၂၀၂၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ

From Wikipedia, the free encyclopedia

Remove ads

(၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ခေါ် ၂၀၂၅ ဆီးဂိမ်း သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဇလပုရီ (ချွန်ဘူရီ)ခရိုင်နှင့် ဆောင်ခလာခရိုင်တို့တွင် ၂၀၂၅ခုနှစ် ဒီဇင်ဘာ (၅)ရက်​နေ့မှ (၂၀) ရက်​နေ့အထိ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။[] မြို့(၃)မြို့တွင် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် အတည်ပြုခဲ့သည်။ ဤသည်မှာ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ လက်ခံကျင်းပမည့်မြို့ကို ပထမဆုံးအကြိမ်အဖြစ် မဲပေးရွေးချယ်ခြင်းဖြစ်သည်။

အချက်တိုများ ကျင်းပရာမြို့, ပါဝင်သော နိုင်ငံများ ...

ထိုင်းနိုင်ငံသည် ၁၉၅၉၁၉၆၇၁၉၇၅၁၉၈၅၁၉၉၅၂၀၀၇ ပွဲတော်များကို အိမ်ရှင်အဖြစ် (၆)ကြိမ်ကျင်းပခဲ့ပြီး ၂၀၂၅ခုနှစ်တွင် သတ္တမအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။[]

Remove ads

လက်ခံကျင်းပခြင်း

အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ထုံးစံအရ ပြိုင်ပွဲများကို အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ်ဝင် နိုင်ငံများအကြား အလှည့်ကျ လက်ခံကျင်းပကြသည်။ နိုင်ငံတစ်ခုသည် မိမိအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်နှစ်ကို လက်ခံကျင်းပခြင်းမှ နုတ်ထွက်ခြင်း၊ အကြိမ်ပြောင်းလဲကျင်းပခြင်းတို့ ပြုလုပ်နိုင်သည်။

၂၀၁၉ ခုနှစ်ပွဲတော်ဂယက်

၂၀၁၇ခုနှစ် ဇူလိုင်လ (၂၁)ရက်​နေ့ တွင် ဖိလစ်ပိုင်အားကစားကော်မရှင်မှ ၂၀၁၉ ခုနှစ်ပွဲတော်ကို မူလက လက်ခံကျင်းပရန် စီစဉ်ထားသော်လည်း မာလဝီတွင် စစ်သွေးကြွများကြောင့်[] ပျက်စီးမှုများကို ပြန်လည်ထူထောင်ရန် ရန်ပုံငွေအတွက် ၂၀၁၉ ပွဲတော်ကျင်းပရေးမှ နုတ်ထွက်ခဲ့သည်။[]

၂၀၁၇ခုနှစ် ဩဂုတ်လ (၁၀)ရက်​​နေ့ တွင် ထိုင်းအမျိုးသားအိုလံပစ်ကော်မတီ ဒုဥက္ကဋ္ဌမှ ၂၀၁၉ ပွဲတော်ကို အစားထိုး လက်ခံကျင်းပရန် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာမှ လက်ခံကြောင်း အကြောင်းကြားလာသည်။ အိမ်ရှင်မြို့အဖြစ် ချင်းမိုင်၊ ချောင်ဘူရီ၊ ဆောင်ခလာမြို့များကို ရွေးချယ်ထားသည်။

သို့သော် ဩဂုတ်လ ၁၆ ရက်တွင် ဖိလစ်ပိုင် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌမှ ၂၀၁၉ ပွဲတော်ကို ဖိလစ်ပိုင်တွင်ပင် ကျင်းပမည်ဟု ကြေညာပြန်သည်။ သူသည် ဖိလစ်ပိုင်သမ္မတ ဒူတာဒေးကို အယူခံဝင်ခဲ့ခြင်း ဖြစ်သည်။ထို့​ကြောင့် ထိုင်းနိုင်ငံအ​နေဖြင့် မူလက စီစဉ်ထားသည့် ၂၀၂၅ခုနှစ်ပွဲ​တော်ကို အိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်သည်။

၂၀၂၅ခုနှစ်အတွက် အတည်ပြုခြင်း

၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပသော အရှေ့တောင်အာရှအားကစားအဖွဲ့ချုပ် အစည်းအဝေးတွင် ထိုင်းနိုင်ငံကို ၂၀၂၅ခုနှစ်အတွက် အိမ်ရှင်အဖြစ် အမည်တင်သွင်းခဲ့သည်။ ငါးလအကြာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သည် ၂၀၂၅ခုနှစ်ပွဲတော်အတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့သည်။ တဆက်တည်းတွင် မလေးရှားနှင့် စင်ကာပူနိုင်ငံများသည် ၂၀၂၇နှင့် ၂၀၂၉ ပွဲတော်များကို လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံများဖြစ်ကြောင်း ကြေညာခဲ့သည်။[]

အိမ်ရှင်မြို့ ​ရွေးချယ်ခြင်း

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၁ရက်နေ့တွင် ထိုင်းနိုင်ငံအိုလံပစ်ကော်မတီ၊ ဒုတိယဥက္ကဋ္ဌက အိမ်ရှင်မြို့အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကြရန် မူကြမ်းကို ထုတ်ပြန်ခဲ့သည်။ လက်ခံကျင်းပမည့်မြို့များအနေဖြင့် အားကစားကွင်းအသစ်များ ထပ်မံတည်ဆောက်ရန်မလိုပေ။

နောက်ထပ် အချက်အလက်များ တစ်မြို့ချင်း (၄), ခရိုင်ကျော်ဖြတ် လျှောက်ထားမှုများ (၄ ခု) ...

၂၀၂၅ ဆီးဂိမ်းအတွက် အိမ်ရှင်မြို့များ စာချုပ်ချုပ်ဆိုခြင်း

၂၀၂၄ ခုနှစ် ဇွန်လတွင် ပြုလုပ်ခဲ့သော ၂၀၂၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဆိုင်ရာ ပထမဆုံး SEAGF ကောင်စီအစည်းအဝေးအတွင်း၊ ဘန်ကောက်မြို့တော်ဝန် ချဒ်ချတ် စစ်တီပွန် (Chadchart Sittipunt)၊ ချွန်ဘူရီခရိုင်အုပ်ချုပ်ရေးမှူး သာဝပ်ချိုင်း ဆရီသွန် (Thawatchai Srithong) နှင့် ဆုန်ခလာခရိုင်အုပ်ချုပ်ရေးမှူး ဆွမ်နက်ခ် ပရွမ်ခရောက် (Somnuek Promkhieo) တို့က အိမ်ရှင်မြို့စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။[] ဤအခမ်းအနားသည် အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲများ၏ အိမ်ရှင်မြို့ သဘောတူညီချက်ပုံစံကို အခြေခံထားပြီး၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အိမ်ရှင်မြို့စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်သည်။[]

Remove ads

ပြိုင်ပွဲ ကျင်းပမည့် နေရာများ

Thumb
ဘန်ကောက်မက်ထရိုပိုလီတန်ဧရိယာ

၂၀၂၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဘန်ကောက်မြို့တော်ဧရိယာချွန်ဘူရီခရိုင်နှင့် ဆုန်ခလာခရိုင်တို့ရှိ လက်ရှိအားကစားရုံများကို အသုံးပြု၍ ကျင်းပသွားမည်ဖြစ်သည်။ ယင်းနေရာများတွင် ၁၉၈၅ ခုနှစ် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၊ ၁၉၉၈ ခုနှစ် အာရှအားကစားပြိုင်ပွဲနှင့် ၂၀၀၇ ခုနှစ် နွေရာသီ တက္ကသိုလ်အားကစားပြိုင်ပွဲ (ယခင်က ဘန်ကောက်မြို့တော်ဧရိယာ၌ ကျင်းပခဲ့သည်များ) တွင် အသုံးပြုခဲ့သော နေရာများလည်း ပါဝင်သည်။

Thumb
ချွန်ဘူရီ ခေါ် ဇလပုရီခရိုင်

ဘန်ကောက်နှင့် အနီးဝန်းကျင် ခရိုင်များဖြစ်သည့် နခွန်ပထုမ်နွန်ထဘူရီပထုမ်ဌာနီ၊ စမွတ်ပရာကန်နှင့် စမွတ်ဆခွန်တို့ ပါဝင်သော ဘန်ကောက်မြို့တော်ဧရိယာသည် အားကစားနည်း ၃၁ မျိုးအနက် အများစုကို လက်ခံကျင်းပမည်ဖြစ်သည်။ ထို့အတူ ချွန်ဘူရီခရိုင်က အားကစားနည်း ၁၅ မျိုးနှင့် ဆုန်ခလာခရိုင်က အားကစားနည်း ၁၀ မျိုးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။ ပွဲစဉ်နှစ်ခုသာ အခြားပြင်ပနေရာများတွင် ကျင်းပမည်ဖြစ်ရာ အမျိုးသားဘောလုံးပဏာမအဆင့်ပွဲစဉ်များကို ချင်းမိုင်တွင် လည်းကောင်း၊ သေနတ်ပစ် (Skeet shooting) ကို ရတ်ချဘူရီတွင် လည်းကောင်း ကျင်းပသွားမည်ဖြစ်သည်။[]

Thumb
ဟတ်ယိုင်မြို့၊ ဆောင်ခလာခရိုင်


Remove ads

ပင်မပြိုင်ပွဲ

ဖွင့်ပွဲ

၂၀၂၅ ခုနှစ်၊ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ စနမ်လောင် တော်ဝင်ကွင်းပြင်၌ ကျင်းပရန် စီစဉ်ထားသည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ကျင်းပခဲ့သော ၂၀၂၄ ခုနှစ် နွေရာသီ အိုလံပစ်နှင့် ပါရာလင်းပစ်ပြိုင်ပွဲများ၏ ဖွင့်ပွဲအခမ်းအနားကို စံနမူနာယူကာ ခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာန (MOTS) ဝန်ကြီး Sorawong Thienthong က ရိုးရာအားကစားကွင်းပြင်ပတွင် အခမ်းအနားတစ်စိတ်တစ်ပိုင်းကို ကျင်းပရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လူအများအပြား စုဝေးနိုင်သည့် နေရာများကို အသုံးပြုသွားမည်ဖြစ်သည်။ ထိုင်းအားကစားအာဏာပိုင်အဖွဲ့ (SAT) ၏ အုပ်ချုပ်ရေးမှူး Gongsak Yodmani ကလည်း Grand Palace နောက်ခံဖြင့် Sanam Luang ကို ဖွင့်ပွဲအခမ်းအနား၏ အဓိကနေရာအဖြစ် အသုံးပြုမည်ဖြစ်ကြောင်း ထပ်မံထုတ်ဖော်ပြောကြားခဲ့ပြီး Chonburi နှင့် Songkhla တို့ကလည်း ပြိုင်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု သိရသည်။

ဤသည်မှာ SEA Games သမိုင်းတွင် ဖွင့်ပွဲအခမ်းအနားကို ရိုးရာအားကစားကွင်းပြင်ပ၌ ဒုတိယအကြိမ်မြောက် ကျင်းပခြင်းဖြစ်ပြီး၊ ပထမအကြိမ်မှာ ၂၀၀၅ ခုနှစ် SEA Games ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Rizal Park အတွင်းရှိ Quirino Grandstand ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။


နောက်ထပ် အချက်အလက်များ 2025 SEA Games sports programme (finalists), 2025 SEA Games sports programme (demonstration events) ...
Remove ads

ပွဲများနှင့်အားကစား

ဆုတံဆိပ်ဇယား

Key

  *   အိမ်ရှင်

နောက်ထပ် အချက်အလက်များ အဆင့်, NOC ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads