၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ခြေစစ်ပွဲသည် ၂၀၁၄ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ နောက်ဆုံးအဆင့် အတွက် ရည်ရွယ်ကျင်းပသော ခြေစစ်ပွဲဖြစ်သည်။ ထိုခြေစစ်ပွဲစဉ်များကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက် မှ ၁၂ ရက်အထိကျင်းပခဲ့သည်။
ပြိုင်ပွဲပုံစံ
ခြေစစ်ပွဲကိုအာရှနိုင်ငံပေါင်း ၄၀ မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ခြေစစ်ပွဲအောင် ၁၅ သင်းကိုရွေးချယ်ခဲ့သည်။ ခြေစစ်ပွဲဝင် နိုင်ငံပေါင်း ၄၀ ကို ၅ သင်း သို့မဟုတ် ၄ သင်းပါဝင်သောအုပ်စု ၉ ခုခွဲကာ အနောက်အာရှဇုန်တွင် ၅ သင်းပါဝင်သောအုပ်စု ၂ အုပ်စု နှင့် ၄ သင်းပါဝင်သော အုပ်စု ၃ အုပ်စု စုစုပေါင်း ၅ အုပ်စု၊ အရှေ့အာရှဇုန်တွင် ၅ သင်းပါဝင်သောအုပ်စု ၂ အုပ်စု၊ ၄ သင်းပါဝင်သောအုပ်စု ၂ အုပ်စု စုစုပေါင်း ၄ အုပ်စုဖြင့် ကျင်းပခဲ့သည်။ ခြေစစ်ပွဲစဉ်များကို အာရှဘောလုံးအဖွဲ့ချုပ်မှ သတ်မှတ်ရွေးချယ်ထားသော အိမ်ရှင်နိုင်ငံများတွင် တစ်ကျော့တည်းကျင်းပခဲ့ကာ အုပ်စု ၉ ခု၏ ပထမရအသင်းများ နှင့် အကောင်းဆုံးဒုတိယ ၆ သင်းတို့သည် ခြေစစ်ပွဲအောင်အသင်းများအဖြစ် ၂၀၁၄ ခုနှစ်တွင် ကျင်းပသည့်နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ အိမ်ရှင် မြန်မာ အသင်းနှင့်အတူ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
Remove ads
မဲခွဲမှုနှင့်အဆင့်သတ်မှတ်ချက်များ
ခြေစစ်ပွဲစဉ်များအတွက် အုပ်စုများကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၆ ရက်တွင် မလေးရှားနိုင်ငံ၏မြို့တော် ကွာလာလမ်ပူမြို့ရှိ အာရှဘောလုံးအဖွဲ့ချုပ်၏ရုံးချုပ်၌ မဲခွဲခဲ့သည်။[၁] မဲခွဲရာတွင် ၂၀၁၂ အာရှလူငယ်ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ တွင် ရရှိခဲ့သောအဆင့်သတ်မှတ်ချက်များအလိုက် မဲအိုး ၁ မှ ၄ အထိ ၄ အိုးခွဲထားသည်။ ထို့နောက် အဆင့်နိမ့်အသင်းများ ပါဝင်သော မဲအိုး ၄ မှအသင်းများကိုဦးစွာမဲနှိုက်၍ထိုမှတစ်ဆင့် မဲအိုး ၃၊ ၂၊ ၁ ဟူ၍အစဉ်လိုက်မဲနှိုက်သွားသည်။ ခြွင်းချက်အနေဖြင့် မဲခွဲရာတွင် ခြေစစ်ပွဲကျင်းပမည့်နိုင်ငံများ တစ်အုပ်စုတည်းမကျစေရန်အတွက် အိမ်ရှင်ကျင်းပခွင့်ရနိုင်ငံပါသော အုပ်စု ထွက်ပေါ်လာလျှင် ထိုအုပ်စု၌ အခြားအိမ်ရှင်နိုင်ငံများကို မပါဝင်စေဘဲ အိမ်ရှင်ကျင်းပမည့်နိုင်ငံ မထွက်ပေါ်လာသေးသော အုပ်စုတွင် ပါဝင်စေခဲ့သည်။
မြန်မာ သည် ယခုပြိုင်ပွဲ၏ အိမ်ရှင် ဖြစ်သောကြောင့် ခြေစစ်ပွဲ ယှဉ်ပြိုင်စရာမလိုဘဲ နောက်ဆုံးအဆင့်သို့ အလိုအလျောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
အောက်ဖော်ပြပါနိုင်ငံများသည် ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိပါ။
ဘူတန်
ကမ္ဘောဒီးယား
ကာဂျစ္စတန်
သီရိလင်္ကာ
အရှေ့တီမော
- မြောက်မာရီယာနာကျွန်းစု
Remove ads
အသက်ကန့်သတ်ချက်
၁၉၉၅ ဇန်နဝါရီလ ၁ ရက် နှင့် နောက်ပိုင်းမွေးဖွားသော ကစားသမား များကို ခြေစစ်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်ပြုထားသည်။
အုပ်စုရလဒ်များ
အကယ်၍ အုပ်စုပွဲစဉ်များပြီးဆုံးချိန်တွင် အုပ်စုတွင်း ၂ သင်းသို့မဟုတ် ၂ သင်းနှင့်အထက် ရမှတ်များတူညီနေပါက အောက်ပါစည်းမျဉ်းများဖြင့်ဆုံးဖြတ်သည်။
၁။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ရမှတ်ပိုများသည့်အသင်း
၂။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ဂိုးကွာခြားချက် (+) ပိုများသည့်အသင်း
၃။ ထိုအသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ သွင်းဂိုးပိုများသည့်အသင်း
၄။ အုပ်စုတွင်းပွဲစဉ်များတွင် ဂိုးကွာခြားချက် (+) ပိုများသည့်အသင်း
၅။ အုပ်စုတွင်းပွဲစဉ်များတွင် သွင်းဂိုးပိုများသည့်အသင်း
၆။ အကယ်၍ အမှတ်တူ ၂ သင်းသာရှိပြီး ထို ၂ သင်းစလုံးသည် အုပ်စုနောက်ဆုံးပွဲ၌ ထိပ်တိုက်ကစားရကာ ပွဲပြီးဆုံးချိန်အထိ အပေါ်အချက်များအားလုံးတူညီနေပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူရာတွင် အနိုင်ရသည့်အသင်း
၇။ အကယ်၍ အမှတ်စဉ် (၆) အကြုံးမဝင်ပါက အုပ်စုတွင်းပွဲစဉ်များတွင် အဝါကတ် အနီကတ် ပြသခံရမှု နည်းသည့်အသင်း
အကယ်၍ အပေါ်အချက်များ အားလုံးတူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။
အနောက်အာရှ
အုပ်စု (က)
အုပ်စု (က) ပွဲစဉ်များကို ကာတာနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ကာတာစံတော်ချိန်(UTC+03:00) ဖြစ်သည်။
အုပ်စု (ခ)
အုပ်စု (ခ) ပွဲစဉ်များကို ဂျော်ဒန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ဂျော်ဒန်စံတော်ချိန်(UTC+03:00) ဖြစ်သည်။
အုပ်စု (ဂ)
အုပ်စု (ဂ) ပွဲစဉ်များကို အီရတ်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ အီရတ်စံတော်ချိန် (UTC+03:00) ဖြစ်သည်။
အုပ်စု (ဃ)
အုပ်စု (ဃ) ပွဲစဉ်များကို အီရန်နိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ အီရန်စံတော်ချိန်(UTC+03:00) ဖြစ်သည်။
အုပ်စု (င)
အုပ်စု (င) ပွဲစဉ်များကို ပါလက်စတိုင်းနိုင်ငံ၌ ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ပါလက်စတိုင်းစံတော်ချိန် (UTC+03:00) ဖြစ်သည်။
အရှေ့အာရှဇုန်
အုပ်စု (စ)
အုပ်စု (စ) ပွဲစဉ်များကို မလေးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ မလေးရှားစံတော်ချိန် (UTC+08:00) ဖြစ်သည်။
အုပ်စု (ဆ)
အုပ်စု (ဆ) ပွဲစဉ်များကို အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ အနောက်အင်ဒိုနီးရှားစံတော်ချိန် (UTC+07:00) ဖြစ်သည်။
အုပ်စု (ဇ)
အုပ်စု (ဇ) ပွဲစဉ်များကို ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ ထိုင်းစံတော်ချိန် (UTC+07:00) ဖြစ်သည်။
အုပ်စု (ဈ)
အုပ်စု (ဈ) ပွဲစဉ်များကို တရုတ်နိုင်ငံ၌ကျင်းပခဲ့သည်။ စံတော်ချိန်မှာ တရုတ်စံတော်ချိန် (UTC+08:00) ဖြစ်သည်။
Remove ads
အကောင်းဆုံး အုပ်စုဒုတိယအသင်းများ သတ်မှတ်ခြင်း
အကောင်းဆုံးအုပ်စုဒုတိယအသင်း ၆ သင်း ရွေးချယ်ရာတွင် အုပ်စု (ဂ) နှင့် (င) တို့တွင် ၃ သင်းသာပါဝင်သောကြောင့် အုပ်စုဒုတိယအသင်းများ ညီတူညီမျှဖြစ်စေရန် ၄ သင်းပါဝင်သောအုပ်စု (ဃ)၊(စ)၊(ဆ)၊(ဇ) နှင့် (ဈ) တို့တွင် အုပ်စုဒုတိယအသင်းများနှင့်အုပ်စုအောက်ဆုံးအသင်းများ၏ ထိပ်တိုက်တွေ့ဆုံခဲ့သောရလဒ်များကိုမတွက်ချက်ဘဲ ရလာသော ထိုအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်၍ဆုံးဖြတ်ခဲ့သည်။ အလားတူ ၅ သင်းပါဝင်သော အုပ်စု (က) နှင့် (ခ) တို့မှအောက်ဆုံး ၂ သင်းစီနှင့် ၎င်းတို့အုပ်စုနှင့်သက်ဆိုင်ရာအုပ်စုဒုတိယအသင်းတို့၏ တွေ့ဆုံမှုရလဒ်များကိုမတွက်ဘဲ ရလာသော ယင်းအုပ်စုဒုတိယအသင်းများ၏ရလဒ်များကိုကြည့်ကာဆုံးဖြတ်ခဲ့သည်။
ထိုကဲ့သို့ရွေးချယ်ရာတွင် အောက်ပါအချက်များဖြင့်ဆုံးဖြတ်ခဲ့သည်။
၁။ ရမှတ်ပိုများသည့်အသင်း
၂။ ဂိုးကွာခြားချက် (+) ပိုများသည့်အသင်း
၃။ သွင်းဂိုးပိုများသည့်အသင်း
၄။ အဝါကတ်၊ အနီကတ်ပြသခံရမှု ပိုနည်းသည့်အသင်း
အကယ်၍ အထက်ပါ ၄ ချက်များအားလုံးတူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads