မိုင်းခရပ်ဖ်

ဗီဒီယိုဂိမ်းတစ်မျိုး From Wikipedia, the free encyclopedia

မိုင်းခရပ်ဖ်
Remove ads

မိုင်းခရပ်ဖ်ဂိမ်း (အင်္ဂလိပ်: Minecraft) သမိုဂျန်း စတူဒီယို (Mojang Studios) မှ ဖန်တီးထားသော ဆန်းဒ်ဘောက်စ် ဗီဒီယိုဂိမ်းဖြစ်သည်။ ဤဂိမ်းကို ဂျာဗား (Java) ပရိုဂရမ်းမင်းဘာသာစကားဖြင့် "နော့ချ် (Notch)" ဟူ၍ အွန်လိုင်းတွင် လူသိများသော မားကက်စ် ပါစင် (Markus Persson) မှ ဖန်တီးခဲ့ခြင်းးဖြစ်သည်။ အစောပိုင်း ကိုယ်ပိုင်စမ်းသပ်ဗားရှင်းများစွာကို စမ်းသပ်ပြီးနောက်၊ ၎င်းကို ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလတွင် အပြည့်အဝ မဖြန့်ချိမီတွင် နော့ချ်မှ နုတ်ထွက်ကာ "ဂျက်ဘ် (Jeb)" ဟူ၍ အွန်လိုင်းတွင် လူသိများသော ဂျန်းစ် ဘာဂန်စတန် (Jens Bergensten) က ဖွံ့ဖြိုးတိုးတက်မှုအား တာဝန်ယူဆောင်ရွက်ခဲ့သည်။ Minecraft သည် နောက်ပိုင်းတွင် အခြား ပလက်ဖောင်းများစွာသို့ သယ်ဆောင်လာခဲ့သည်။ ၂၀၂၁ ခုနှစ်အထိ ကော်ပီ (copies) ပေါင်း ၂၃၈ သန်းကျော် ရောင်းချခဲ့ရပြီး လစဉ်အသုံးပြုသူ သန်း ၁၄၀ နီးပါးဖြင့် အရောင်းရဆုံး ဗီဒီယိုဂိမ်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် Mojang နှင့် Minecraft ၏ မူပိုင်ခွင့်ကို Microsoft က အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။

အချက်တိုများ မိုင်းခရပ်ဖ် Minecraft ...

Minecraft တွင် ဂိမ်းဆော့သူများသည် အဆုံးမရှိနီးပါး မြေပြင်အနေအထားဖြင့် ဘလောက်တုံးများ (blocks) နှင့် စီမံဖန်တီးထားသော 3D ကမ္ဘာကို စူးစမ်းရှာဖွေကာ ကုန်ကြမ်းများ (resources)၊ လက်မှုကိရိယာများ (tools) နှင့် ပစ္စည်းများ (items) ကို ရှာဖွေဖော်ထုတ်ကာ အဆောက်အအုံများ (structures)၊ မြေထုထည်များ (terrain) နှင့် ရိုးရှင်းသောစက်များ (simple machines) ကို တည်ဆောက်နိုင်သည်။ ဂိမ်းမုဒ် (game modes) ပေါ် မူတည်၍ ဂိမ်းဆော့သူများသည် ကွန်ပျူတာဖြင့် ထိန်းချုပ်ထားသော အကောင်များ (AI-controlled mobs) ကို တိုက်ထုတ်နိုင်သည့်အပြင် တူညီသောကမ္ဘာရှိ အခြားဆော့သူများနှင့် ပူးပေါင်းဆော့နိုင်ခြင်း (multiplayer) ဖြစ်နိုင်သည်။

Minecraft သည် အကဲဖြတ်သူများ၏ ချီးကျူးဂုဏ်ပြု ခံရပြီး ဆုများစွာကို ရရှိခဲ့ပြီး နောက်ပိုင်းတွင် ခေတ်အဆက်ဆက် အကောင်းဆုံး ဗီဒီယိုဂိမ်းများထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဆိုရှယ်မီဒီယာ (social media)၊ ပြောင်လှောင်မှု (parodies)၊ ရောင်းကုန်များနှင့် နှစ်စဉ် ကျင်းပသော မိုင်ကွန် (Minecon) အစည်းအဝေးကြီးများသည် ဂိမ်းကို ရေပန်းစားလာစေရန် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ ဓာတုဗေဒ (chemistry)၊ ကွန်ပြူတာအကူအညီပေးသည့် ဒီဇိုင်း (computer-aided design) နှင့် ကွန်ပျူတာသိပ္ပံ (computer science) တို့ကို သင်ကြားရန် ပညာရေးဆိုင်ရာ ပတ်ဝန်းကျင်များတွင်လည်း ဂိမ်းကို အသုံးပြုထားသည်။

Remove ads

ဂိမ်းကစားခြင်း

မိုင်းခရပ်ဖ်သည် ပြီးမြောက်ရန်လိုသော အဆင့်များ၊ ရည်မှန်းချက်များ မပါရှိသော 3D ဆန်းဒ်ဘောက်စ် ဗီဒီယိုဂိမ်းဖြစ်ပြီး ဆော့သူများအား ဂိမ်းကစားနည်းကို ရွေးချယ်ရာတွင် များစွာသော လွတ်လပ်မှုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။[၁၈]သို့သော်၊ ဂိမ်း၏ ဂျာဗားဗားရှင်းတွင် "advancements" ဟုလူသိများသောအောင်မြင်မှုစနစ်တစ်ခုရှိပြီး PlayStation ports များတွင် "ဆုဖလားများ" ရှိသည်။

ဂိမ်းရှိကမ္ဘာသည် အခြေခံအားဖြင့် အဆုံးမရှိဖြစ်သည်။ သို့သော်၊ ဆော့သူများသည် ၎င်းတို့၏ ကမ္ဘာကိုဖန်တီးသည့်အခါ ၎င်းတို့ပေါက်ဖွားသည့်နေရာမှ ဘလောက်ပေါင်း ၃၀,၀၀၀,၀၀၀ ထက်ကျော်လွန်သောနေရာများသို့ ဖြတ်သန်းသွားလာခြင်းမပြုရန် အတားအဆီးတစ်ခုရှိသည်။ ဂိမ်းသည် ဆော့သူများအနီးတွ င်ရှိသည့်အခါတွင်သာ ဖန်တီးထားသည့် သို့မဟုတ် ဒေါင်းလုဒ်လုပ်ထားသည့် ကမ္ဘာဒေတာကို "chuncks" ဟုခေါ်သော အပိုင်းငယ်များခွဲခြင်းဖြင့် ဖော်ပြပါ အတားအဆီးများဖြစ်စေသည်။[၁၉]ကမ္ဘာကြီးကို သဲကန္တာရမှ တောတောင်များအထိ နှင်းခင်းများအထိ ဇီဝမွှားအဖြစ် ပိုင်းခြားထားသည်။[၂၀] မြေမျက်နှာသွင်ပြင်တွင် လွင်ပြင်များ၊ တောင်များ၊ သစ်တောများ၊ ဂူများ၊ နှင့် ချော်ရည်များ/ရေများ ပါဝင်သည်။ ဂိမ်းတွင်းအချိန်စနစ်သည် နေ့နှင့်ည စက်ဝန်းကို လိုက်နာပြီး လည်ပတ်မှုတစ်ခုသည် လက်တွေ့တွင် မိနစ် (၂၀) ကြာပါသည်။

ဂိမ်းတွင် ကမ္ဘာသစ်တစ်ခုကို စတင်သောအခါ ဆော့သူများသည် ငြိမ်းချမ်းမှု (peaceful) အဆင်မှ့ အလွန်ခက်ခဲအဆင့် (hardcore)ဟူ၍ ဂိမ်းမုဒ်ငါးခုအနက်မှ တစ်ခုကို ရွေးချယ်ရမည်ဖြစ်သည်။ ဂိမ်း၏အခက်အခဲကို တိုးလာခြင်းသည် ဆောသူသည် ဂိမ်းရှိအကောင်များမှ ထိခိုက်မှုပိုမိုရရှိစေသည့်အပြင် အခြားအခက်အခဲများနှင့် အထူးသက်ရောက်မှုများပါရှိသည်။ ဥပမာအားဖြင့်၊ ငြိမ်းချမ်းသောအခက်အခဲသည် ရန်လိုသောလူအုပ်များပေါက်ပွားခြင်းမှကာကွယ်ပေးသည်၊ ခက်ခဲသောအခက်အခဲသည် ဆော့သူများအား ၎င်းတို့၏ဆာလောင်မှုပြသင်္ကေတ (hunger bar) ကုန်သွားပါက ငတ်သေသွားစေသည်။ ရွေးချယ်ပြီးသည်နှင့် အခက်အခဲကို ပြောင်းလဲနိုင်သော်လည်း ဂိမ်းမုဒ်ကို လော့ခ်ချထားပြီး မသမာနည်း (cheats) ဖြင့်သာ ပြောင်းလဲနိုင်သည်။

ဆော့သူသည် "ပြီးဆုံးစေသော နဂါး" (Ender Dragon) ကို အောင်မြင်စွာ တိုက်ခိုက်ပြီးမှသာလျှင် ဂိမ်းပြီးမြောက်သည်ဟု လူအများကခံယူကြသည်။

Remove ads

မှတ်စုများ

  1. Ports to consoles developed by 4J Studios;[] New Nintendo 3DS port developed by Other Ocean Interactive[]
  2. PC/Java, Android, iOS, Wii U, Nintendo 3DS, Nintendo Switch
  3. Xbox 360, Xbox One, Windows Phone, Windows 10 Edition
  4. PlayStation 3, PlayStation 4, PlayStation Vita
  5. 2009–2011
  6. 2011–present
  7. Samuel Åberg, Gareth Coker, Lena Raine, and Kumi Tanioka have also contributed since release.
  8. Minecraft was first publicly available on 17 May 2009,[] and was fully released on 18 November 2011.
Remove ads

ပြင်ပလင့်ခ်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads