၂၀၁၄ အာရှလူငယ် ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၁၄ အာရှလူငယ်အသက် ၁၉ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ (အင်္ဂလိပ်: 2014 AFC U-19 Championship) သည် အာရှဘောလုံးအဖွဲ့ချုပ်မှ ၁၉ နှစ်အောက်လူငယ်ဘောလုံးသမားများအတွက် ၃၈ ကြိမ်မြောက်အဖြစ် ကျင်းပသောပြိုင်ပွဲဖြစ်သည်။ ယခင်က အာရှလူငယ်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ ဟုခေါ်တွင်ခဲ့သော အာရှလူငယ်အသက် ၁၉ နှစ်အောက် ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲသည် ၁၉၈၀ ခုနှစ်မှစ၍ ၂ နှစ်တစ်ကြိမ် ပြောင်းလဲကျင်းပလာခဲ့သောပြိုင်ပွဲဖြစ်ကာ ၂၀၁၄ ခုနှစ်ပြိုင်ပွဲသည် ၂၀၁၅ ဖီဖာလူငယ် အသက် ၂၀ နှစ်အောက်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် အာရှတိုက်၏ခြေစစ်ပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၁၄ ပြိုင်ပွဲ၏ ထိပ်ဆုံး ၄ သင်းသည် ၂၀၁၅ ဖီဖာလူငယ် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အာရှတိုက်ကိုယ်စားပြု ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
Remove ads
အိမ်ရှင်ရွေးချယ်မှု
၂၀၁၃ ခုနှစ် ဧပြီလ ၂၅ ရက်တွင် မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်ပြိုင်ပွဲ အတွက် အိမ်ရှင်ကျင်းပခွင့်ပေးခဲ့သည်။
ကျင်းပမည့်ကွင်းများ
ခြေစစ်ပွဲ
မဲခွဲမှုနှင့်အဆင့်သတ်မှတ်ချက်
မဲခွဲပွဲကို ၂၀၁၄ ခုနှစ် ဧပြီလ ၂၃ ရက်တွင် ရန်ကုန်မြို့တွင် ကျင်းပခဲ့သည်။[၁] မဲခွဲရာတွင် ၂၀၁၂ အာရှလူငယ် အသက် ၁၉ နှစ်အောက်ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၏ရပ်တည်မှုများကိုကြည့်၍ အဆင့်သတ်မှတ်ကာ ခြေစစ်ပွဲအောင် ၁၅ သင်းနှင့် အိမ်ရှင် မြန်မာ အသင်းတို့ကို မဲအိုး ၁ မှ ၄ အထိ ၄ သင်းစီ ခွဲထားသည်။ ထို့နောက် မဲနှိုက်ရာတွင် အဆင့်နိမ့်အသင်းများပါဝင်သော မဲအိုး ၄ မှ စတင်မဲနှိုက်ခဲ့ရာ ထိုမှတစ်ဆင့် မဲအိုး ၃၊၂၊၁ ဟူ၍ အစဉ်လိုက် မဲနှိုက်ရွေးချယ်ခဲ့သည်။ သို့သော် အိမ်ရှင် မြန်မာ ကိုမူ သီးသန့်ဘောလုံးအရောင်ဖြင့် အုပ်စု (က) ၏ထိပ်ဆုံးနေရာတွင်ထားကာ မဲနှိုက်ခဲ့သည်။
Remove ads
အသက်ကန့်သတ်ချက်
၁၉၉၅ ဇန်နဝါရီလ ၁ ရက် နှင့် နောက်ပိုင်း မွေးဖွားသော ကစားသမား များသာ ယခုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
အုပ်စုရလဒ်များ
အကယ်၍အုပ်စုပွဲစဉ်များပြီးဆုံးချိန်တွင် အုပ်စုတွင်း ၂ သင်းသို့မဟုတ် ၂ သင်းနှင့်အထက် ရမှတ်များတူညီနေပါက အောက်ပါစည်းမျဉ်းများဖြင့်ဆုံးဖြတ်သည်။
၁။ အသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ရမှတ်ပိုများသောအသင်း
၂။ အသင်းများ၏ထိပ်တိုက်ကစားခဲ့သောပွဲစဉ်များမှ ဂိုးကွာခြားချက်(+)ပိုရသောအသင်း
၄။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် ဂိုးကွာခြားချက်(+)ပိုရသောအသင်း
၅။ အုပ်စုတွင်းပွဲစဉ်အားလုံးတွင် သွင်းဂိုးပိုများသောအသင်း
၆။ အကယ်၍အမှတ်တူ ၂ သင်းသာရှိပြီး ထို ၂ သင်းစလုံးသည် အုပ်စုနောက်ဆုံးပွဲတွင် ထိပ်တိုက်ကစားရကာ ပွဲပြီးဆုံးချိန်အထိ အပေါ်အချက်များအားလုံးတွင် တူညီနေပါက ပင်နယ်တီ အဆုံးအဖြတ်ခံယူ၍ အနိုင်ရသောအသင်း
၇။ အုပ်စုတွင်းပွဲစဉ်များတွင် အဝါကတ် အနီကတ် ပြသခံရမှု ပိုနည်းသောအသင်း
အကယ်၍ အပေါ်အချက်များအားလုံးတွင် အသာမရဘဲ တူညီနေပါက မဲနှိုက်ဆုံးဖြတ်မည်။
ပွဲကစားချိန်အားလုံးသည် မြန်မာစံတော်ချိန် (UTC+6:30) ဖြစ်သည်။
အုပ်စု (က)
(H) = အိမ်ရှင်
အုပ်စု (ခ)
အုပ်စု (ဂ)
အုပ်စု (ဃ)
Remove ads
ရှုံးထွက်အဆင့်ရလဒ်များ
ရှုံးထွက်အဆင့်ပွဲစဉ်များတွင် သာမန်ပွဲကစားချိန်အတွင်းသရေကျနေပါက အချိန်ပို၊ပင်နယ်တီများဖြင့် အနိုင်၊အရှုံးဆုံးဖြတ်သည်။
ကွာတားဖိုင်နယ်ရလဒ်များ
အကြိုဗိုလ်လုပွဲရလဒ်များ
အကြိုဗိုလ်လုပွဲရောက် ၄ သင်းသည် ၂၀၁၅ ဖီဖာလူငယ် အသက် ၂၀ နှစ်အောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့သည်။
ဗိုလ်လုပွဲ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads