆုံးအကြိမ်အဖြစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်လာသည်။ ဝန်ကြီးချုပ် ဖန်ဗိုင်ခိုင်က ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

၂၀၀၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်မှ ၁၅ ရက်နေ့ထိ ကျင်းပခဲ့သည်။ [] နိုဝင်ဘာ ၂၃ ရက်နေ့ကပင် အားကစားနည်း အချို့ကို စတင်ကျင်းပခဲ့ပြီး နိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၅၀၀၀ ခန့်က အားကစားနည်း ၃၂ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အသစ်တည်ဆောက်ထားသော မိုင်ဒင်း အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။

ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားတို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ယခင် စံချိန် တော်တော်များများ ချိုးခဲ့ကြပြီး အရှေ့တောင်အာရှ၏ အားကစား အဆင့်အတန်းကို မြင့်မားလာစေသည်။

Remove ads

လက်ခံကျင်းပခြင်း

ကြိုတင်ပြင်ဆင်မှုများ

ဗီယက်နမ်ဆီးဂိမ်း ကျင်းပရေးဦးစီးကော်မတီကို ငုယင်ဒန်သဝစ်က ဥက္ကဋ္ဌ လုပ်ကာ ဖွဲ့စည်းခဲ့သည်။[]ဤပွဲအတွက် ဗီယက်နမ်အစိုးရက ငွေအမြောက်အမြား သုံးစွဲခဲ့သည်။ ထိုအထဲတွင် ပရိသတ် ၄၀၀၀၀ ဝင်ဆံ့သည့် နိုင်ငံ၏ အကြီးဆုံး အားကစားကွင်းဖြစ်လာမည့် မိုင်ဒင်း အမျိုးသားအားကစားကွင်းကို အမေရိကန်ဒေါ်လာ ၆၀ မှ ၇၀ မီလီယံ အကုန်အကျခံကာ တည်ဆောက်ခဲ့သည်။ []


၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လက်ခံကျင်းပရာမြို့များ

အားကစားကွင်းများ

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာအသစ်၊ အဟောင်း၊ ယာယီနေရာများစွာတွင် ကျင်းပခဲ့သည်။ အများစုသော အားကစားနည်းများကို ၂၀၀၃ ခုနှစ် စက်တင်ဘာလက ဖွင့်လှစ်ခဲ့သော မိုင်ဒင်း အားကစားရုံစုတွင် ကျင်းပခဲ့သည်။ ထို အားကစားရုံစုတွင် ပရိသတ် ၄၀,၁၉၂ ဝင်ဆံ့သော မိုင်ဒင်း အမျိုးသားအားကစားကွင်း ပါဝင်သည်။

အားကစားရွာကိုမူ တည်ဆောက်ခဲ့ခြင်းမရှိပေ။ ထိုအစား မြို့ထဲရှိရွာ အစီအစဉ်ဖြင့် အားကစားသမားများနှင့် စီမံအုပ်ချုပ်သူများကို ဟနွိုင်းနှင့် ဟိုချီမင်းစီးတီးရှိ ဟိုတယ်များတွင် ထားရှိခဲ့သည်။

၂၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို နေရာ ၃၁ နေရာတွင် လက်ခံကျင်းပခဲ့ပြီး ဟနွိုင်းမြို့တွင် ၂၀ နေရာ၊ ဟိုချီမင်းစီးတီးမြို့တွင် ၁၁ နေရာ ကျင်းပခဲ့သည်။[]

နောက်ထပ် အချက်အလက်များ ဟနွိုင်းမြို့, National Sports Complex ...

မီးထွန်းညှိတိုင်

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ မီးထွန်းညှိတိုင်ကို ဟိုချီမင်းစီးတီးမြို့တွင် စတင် ထွန်းညှိခဲ့ပြီး ဗီယက်နမ်ရှိ မြို့များစွာကို ဖြတ်သန်းကာ ပြိုင်ပွဲ၏ အဓိကမြို့ဖြစ်သော ဟနွိုင်းမြို့တွင် အဆုံးသတ်ခဲ့သည်။

Remove ads

ပြိုင်ပွဲ အထိမ်းအမှတ်များ

အထိမ်းအမှတ် တံဆိပ်

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ဒဏ္ဍာရီငှက် တစ်ကောင်ဖြစ်သော ချင်လက်(Chim Lac)၏ ပုံစံဖြစ်သည်။ ငုယင်ချီလောင်းမှ ပုံစံရေးဆွဲခဲ့ပြီး ထိုငှက်ကို ဗီယက်နမ် ရှေးရိုးရာ ငွေဗုံဖြစ်သော ငေါ့လုအဖြစ် ပုံဖော်ထားသည်။ အထိမ်းအမှတ်တံဆိပ်မှာ သဟဇာတနှင့် ညီညွတ်သောပုံပေါက်သည့် အိုလံပစ်စိတ်ဓာတ်ဖြစ်သော ပိုလျင်မြန်သော၊ ပိုမြင့်မားသော၊ ပိုကြံ့ခိုင်သော လိုင်းအကွေးများဖြင့် ဖွဲ့စည်းထားသည်။ ထိုလိုင်းများမှာ အားကစားနည်းများတွင် ခိုင်မာ ပြင်းထန်စွာ ယှဉ်ပြိုင်ခြင်းကို ကိုယ်စားပြုသည်။ ကွင်း ၁၀ကွင်းပါသော အဝိုင်းမှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် နိုင်ငံ ၁၀ နိုင်ငံနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ကိုယ်စားပြုသည်။[]

လာဘ်ကောင်

Thumb
ပိုစတာမှ လာဘ်ကောင်

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ Trâu Vàng ဟုခေါ်သော ရွှေကျွဲဖြစ်သည်။ ငုယင် ထိုင်ဟွန်းမှ ပုံစံရေးဆွဲခဲ့သည်။ နူးညံ့သိမ်မွေ့ခြင်း၊ လုံ့လဝီရိယရှိခြင်း၊ ဉာဏ်ပညာရှိခြင်း၊ သစ္စာရှိခြင်း၊ ဒေသနှင့် သဟဇာတဖြစ်သော တိရစ္ဆာန်အဖြစ် ပုံဖော်ထားသည်။ ကျွဲမှာ ဗီယက်နမ်နိုင်ငံတွင် ရေနှင့် ဆန်စပါးယဉ်ကျေးမှုကို ကိုယ်စားပြုကာ အခြားအာဆီယံနိုင်ငံများတွင်လည်း ထိုသို့ပင်ဖြစ်သည်။ ဗီယက်နမ်လူမျိုးများအတွက် ရွှေကျွဲမှာ ကောက်ပဲသီးနှံ ကြွယ်ဝခြင်း၊ သာယာဝပြောခြင်း၊ ပျော်ရွှင်ခြင်းနှင့် ဗီယက်နမ်၏ စစ်အုပ်ချုပ်ရေးကို ကိုယ်စားပြုသကဲ့သို့ အိမ်ရှင်နိုင်ငံ၏ ဝမ်းမြောက်စွာ ဧညိ့ဝတ်ကျေပြွန်မှုကိုလည်း ပြသသည်။ []

သီချင်း

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ အဓိကသီချင်းမှာ "For the World of Tomorrow" ဖြစ်သည်။ ငုယင် ကွမ်ဗင်းမှ ရေးစပ်သည်။

ပံ့ပိုးသူများ

စုစုပေါင်း ပံ့ပိုးသူ ၂၄ဦးသည်။

Remove ads

ပွဲများနှင့် အခမ်းအနား

ဖွင့်ပွဲ အခမ်းအနား

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့ ညနေ ၇ နာရီတွင် ဟနွိုင်းမြိ့ရှိ မိုင်ဒင်း အမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပရိသတ် ၄၀၀၀၀ ခန့်တက်ရောက်ခဲ့သည်။ ပါတီ၏ အထွေထွေအတွင်းရေးမှူး Nong Duc Manh၊ ဝန်ကြီးချုပ် ဖန်ဗိုင်ခိုင် အပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဒေသတွင်း အားကစားအဖွဲ့ချုပ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ထို့အတူ အခမ်းအနားတစ်ခုကိုလည်း ဟိုချီမင်းစီးတီးတွင် အပြိုင်ကျင်းပခဲ့သည်။

"Vietnam – Our Fatherland" သီချင်းဖြင့် အခမ်းအနားကို စတင်ခဲ့ကာ တစ်ဆက်တည်းမှာပဲ ပြိုင်ပွဲဝင်နိုင်ငံ ၁၁ နိုင်ငံ၏ အလံများကို သယ်ဆောင်လာသော လေထီးသမားများ ဆင်းသက်လာကြသည်။ ထို့နောက် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ အလံတော်နှင့် ၂၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဗီယက်နမ်အလံများ ချီတက်လာကြသည်။ ထို့နောက် ပြိုင်ပွဲဝင်နိုင်ငံများမှ အားကစားသမားများ၊ စီမံအုပ်ချုပ်သူ နည်းပြအပါအဝင် ပြိုင်ပွဲဝင် ၅၀၀၅ ဦး ချီတက်ဝင်ရောက်လာကြသည်။

ဟိုချီမင်းစီးတီးမြို့မှ ဟနွိုင်းမြို့အထိ သယ်ဆောင်လာသည့် မီးထွန်းညှိတိုင်ကို ဗီယက်နမ်အားကစားသမားများအပြင် ဒေသတွင်း အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင် ၁၀နိုင်ငံမှ အားကသားသမားများက ကွင်းအတွင်း လက်ဆင့်ကမ်း သယ်ဆောင်ကြသည်။ နောက်ဆုံးတွင် ငုယင်သွီဟင်းမှ ဝန်ကြီးချုပ်ထံသို့ ပေးခဲ့ကာ ထိုမှတစ်ဆင့် နိုင်ငံ၏သူရဲကောင်း ဂီအွန်ကဲ့သို့ ဝတ်ဆင်ထားသည့် အားကစားသမားထံသို့ ရောက်ရှိခဲ့သည်။ ထိုအားကစားသမားမှ ပင်မမီးရှူးတိုင်ကို မီးထွန်းညှိခဲ့သည်။ ထို့နောက် ကာယလေ့ကျင့်ရေးနှင့် အားကစား ကော်မတီ ဥက္ကဋ္ဌ-ဝန်ကြီး၊ ဗီယက်နမ် အမျိုးသားအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ၂၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားကောင်စီ၏ ဥက္ကဋ္ဌ၊ ၂၂ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌမှ သူ၏ အဖွင့်မိန့်ခွန်းကို ပြောကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ဖန်ဗိုင်ခိုင်က ၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။ နောက်တွင် ဒုတိယဝန်ကြီးချုပ် ဖန်ဂီယာခိုင်၊ ၂၂ ကြိမ်မြောက် ဆီးဂိမ်း နိုင်ငံတော် ဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဥက္ကဋ္ဌ-ဝန်ကြီး ငုယင်ဒန်ထိုင်းနှင့် ဟနွိုင်းမြို့တော်ဝန် ဟွန်ဗန်ငိုင်းတို့မှ ပြိုင်ပွဲဝင် ၁၁နိုင်ငံကို အမှတ်တရပန်းစည်း ပေးအပ်ခဲ့သည်။

ထို့နောက် ဒိုင်လူကြီးများ၏ ကိုယ်စား ဒိုင်တစ်ဦးဖြစ်သူ ဟွန်ကွိုင်ဗစ်နှင့် အားကစားသမားများကိုယ်စား သေနတ်ပစ်အားကစားသမား ငုယင်မန်တူယင်တို့က အားကစား အဓိဌာန် ရွတ်ဆိုကြသည်။ ထိုပွဲတွင် ကလေးများ အပါအဝင် လူပေါင်း ထောင်ချီပါသော ဖျော်ဖြေရေးများ တင်ဆက်ခဲ့သည်။ အဓိကအပိုင်းကြီး ၃ ပိုင်းမှာ "The Land of the Dragon and Fairy" (ဗီယက်နမ်နိုင်ငံ သမိုင်းကို ပုံဖော်ခြင်း)၊ "Message of Peace" နှင့် "United ASEAN Looks To The Future"တို့ဖြစ်သည်။ နောက်ဆုံး United ASEAN Looks to the Futureတွင် ဖျော်ဖြေရေး အစီအစဉ် ၄ ခုပါဝင်ကာ "Lands by the Pacific Ocean"၊ "Essential Convergence"၊ "New Tune," နှင့် "ASEAN Towards The Future"တို့ ဖြစ်သည်။ ထို့နောက် ပြိုင်ပွဲ၏ လာဘ်ကောင် ရွှေကျွဲနှင့် အဆိုတော် ၂၂ယောက်တို့သည် ပြိုင်ပွဲ၏ သီချင်းဖြစ်သော "For the World of Tomorrow"ကို တင်ဆက်ခဲ့သည်။ အခမ်းအနားကို ဟနွိုင်းမြို့ရှိ နေရာ၄ခုတွင် ပူပေါင်းများလွှတ်ခြင်း၊ မီးပန်းများ ဖောက်ခြင်းဖြင့် ပြီးဆုံးခဲ့သည်။

ပိတ်ပွဲ အခမ်းအနား

၂၀၀၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၃ရက်နေ့ ညနေ ၇ နာရီတွင် ဟနွိုင်းမြို့ရှိ မိုင်ဒင်းအမျိုးသားအားကစားကွင်းတွင် ကျင်းပခဲ့သည် Nong Duc Manh၊ ဒုတိယသမ္မတ Truong My Hoaနှင့် အာရှအားကစားအဖွဲ့ချုပ်များမှ ခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ကွင်းအတွင်း လေဆာတန်း ပစ်လွှတ်ကာ စတင်ခဲ့သည်။ ထို့နောက် အားကစားနည်းအလိုက် အားကစားသမားများ ဝင်ရောက်လာခဲ့သည်။

ထို့နောက် ဗီယက်နမ် သံစုံတီးဝိုင်းမှ ဗီယက်နမ်သီချင်းနှင့်အတူ အကသမားများ၊ အဆိုတော်များမှ တင်ဆက်ခဲ့သည်။ ထို့နောက် ကာယလေ့ကျင့်ရေးနှင့် အားကစား ကော်မတီ ဥက္ကဋ္ဌ-ဝန်ကြီး၊ ဗီယက်နမ် အမျိုးသားအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ၊ ၂၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားကောင်စီ၏ ဥက္ကဋ္ဌ၊ ၂၂ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကျင်းပရေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ငုယင်ဒန်ထိုင်းမှ ပိတ်ပွဲမိန့်ခွန်းကို ပြောကြားခဲ့သည်။ ထို့နောက် ဒုတိယဝန်ကြီးချုပ် ဖန်ဂီယာခိုင်က အားကစားပွဲတော်ကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။

ထို့နောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို အလံတိုင်ထိပ်မှ လျော့ချကာ ဗီယက်နမ်ကိုယ်စားလှယ်များထံ ယူဆောင်လာသည်။ ထိုစဉ် ပင်မမီးရှူးတိုင်ကို တဖြည်းဖြည်းလျှော့ချခဲ့သည်။ ဒုတိယဝန်ကြီးချုပ် ငုယင်ဒန်ထိုင်း၊ ဟနွိုင်းပြည်သူ့ကော်မတီ ဥက္ကဋ္ဌ ဟွန်ဗန်ငိုင်းတို့မှ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အထိမ်းအမှတ်အလံကို ၂၀၀၅ မနီလာပွဲတော်ကို လက်ခံကျင်းပမည့် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်ဝန် ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် The ဖိလစ်ပိုင် နိုင်ငံတော်သီချင်း နှင့်အတူ ဖိလစ်ပိုင်သမ္မတနိုင်ငံ အလံတော်ကို လွှင့်တင်ခဲ့ကြသည်။ ထို့နောက် ၂၀၀၅ မနီလာပွဲတော် အိမ်ရှင် ဖိလစ်ပိုင်နိုင်ငံမှ ဖျော်ဖြေတင်ဆက်ခဲ့သည်။ အခမ်းအနားကို ဗီယက်နမ် နိုင်ငံမှ ဖျော်ဖြေရေးများဖြင့် ပိတ်သိမ်းခဲ့သည်။

ပါဝင်သည့်နိုင်ငံများ

အားကစားနည်းများ

  • ရေပိုင်းဆိုင်ရာအားကစားနည်းများ
    • ဒိုင်ဗင်
    • ရေကူး
    • ဝါတာပိုလို
  • မြားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ဘက်စကတ်ဘော
  • ဘီလိယက်နှင့် စနူကာ
  • ကိုယ်ကာယအလှပြ
  • လက်ဝှေ့
  • ကနူးလှေ
  • စစ်တုရင်
  • စက်ဘီးစီး
  • Finswimming
  • မြင်းစီး
  • ဘောလုံး
  • ကျွမ်းဘား
  • Handball
  • ဂျူဒို
  • ကရာတေး
  • ပန်ကြပ်ဆီလပ်
  • ပီတန်း
  • လှေလှော်
  • Jianzi
  • ပိုက်ကျော်ခြင်း
  • သေနတ်ပစ်
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ရိုးရာလှေ
  • ဘော်လီဘော
  • အလေးမ
  • နပန်း
  • ဝူရှုး

ဆုတံဆိပ်ဇယား

၂၂ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၄၄၄ ခု၊ ငွေတံဆိပ် ၄၄၁ ခု၊ ကြေးတံဆိပ် ၅၅၅ ခု စုစုပေါင်းဆုတံဆိပ် ၁၄၄၀ ခုချီးမြှင့်ခဲ့သည်။ အိမ်ရှင် ဗီယက်နမ်အနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတစ်လျှောက် အမြင့်မားဆုံး အောင်မြင်မှု ရရှိခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads