၂၀၂၂ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၂၂ အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 2022 ASEAN Para Games) သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရတ်ခါတာမြို့တွင် ဇူလိုင်လ (၃၀)ရက်နေ့မှ ဩဂုတ်လ (၆)ရက်နေ့အထိ ကျင်းပခဲ့သောာ (၁၁)ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲဖြစ်သည်။[၁]အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်ကာ ၂၀၁၁ပွဲတော် ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုကြောင့် (၁၀)ကြိမ်မြောက် မသန်စွမ်းအားကစားပြိုင်ပွဲကို မကျင်းပနိုင်ခဲ့ပေ။ မူလက ၂၀၂၁ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ကို လက်ခံကျင်းပမည့် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပရန် စီစဉ်ခဲ့သော်လည်း ဗီယက်နမ်နိုင်ငံက ပြိုင်ပွဲကို ဖျက်သိမ်းရန် စီစဉ်ခဲ့ပြန်သည်။ အာဆီယံမသန်စွမ်းအားကစားအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် လက်ခံနိုင်မည့် နိုင်ငံကို ရှာဖွေခဲ့ရာ အင်ဒိုနီးရှားနိုင်ငံက လက်ခံကျင်းပခဲ့ခြင်းဖြစ်သည်။
Remove ads
လက်ခံကျင်းပခြင်း
အိမ်ရှင်နိုင်ငံ
၂၀၂၀ပြည့်နှစ်မှစ၍ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုများကြောင့် အားကစားပြိုင်ပွဲများကို ဖျက်သိမ်းခြင်း၊ ရွှေ့ဆိုင်းခြင်းများ ပြုလုပ်ခဲ့ရသည်။ ၂၀၂၀ပြည့်နှစ်တွင် ကျင်းပမည့် (၁၀)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကိုလည်း ဖိလစ်ပိုင်နိုင်ငံက ဖျက်သိမ်းခဲ့သည်။ ၂၀၂၁ခုနှစ်တွင် ဗီယက်နမ်နိုင်ငံက လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲနှင့် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတို့ကိုလည်း ၂၀၂၂ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသည်။ ဗီယက်နမ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကိုသာ လက်ခံကျင်းပရန် ဆုံးဖြတ်ခဲ့ပြီး အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ဖျက်သိမ်းခဲ့သည်။
အာဆီယံ မသန်စွမ်းအားကစားအဖွဲ့ချုပ်အနေဖြင့် အားကစားပြိုင်ပွဲကို (၂)ကြိမ်ဆက် ဖျက်သိမ်းလိုခြင်း မရှိသဖြင့် အခြားနိုင်ငံများမှ အိမ်ရှင်အဖြစ် ကျင်းပရန် ဆန္ဒရှိသည့် နိုင်ငံကို တောင်းခံခဲ့သည်။ မလေးရှားနှင့် အင်ဒိုနီးရှားတို့က လက်ခံကျင်းပလိုခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံမှ လက်ခံကျင်းပခွင့် ရရှိခဲ့သည်။ သို့သော် ကမ္ဘာ့တားမြစ်ဆေးတိုက်ဖျက်ရေးအဖွဲ့၏ အင်ဒိုနီးရှားနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူမှုများကြောင့် ပြိုင်ပွဲကို လက်ခံကျင်းပခွင့် ချက်ချင်းမပေးအပ်ဘဲ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလတွင်မှသာ အရေးယူမှုပယ်ဖျက်ခြင်းကြောင့် တရားဝင်ရရှိခဲ့သည်။။[၂]
Remove ads
ပွဲများနှင့်အားကစား
ပါဝင်သောနိုင်ငံများ
အာဆီယံမသန်စွမ်း အားကစားအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ပါဝင်သောအားကစားနည်းများ
ဆုတံဆိပ်ဇယား
- Key
* အိမ်ရှင်နိုင်ငံ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads