၂ ထောင်စုနှစ်
ထောင်စုနှစ် From Wikipedia, the free encyclopedia
Remove ads
ဒုတိယ ထောင်စုနှစ် သည် ဂရီဂေါ့ရီးယန်း ပြက္ခဒိန်၏ သက္ကရာဇ် ၁၀၀၁ ဇန်နဝါရီ ၁ မှ ၂၀၀၀ ခုနှစ် ဒီဇင်ဘာ ၃၁ အထိ ကာလဖြစ်သည်။
၂ ထောင်စုနှစ်သည် မွန်ဂိုအင်ပါယာ၊ အသိဉာဏ်ခေတ်၊ ကိုလိုနီခေတ်၊ စက်မှုထွန်းကားလာခြင်း၊ ၁၉-၂၀ ရာစု သိပ္ပံပညာ၏ အကျိုးသက်ရောက်မှု၊ ပညာရေး ထွန်းကားလာခြင်း၊ ဆေးပညာနှင့် နိုင်ငံများတွင် ထိုးဆေးများ ပေါ်ထွက်လာခဲ့သည်။ စစ်မက်များတွင် ခေတ်မီနည်းပညာသုံး လက်နက်များဖြင့် ကမ္ဘာ့စစ်ပွဲများတွင် နယူးကလိယား လက်နက်များကို အသုံးချလာခဲ့သည်။ ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ၊ ကုလသမဂ္ဂတို့ ပေါ်ပေါက်ခဲ့ပြီး ဆရာဝန်၊ သူနာပြုများသည် နယ်စည်းမခြား ရောဂါကုသရေးတို့ကို အလေးထားဆောင်ရွက်ခဲ့သည်။
သိပ္ပံပညာရှင်များသည် ဉာဏဆိုင်ရာ လွတ်လပ်မှုကို ဖော်ဆောင်လာခဲ့ပြီး လူသားတို့သည် လကမ္ဘာသို့ ပထမဆုံးခြေလှမ်းကို ၂၀ ရာစု၌ လှမ်းနိုင်ခဲ့သည်။ ကမ္ဘာအနှံ့ နည်းပညာသစ်များကို တီထွင်ကြံဆခဲ့ကြကာ ပညာရေးနယ်ပယ်၌ နိုင်ငံတကာအတိုင်းအတာဖြင့် မျှဝေဖလှယ်ခဲ့ကြသည်။ ရေဒီယို၊ တယ်လီဗွီးရှင်း၊ အင်တာနက်တို့ကြောင့် သတင်းချက်အလက်သည် မိနစ်ပိုင်းအတွင်း ကမ္ဘာအနှံ့သို့ ပြန့်နှံ့နိုင်ခဲ့ကာ ၂၀ ရာစုနှောင်းပိုင်း၌ ဘီလီယံချီသည့် လူပေါင်းများစွာအား ပညာတတ်လာအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ကမ္ဘာ့လူဦးရေသည် ထောင်စုနှစ်၏ ပထမဆုံး ရာစုနှစ် ၇ ခုထက် ၂ ဆ တိုးပွားလာခဲ့သည်။ ၁၇၀၀ ခုနှစ်တွင် ၃၁၀ မီလီယံရှိရာမှ ၁၀၀၀ - ၆၀၀ မီလီယံသို့ လူဦးရေ တိုးပွားလာခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် ၆ ဘီလီယံသို့ ရောက်ရှိခဲ့သည်။ အကျိုးဆက်အနေဖြင့် ဆင်းရဲမွဲတေမှု၊ ကမ္ဘာကြီး ပူနွေးလာမှုနှင့် မျိုးသုဉ်းခြင်းဖြစ်ရပ်များ ပေါ်ပေါက်ခဲ့သည်။[၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads