၂၀၂၀ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ From Wikipedia, the free encyclopedia
Remove ads
၂၀၂၀ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ၌ ကျင်းပရန် လျာထားခဲ့သည့် ဒဿမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။၂၀၂၀ခုနှစ်တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုများ များပြားလာသဖြင့် ပြိုင်ပွဲကျင်းပမည့်ရက်အား ၂၀၂၀ မတ်လသို့ ပထမအကြိမ်ပြောင်းလဲခဲ့သည်။ ထို့နောက် အောက်တိုဘာလသို့ ထပ်မံပြောင်းလဲခဲ့သည်။ သို့သော် ၂၀၂၀ မေလတွင် ဖိလစ်ပိုင်အစိုးရမှ ကိုရိုနာဗိုင်းရပ်စ်ကူးစံခံရမှုတွင် ဘဏ္ဍာငွေအသုံးပြုရန်အတွက် ဤအားကစားပွဲအား တရားဝင် ဖျက်သိမ်းလိုက်သည်။[၂] ဖိလစ်ပိုင်နိုင်ငံတွင် ၂၀၂၀ပြည့်နှစ် စက်တင်ဘာလအစောပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂သိန်းကျော်ရှိသည်။
Remove ads
လက်ခံကျင်းပခြင်း
အိမ်ရှင်ရွေးချယ်ခြင်း
၂၀၁၂ ဇူလိုင်က မြန်မာပြည်တွင် ကျင်းပသော SEAGF အစည်းအဝေးတွင် မြန်မာက ၂၀၁၃၊ စင်ကာပူက ၂၀၁၅၊ မလေးရှားက ၂၀၁၇ ဆီးဂိမ်းပွဲများ ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ဘရူနိုင်းနိုင်ငံမှာ ၂၀၁၇ပွဲတော်ကိုကျင်းပရန်အလှည့်ကျသော်လည်း ၂၀၁၉ပွဲတော်ကိုသာ ကျင်းပရန်ဆန္ဒရှိခဲ့သည်။ ၂၀၁၅ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ဘရူနိုင်းအနေဖြင့် အိမ်ရှင်အဖြစ်မှ နုတ်ထွက်ခဲ့သည်။
ထို့ကြောင့် ဖိလစ်ပိုင်နှင့်ထိုင်းမှာ အိမ်ရှင်အဖြစ်ကျင်းပရန် စိတ်ဝင်စားခဲ့သည်။ ၂၀၂၁ ဆီးဂိမ်းကျင်းပမည့် ဗီယက်နမ်ကို ကျင်းပခွင့်ပေးခဲ့သော်လည်း ငြင်းဆိုခဲ့သည်။
၂၀၁၇ ဇူလိုင်လတွင် ဖိလစ်ပိုင်အိုလံပစ်ကော်မတီက ၂၀၁၉ ပွဲတော်များကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုလတွင်ပင် ဖိလစ်ပိုင်အနေဖြင့် မာလဝီတွင် စစ်သွေးကြွများကြောင့် ပျက်စီးမှုများကို ပြန်လည်ထူထောင်ရန် ရန်ပုံငွေအတွက် ၂၀၁၉ ပွဲတော်များကျင်းပရေးမှ နုတ်ထွက်ခဲ့သည်။ သို့သော် ဩဂုတ် ၁၆ ရက်တွင် ဖိလစ်ပိုင်အိုလံပစ်ကော်မတီ ဥက္ကဋ္ဌမှ ၂၀၁၉ ပွဲတော်ကို ဖိလစ်ပိုင်တွင်ပင် ကျင်းပမည်ဟု ကြေညာပြန်သည်။ သူသည် ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကို အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ပါရာဂိမ်းကိုပါ ဖိလစ်ပိုင်နိုင်ငံက လက်ခံကျင်းပခြင်း ဖြစ်သည်။
၂၀၁၇ကွာလာလမ်ပူပွဲတော် ပိတ်ပွဲတွင် ယခင်ပိတ်ပွဲများတွင် နောက်လက်ခံကျင်းပမည့်နိုင်ငံမှ ဖျော်ဖြေရေးနေရာတွင် ထိုနိုင်ငံ၏ယဉ်ကျေးမှုကို ထင်ဟပ်စေသော ဖျော်ဖြေမှုများတင်ဆက်ခဲ့သော်လည်း ဖိလစ်ပိုင်နိုင်ငံကမူ ဗီဒီယိုသာ ပြနိုင်ခဲ့သည်။
၂၀၂၀ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို နေရာကြီး ၃ နေရာတွင် ကျင်းပမည်။
Remove ads
ပွဲများနှင့်အားကစား
ပါဝင်မည့်နိုင်ငံများ
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads