၂၀၁၆ အာရှပေါင်းစည်းရေးဖလားဘောလုံးပြိုင်ပွဲ
From Wikipedia, the free encyclopedia
Remove ads
၂၀၁၆ အာရှပေါင်းစည်းရေးဖလားဘောလုံးပြိုင်ပွဲ သည် အာရှ ဘောလုံးအဖွဲ့ချုပ်မှ ပထမဆုံးအကြိမ်ကျင်းပသော အာရှပေါင်းစည်းရေးဖလားပြိုင်ပွဲ ဖြစ်သည်။ ၎င်းပြိုင်ပွဲသည် အာရှစိန်ခေါ်ခြင်းဖလား ဖျက်သိမ်းပြီးနောက် အစားထိုးကျင်းပသောပြိုင်ပွဲလည်းဖြစ်သည်။
အသင်းပေါင်း ကိုးသင်း သည် ထိုပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိသည်။ ခြောက်သင်းမှာ ၂၀၁၉ အာရှဖလား နှင့် ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန် ပူးတွဲခြေစစ်ပွဲပထမအဆင့်တွင် ရှုံးနိမ့်ခဲ့သောအသင်းများဖြစ်ပြီး ကျန်သုံးသင်းမှာ ၂၀၁၉ အာရှဖလား ဒုတိယအဆင့် သီးသန့်ခြေစစ်ပွဲများတွင် ရှုံးနိမ့်ခဲ့သောအသင်းများဖြစ်သည်။ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ် တို့ နုတ်ထွက်မှုကြောင့် အသင်း ၇ သင်းဖြင့်သာ ယှဉ်ပြိုင်ခဲ့သည်။
Remove ads
ခြေစစ်ပွဲအောင်အသင်းများ
အောက်ဖော်ပြပါ ခြောက်သင်းမှာ ၂၀၁၉ အာရှဖလား နှင့် ၂၀၁၈ ကမ္ဘာ့ဖလားအာရှဇုန် ပူးတွဲပထမအဆင့်ခြေစစ်ပွဲများတွင် ရှုံးနိမ့်ခဲ့ပြီး ယခုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရသောအသင်းများဖြစ်သည်။
ဘရူနိုင်း
မကာအို
မွန်ဂိုးလီးယား
နီပေါ
ပါကစ္စတန်
သီရိလင်္ကာ
အောက်ဖော်ပြပါ သုံးသင်းမှာ ၂၀၁၉ အာရှဖလား ဒုတိယအဆင့် သီးသန့်ခြေစစ်ပွဲများတွင် ရှုံးနိမ့်ခဲ့ပြီး ယခုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရသောအသင်းများဖြစ်သည်။
ဘင်္ဂလားဒေ့ရှ်
လာအို
အရှေ့တီမော
Remove ads
ကွင်းများ
ပြိုင်ပွဲကို မလေးရှားနိုင်ငံ၊ ကူချင်းမြို့ ရှိ သာရာဝပ်အားကစားကွင်း နှင့် သာရာဝပ်ပြည်နယ်အားကစားကွင်း များတွင် ကျင်းပခဲ့သည်။
မဲခွဲပွဲ
မဲခွဲပွဲကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၈ ရက်နေ့၊ ဒေသစံတော်ချိန် ၁၅:၀၀ နာရီ(UTC+08:00) တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ ရှိ အာရှ ဘောလုံးအဖွဲ့ချုပ် ၏ရုံးချုပ်၌ကျင်းပခဲ့သည်။
မဲခွဲပွဲတွင် အသင်းများ၏အဆင့်သတ်မှတ်ချက်များကို ၂၀၁၆ ခုနှစ် ဩဂုတ်လက ထွက်ရှိခဲ့သော ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အမျိုးသားလက်ရွေးစင်အသင်းများအဆင့်သတ်မှတ်ချက်ဖြင့် ဆုံးဖြတ်ခဲ့သည်။
ပြိုင်ပွဲပုံစံ
ပြိုင်ပွဲကျင်းပမည့်ပုံစံသည် အသင်းအရေအတွက်ပေါ်မူတည်၍ အပြောင်းအလဲပြုလုပ်ရန် အာရှ ဘောလုံးအဖွဲ့ချုပ် က ဆုံးဖြတ်ခဲ့သည်။ အကယ်၍ အသင်းကိုးသင်း ပါဝင်ခဲ့လျှင် လေးသင်း တစ်အုပ်စု၊ ငါးသင်းတစ်အုပ်စု ဟူ၍ အုပ်စု ၂ ခုခွဲပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးအသင်းများသည် ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်။ အကယ်၍ ရှစ်သင်းသာ ပါဝင်ခဲ့ပါက လေးသင်း ၂ အုပ်စု ခွဲ၍ အုပ်စုတစ်ခုစီမှထိပ်ဆုံး အသင်း ၂ သင်းစီသည် အကြိုဗိုလ်လုပွဲသို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ၂၀၁၆ ခုနှစ်ပြိုင်ပွဲတွင်မူ ခုနစ်သင်းသာပါဝင်ခဲ့ရာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံး ၂ သင်းစီသည် အကြိုဗိုလ်လုပွဲသို့ ယှဉ်ပြိုင်ခွင့်ရခဲ့သည်။
Remove ads
အုပ်စုအဆင့်
ပွဲချိန်များမှာ မလေးရှားစံတော်ချိန် (UTC+08:00) ဖြစ်သည်။
အုပ်စု (က)
အုပ်စု (ခ)
Remove ads
ရှုံးထွက်အဆင့်
ရှုံးထွက်အဆင့်တွင် သာမန်ပွဲကစားချိန်အတွင်း သရေကျနေပါက အချိန်ပို သို့မဟုတ် ပင်နယ်တီ ဖြင့် အနိုင်၊အရှုံးဆုံးဖြတ်သည်။ ပွဲချိန်များအားလုံးသည် မလေးရှားစံတော်ချိန် (UTC+08:00) ဖြစ်သည်။
အကြိုဗိုလ်လုပွဲရလဒ်များ
တတိယနေရာလုပွဲ
ဗိုလ်လုပွဲ
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads