၂၀၁၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

၂၀၁၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
Remove ads

၂၀၁၁ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် ဒီဇင်ဘာ ၁၅ ရက်မှ ၂၀ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဆူရတ်ခါတာမြို့တွင် ကျင်းပသော ဆဌမမြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ပထမဆုံးအိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး ၂၀၁၁ ဂျာကာတာဆီးဂိမ်းအပြီး ၃ ပတ်အကြာတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်းနိုင်ငံတို့ပြီးနောက် ပဉ္စမမြောက်အိမ်ရှင်နိုင်ငံ ဖြစ်လာသည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

အရှေ့တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ အားကစားသမား ၈၇၀ ခန့်က အားကစားနည်း ၁၁ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြသည်။ ထိုင်း၊ အင်ဒိုနီးရှားနှင့် မလေးရှားတို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

အင်ဒိုနီးရှား အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။

ကွင်းများ

၂၀၁၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာ ၁၁ နေရာတွင်ကျင်းပခဲ့သည်။

နောက်ထပ် အချက်အလက်များ Central Java ...
Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၁၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အင်ဒိုနီးရှားနိုင်ငံ၏ အမျိုးသားအမှတ်လက္ခဏာဖြစ်သော ဂါရူဒါငှက်ပုံဖြစ်သည်။ ထိုအထဲတွင် အာဆီယံပါရာဂိမ်းတံဆိပ် ပါလေသည်။ ထိုငှက်မှာ အားကြီးခြင်း၊ ၎င်း၏အတောင်များသည် ခမ်းနားမှု၏စံပြ ဖြစ်သည်။ အစိမ်းရောင်အဖြတ်မှာ အင်ဒိုနီးရှားနိုင်ငံ၏ ကျွန်းများ၊ သစ်တောများ၊ တောတောင်များကို ကိုယ်စားပြုသည်။ အပြာရောင်အဖြတ်မှာ နူစန်တာရာပင်လယ်ကို ကိုယ်စားပြုသည်။ အနီရောင်အဖြတ်မှာ ရဲရင့်ခြင်း၊ စိတ်အားထက်သန်ခြင်းနှင့် မိခင်နိုင်ငံအတွက် ပေးဆပ်လိုစိတ်များ တောက်လောင်နေခြင်းကို ကိုယ်စားပြုသည်။

လာဘ်ကောင်

၂၀၁၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ကိုမိုဒိုနဂါး (ဖွတ်) မိုဒိုနှင့်မူဒီ ဖြစ်သည်။ ၎င်းတို့သည် အင်ဒိုနီးရှားရိုးရာဝတ်စုံများကို ဝတ်ဆင်ထားသည်။

Remove ads

ပွဲများနှင့်အားကစား

ဖွင့်ပွဲ

၂၀၁၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့ ည ၇ နာရီတွင် မနာဟန်အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဘိုဒီအိုနိုက ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

ပိတ်ပွဲ

၂၀၁၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ ည ၇ နာရီတွင် မနာဟန်အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထို့နောက် ၂၀၁၄နေပြည်တော်ပွဲတော်ကို လက်ခံကျင်းပမည့် မြန်မာနိုင်ငံကို အားကစားရေးရာများ လွှဲပြောင်းပေးခဲ့သည်။

ပါဝင်သောနိုင်ငံများ

အားကစားနည်းများ

၂၀၁၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားနည်း ၁၁ မျိုးကျင်းပခဲ့သည်။

  • မြှားပစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • စစ်တုရင်
  • မျက်မမြင်ဘောလုံး
  • အလေးမ
  • ရေကူး
  • စားပွဲတင်တင်းနစ်
  • ဘိုလင်း
  • အထိုင် ဘော်လီဘော
  • ဝှီးချဲ တင်းနစ်

ဆုတံဆိပ်ဇယား

၂၀၁၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၃၈၀ ခု၊ ငွေတံဆိပ် ၃၃၈ ခု၊ ကြေးတံဆိပ် ၃၃၃ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၀၅၁ ဆု ချီးမြှင့်နိုင်ခဲ့သည်။

Key

  *   အိမ်ရှင်နိုင်ငံ

နောက်ထပ် အချက်အလက်များ အဆင့်, NPC ...

ဆက်စပ်ကြည့်ရှုရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads