၂၀၂၀ အာရှပေါင်းစည်းရေးဖလားဘောလုံးပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

၂၀၂၀ အာရှပေါင်းစည်းရေးဖလားဘောလုံးပြိုင်ပွဲ သည် အာရှ ဘောလုံးအဖွဲ့ချုပ်မှ ဒုတိယအကြိမ်ကျင်းပရန်လျာထားခဲ့သော အာရှပေါင်းစည်းရေးဖလားပြိုင်ပွဲ ဖြစ်သည်။ အသင်းပေါင်း ဆယ်သင်း သည် ထိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ ခြောက်သင်းမှာ ၂၀၂၃ အာရှဖလား နှင့် ၂၀၂၂ ကမ္ဘာ့ဖလားအာရှဇုန် ပူးတွဲခြေစစ်ပွဲပထမအဆင့်တွင် ရှုံးနိမ့်ခဲ့သောအသင်းများဖြစ်ပြီး ကျန်လေးသင်းမှာ ၂၀၂၃ အာရှဖလား ဒုတိယအဆင့် သီးသန့်ခြေစစ်ပွဲများတွင် ရှုံးနိမ့်ခဲ့သောအသင်းများဖြစ်သည်။ သို့သော် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ၂၀၂၃ အာရှဖလား နှင့် ၂၀၂၂ ကမ္ဘာ့ဖလားအာရှဇုန် ပူးတွဲခြေစစ်ပွဲဒုတိယအဆင့် ကို ဆက်လက်ကျင်းပနိုင်ခြင်းမရှိဘဲ ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသဖြင့် ၂၀၂၀ အာရှပေါင်းစည်းရေးဖလားဘောလုံးပြိုင်ပွဲ ကို ဖျက်သိမ်းရန် ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် အာရှ ဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့သည်။

အချက်တိုများ ကျင်းပသည့်နေ့ ...

နီပေါအသင်းမှာ လက်ရှိ ချန်ပီယံအသင်းဖြစ်သည်။

Remove ads

ခြေစစ်ပွဲအောင်အသင်းများ

အောက်ဖော်ပြပါ ခြောက်သင်းမှာ ၂၀၂၃ အာရှဖလား နှင့် ၂၀၂၂ ကမ္ဘာ့ဖလားအာရှဇုန် ပူးတွဲပထမအဆင့်ခြေစစ်ပွဲများတွင် ရှုံးနိမ့်ခဲ့ပြီး ယခုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရသောအသင်းများဖြစ်သည်။

  •  ဘရူနိုင်း
  •  မကာအို
  •  လာအို
  •  အရှေ့တီမော
  •  ပါကစ္စတန်
  •  ဘူတန်

    ကိုးကား

    Loading related searches...

    Wikiwand - on

    Seamless Wikipedia browsing. On steroids.

    Remove ads