၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

၃၀ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ From Wikipedia, the free encyclopedia

၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
Remove ads

၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၁၉ခုနှစ် ​နိုဝင်ဘာ ၃၀ရက်မှ ဒီဇင်ဘာ ၁၁ရက်အထိကျင်းပသော အကြိမ် (၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသည် ၁၉၈၁၁၉၉၁၂၀၀၅ပွဲတော်များကို အိမ်ရှင်အဖြစ် ၃ကြိမ်ကျင်းပခဲ့ပြီး ၂၀၁၉ခုနှစ်တွင် စတုတ္ထအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဒူတာ​တေးမှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။

အချက်တိုများ ကျင်းပရာမြို့, ဆောင်ပုဒ် ...

နိုင်ငံ၁၁နိုင်ငံမှ အားကစားသမားပေါင်း ၅၆၃၀ခန့်က အားကစားနည်း ၅၆မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဖိလစ်ပိုင်ပွဲခန်းမတွင် ကျင်းပခဲ့သည်။ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ ထိုင်းတို့က ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။

Remove ads

လက်ခံကျင်းပခြင်း

အိမ်ရှင်​ရွေးချယ်ခြင်း

ဘရူနိုင်း

၂၀၁၂ ဇူလိုင် ၁၈ တွင် ဘရူနိုင်းနိုင်ငံအ​နေဖြင့် ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကိုလက်ခံကျင်းပရန် ရွေးချယ်ခဲ့သည်။ ဘရူနိုင်းသည် ၁၉၉၉ ခုနှစ်တွင် တစ်ကြိမ်မျှသာ လက်ခံခဲ့ဖူးသည်။၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန် ဆန္ဒရှိခဲ့၍ နိုင်ငံ၏ အားကစားအဆင့်အတန်းကို မြှင့်တင်ကာ အားကစားရုံသစ်များ ဆောက်လုပ်ရန် အစီအစဉ်ဆွဲခဲ့သော်လည်း ၂၀၁၅ခုနှစ် ဇွန် ၄ ရက်နေ့ အစည်းအဝေးတွင် နုတ်ထွက်ခဲ့သည်။

ဘရူနိုင်းနုတ်ထွက်ပြီးနောက် ဖိလစ်ပိုင်မှလက်ခံခဲ့သည်။ သို့သော် မာဝီကျွန်းပြဿနာများကြောင့် ၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ စတင်ကာနီးတွင် နုတ်ထွက်ခဲ့ရာ ထိုင်းနိုင်ငံမှ လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ဩဂုတ်၂၀၁၇ တွင် ဖိလစ်ပိုင်မှ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။


ဖိလစ်ပိုင်

ဘရူနိုင်းနုတ်ထွက်သွားပြီးနောက် ထိုင်းနှင့်အပြိုင် ဖိလစ်ပိုင်မှ စိတ်ဝင်စားခဲ့သည်။ ၂၀၂၁ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ​လက်ခံကျင်းပမည့် ဗီယက်နမ်ကို ၂၀၁၉ ခုနှစ်သို့ ပြောင်းလဲအိမ်ရှင်ပြုလုပ်ခွင့်ကို​ပေးခဲ့​သော်လည်း ငြင်းဆိုခဲ့သည်။ ဖိလစ်ပိုင်ကို ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ကျင်းပစေခဲ့သည်။ သို့သော် ၂၁ ဇူလိုင် ၂၀၁၇ခုနှစ်တွင် မာဝီကျွန်းပြဿနာများကြောင့် အိမ်ရှင်အဖြစ်မှ နုတ်ထွက်​ကြောင်း ​ပြောကြားခဲ့ပြီး ၂၀၁၉ပွဲ​တော်အား ထိုင်းနိုင်ငံမှ လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ သို့သော် ထိုနှစ် ဩဂုတ်လတွင် ဖိလစ်ပိုင်မှ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့ပြန်သည်။၂၀၁၉ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို မြို့တော် မနီလာမြို့နှင့်အတူ ဒါဗိုမြို့တို့တွင် အဓိက ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲအချို့ကို စီဘူး၊ အဲဗေမြို့များတွင် ကျင်းပသွားရန် စီစဉ်ထားရှိခဲ့သည်။ သို့​သော် ​နောက်ဆုံးတွင် နယူးကလတ်မြို့တွင် အများစုကျင်းပရန် စီစဉ်ခဲ့ကြသည်။

အလံလွှဲပြောင်းရယူခြင်း

၂၀၁၇ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ပိတ်ပွဲတွင် အရှေ့တောင်အာရှ အားကစားအဖွဲ့ချုပ်အလံကို ဖိလစ်ပိုင်အိုလံပစ်ကော်မတီဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးတို့မှ ရယူခဲ့သည်။ ယခင်ပိတ်ပွဲများတွင် နောက်လက်ခံကျင်းပမည့်နိုင်ငံမှ ဖျော်ဖြေရေးနေရာတွင် ထိုနိုင်ငံ၏ယဉ်ကျေးမှုကို ထင်ဟပ်စေသောဖျော်ဖြေမှုများတင်ဆက်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံကမူ ဗီဒီယိုသာပြသနိုင်ခဲ့သည်။

ကြိုတင်ပြင်ဆင်မှု

Thumb
ပြိုင်ပွဲကျင်းပ​ရေးဦးစီး​ကော်မတီ ဥက္ကဋ္ဌ နိုင်ငံခြား​ရေးဝန်ကြီး​ဟောင်း

ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်အာရှအားကစားပြိုင်ပွဲကျင်းပရေး ကော်မတီကို ၂၀၀၅ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့်မတူညီစေဘဲ ဖွဲ့စည်းခဲ့သည်။ ဖိလစ်ပိုင်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး​ဟောင်း အလန် ပီတာ ကာတေနို မှာ ၂၀၁၉ ခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကို တာဝန်ယူဆောင်ရွက်မည် ဖြစ်သည်။[]

ပြိင်ပွဲမကျင်းပမီ ကြိုတင်ညှိနှိုင်းအစည်းအဝေးကို ၃ ကြိမ်ကျင်းပမည် ဖြစ်ပြီး ပထမ အစည်းအဝေးကို ၂၀၁၈ ခုနှစ် မေလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် ရှန်ဂရီလာဟိုတယ်တွင် ကျင်းပခဲ့သည်။ ဒုတိယအကြိမ် အစည်းအ‌ဝေးကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလထဲတွင် ကျင်းပမည် ဖြစ်သည်။

အားကစားကွင်းများ

၂၀၁၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲအတွက် အဓိက​နေရာ ​လေး​နေရာအဖြစ် ကလက်၊ ဆူးဘစ်၊ မက်ထရို မနီလာနှင့် အခါး​နေရာများဖြစ်သည်။[]အဓိက လက်ခံကျင်းပရာ​နေရာအဖြစ် ကလက်မြို့သစ်ကို အသုံးပြုမည်ဖြစ်သည်။ ဒုတိယအ​နေဖြင့် ဆူးဘစ်ကို အသုံးပြုမည်ဖြစ်သည်။

Thumb
Clark
Clark
Subic
Subic
Manila
Manila
BLT (Batangas and Tagaytay)
BLT (Batangas and Tagaytay)
BLTLa Union
BLTLa Union
Bocaue
Bocaue
နောက်ထပ် အချက်အလက်များ Cluster, City/Municipality ...
Remove ads

ပြိုင်ပွဲအထိမ်းအမှတ်များ

အထိမ်းအမှတ်တံဆိပ်

၂၀၁၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ အ​ရှေ့​တောင်အာရှအားကစားအဖွဲ့ချုပ်၏ အမှတ်တံဆိပ်မှ ကွင်း၁၁ကွင်းကို ဖိလစ်ပိုင်နိုင်ငံ၏ ​မြေပုံအတိုင်း ချိတ်ဆက်ဖန်တီးထားသည်။ ထိုကွင်းများကို အနီ​ရောင်၊ အစိမ်း​ရောင်၊ အဝါ​ရောင်နှင့် အပြာ​ရောင်တို့ ခြယ်ထားသည်။

လာဘ်​ကောင်

၂၀၁၉အ​ရှေ့​တောင်အာရှအားကစားပြိုင်ပွဲ၏ လာဘ်​ကောင်မှာ ပါမီ(Pami)ဟုအမည်​ပေးထားကာ မိသားစုဟု အဓိပ္ပာယ်ရ​သော ဖိလစ်ပိုင်စကား pamilyaမှ ဆင်းသက်လာသည်။

Remove ads

ပွဲများနှင့် အားကစား

ဖွင့်ပွဲအခမ်းအနား

Thumb
ဖွင့်ပွဲအခမ်းအနား

၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် နိုဝင်ဘာလ ၃၀ရက်နေ့ ည ၆နာရီအချိန်တွင် ဖိလစ်ပိုင်အယ်ရီနာတွင် ကျင်းပခဲ့သည်။ အားကစားပြိုင်ပွဲကို သမ္မတ ရော်ဒရီဂို ဒူတာတေး မှ ဖွင့်လှစ်​​ပေးခဲ့သည်။

ပိတ်ပွဲအခမ်းအနား

၂၀၁၉ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲ အခမ်းအနားကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့ တွင် နယူးကလပ် ​ပြေးခုန်ပစ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။

ပါဝင်သည့်နိုင်ငံများ

အားကစားနည်းများ

  • မြားပစ်
  • အားနစ်
  • ပြေးခုန်ပစ်
  • ကြက်တောင်ရိုက်
  • ​ဘေ့စ်​ဘော
  • ဘတ်စကက်​ဘော
    • ၅×၅ ဘတ်စကက်​ဘော
    • ၃×၃ ဘတ်စကက်​ဘော
  • ဘီလိယက်နှင့် စနူကာ
  • လက်​ဝှေ့
  • ဘိုလင်း
  • ကနူး/ကယက်/ရိုးရာ​လှေ
    • ကနူး​​လှေ၊ ကယက်
    • ရိုးရာ​လှေ
  • စစ်တုရင်
  • စက်ဘီးစီး
    • ​BMX
    • ​Mountain
    • ​Road
  • Dancesport
  • ​ဒိုင်ဗင်
  • ​၂မျိုးဆင့်အားကစား
  • အီလက်ထ​ရောနစ်အားကစားနည်း
  • ဓားသိုင်း
  • ​Floorball
  • ​ဘောလုံး
  • ​ဂေါက်သီးရိုက်
  • ကျွမ်းဘား
    • Artistic
    • Aerobic
    • Rhythmic
  • Beach Handball
  • ​ရေခဲပြင်​ဟော်ကီ
  • ​ရေခဲပြင်စကိတ်
    • Figure skating
    • Short track speed skating
  • ရုံတွင်း​ဟော်ကီ
  • ဂျူဒို
  • ဂျူဂျစ်ဆု
  • ကရာ​တေး
  • Kick Boxing
  • ကူရက်ရှ်
  • Lawn Bowls/ပီတန်း
    • Lawn Bowls
    • ပီတန်း
  • ​မွေထိုင်း
  • ​ခေတ်သစ် ၅မျိုးဆင့်အားကစားနည်း
  • Netball
  • Obstacle Racing
  • ပန်ကြပ်ဆီလပ်
  • ပိုလို
  • ​လှေ​လှော်
  • ​ရက်ဘီ
  • ရွက်​လှေ
  • Sambo
  • ပိုက်​ကျော်ခြင်း
  • ​သေနတ်ပစ်
  • ​Skateboarding
  • Soft Tennis
  • Softball
  • ​စကွက်ရှ်
  • Surfing
  • ​ရေကူး
  • စားပွဲတင်တင်းနစ်
  • တိုက်ကွမ်ဒို
  • တင်းနစ်
  • ၃မျိုးဆင့် အားကစား
  • ​ရေ​အောက်​ဟော်ကီ
  • ​ဘော်လီ​ဘော
  • ​​ရေလွှာလှိုင်းစီး
  • ဝါတာပိုလို
  • အ​လေးမ
  • နပန်း
  • ဝူရှုး

ဆုတံဆိပ်ဇယား

Key

  *   အိမ်ရှင်

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads