၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
Remove ads

၂၀၀၅ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံမနီလာမြို့တွင် ဒီဇင်ဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ကျင်းပသော တတိယအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၀၅ မနီလာဆီးဂိမ်းအပြီး ကိုးရက်အကြာတွင် ကျင်းပခြင်းဖြစ်သည်။ မ​လေးရှားနှင့်ဗီယက်နမ်နိုင်ငံတို့အပြီး တတိယ​မြောက်အိမ်ရှင်နိုင်ငံဖြစ်လာသည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမားပေါင်း ၁၀၀၀ ခန့်က အားကစားနည်း ၁၀ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထိုင်း၊ ဗီယက်နမ်နှင့် မလေးရှားတို့မှ ပထမ၊ ဒုတိယနှင့် တတိယရရှိခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

တတိယအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ကွင်းများ

၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ ၁၁ နေရာတွင် ကျင်းပခဲ့သည်။

နောက်ထပ် အချက်အလက်များ Manila, Rizal Memorial Sports Complex ...
Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ ကြယ်များရရှိသော အားကစားသမားပုံဖြစ်သည်။ ဤတံဆိပ်မှာ ပြီးခဲ့သည့် ၁၉၉၂ နွေရာသီအိုလံပစ်ပြိုင်ပွဲ၏တံဆိပ်နှင့် ဆင်တူသည်။ အရောင် ၄ ရောင်မှာ ဖိလစ်ပိုင်နိုင်ငံတော်အလံ၏ အရောင်များဖြစ်သည်။ ကြယ်၃ပွင့်မှာ ဖိလစ်ပိုင်နိုင်ငံ၏ အဓိကအပိုင်းကြီး ၃ ခုနှင့် ပြိုင်ပွဲ၏ ရည်ရွယ်ချက် ၃ ခုကို ကိုယ်စားပြုသည်။ မြှောက်ထားသော လက်မောင်းမှာ ဒေသတွင်းညီတူမှုနှင့် ညီညွတ်မှုတို့ကိုပြသည်။

လာဘ်ကောင်

၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ဘူဘွိုင်းဆိုသော ဝေလငါးမန်းဖြစ်သည်။ ဝေလငါးမန်းများမှာ ကမ္ဘာပေါ်တွင် အကြီးဆုံးငါးဖြစ်ပြီး ဆော်ဆိုဂုန်ဒေသ၏ အရှေ့ဘက် ကမ်းခြေတွင် တွေ့နိုင်သည်။

သီချင်း

၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ သီချင်းမှာ အိပ်မက်၏စွမ်းအားများ ဖြစ်သည်။

Remove ads

ပွဲများနှင့်အားကစား

ဖွင့်ပွဲ

၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ဒီဇင်ဘာ ၁၄ ရက် ည ၈ နာရီတွင် ရီဇယ်အားကစားကွင်းတွင် ပြုလုပ်ခဲ့သည်။ အားကစားပွဲတော်ကို မနီလာမြို့တော်ဝန် လီတို မှ ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲ

၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီတွင် ရီဇယ်အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထို့နောက် ၂၀၀၈ နခွန်ရက်ချာစီမာပွဲတော်ကို လက်ခံကျင်းပမည့် ထိုင်းနိုင်ငံကို အားကစားဆိုင်ရာများ လွှဲပြောင်းပေးခဲ့သည်။

ပါဝင်သောနိုင်ငံများ

အားကစားနည်းများ

၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် အဓိကအားကစားနည်း ၁၀ မျိုးကို ကျင်းပခဲ့သည်။

  • ပြေးခုန်ပစ်
  • ကြက်တောင်
  • စစ်တုရင်
  • မျက်မမြင်ဘောလုံး
  • ဂျူဒို
  • အလေးမ
  • ရေကူး
  • စားပွဲတင်တင်းနစ်
  • ဝှီးချဲ ဘတ်စကတ်ဘော
  • ဝှီးချဲ တင်းနစ်

သရုပ်ပြအားကစားနည်း

အဓိက အားကစားနည်း ၁၀ ခုနှင့်အတူ သရုပ်ပြအားကစားနည်း ၄ မျိုးကျင်းပခဲ့သည်။

  • ဘိုစီယာ
  • ဝှီးချဲဓားခုတ်
  • ရွက်လှေ
  • ဘိုလင်း(၁၀ခု)

ဆုတံဆိပ်ဇယား

၂၀၀၅ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၉၄ ခု၊ ငွေတံဆိပ် ၂၃၆ ခု၊ ကြေးတံဆိပ် ၁၅၄ ခု၊ စုစုပေါင်း ဆုတံဆိပ် ၇၈၄ ခု ချီးမြှင့်နိုင်ခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

နောက်ထပ် အချက်အလက်များ အဆင့်, NPC ...

ဆက်စပ်ကြည့်ရှုရန်

၂၀၀၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads