၂၀၂၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

၂၀၂၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ
Remove ads

၂၀၂၇ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် ၂၀၂၇ခုနှစ်တွင် ကျင်းပမည့် ၃၄ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖြစ်သည်။ဘရူနိုင်းနိုင်ငံအား လက်ခံကျင်းပခွင့်ကို ပေးထားသော်လည်း ဘရူနိုင်းအစိုးရအနေဖြင့် စဉ်းစားနေဆဲဖြစ်သည်။[] ဘရူနိုင်းနိုင်ငံသည် ၁၉၉၉ ဘန်ဒါဆရီဘီဂါဝန်ပွဲတော်ကို ပထမဆုံးနှင့် နောက်ဆုံးအကြိမ် ကျင်းပပြီးနောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းမရှိတော့ပေ။၂၀၁၃၂၀၁၅၂၀၁၉ စသည့်ပွဲတော်များကို ကျင်းပရန် စီစဉ်ခဲ့သော်လည်း အကြိမ်ကြိမ်နုတ်ထွက်ခဲ့သည်။၂၀၂၁ခုနှစ်ပွဲတော်ကို အိမ်ရှင်အဖြစ်ကျင်းပမည့် ဗီယက်နမ်အားလည်း ၂၀၂၇ပွဲတော်အား ပြောင်းလဲကျင်းပရန် အကြံပြုလျက်ရှိနေကြသည်။သို့သော် ၂၀၂၇ခုနှစ်ပွဲတော်ကို လက်ခံကျင်းပမည့် နိုင်ငံအား ယခုအချိန်အထိ တိကျစွာ အတည်ပြုနိုင်ခြင်းမရှိသေးပေ။[][]၂၀၁၉ခုနှစ်ပွဲ​တော်အား အိမ်ရှင်အဖြစ် ကျင်းပခဲ့သည့် ဖိလစ်ပိုင်နိုင်ငံကလည်း ဘရူနိုင်းနှင့် လာအိုနိုင်ငံများ နုတ်ထွက်ခဲ့ပါက ဖိလစ်ပိုင်အ​နေဖြင့် ထိုပြိုင်ပွဲများကို လက်ခံကျင်းပရန် အသင့်ရှိ​​ကြောင်း ​ပြောကြားထားသည်။[]

အချက်တိုများ ကျင်းပရာမြို့, ပါဝင်သော နိုင်ငံများ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads