Yangon Bus Service
YBS သို့မဟုတ် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု From Wikipedia, the free encyclopedia
Remove ads
Yangon Bus Service (အတိုကောက် YBS) သည် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ၏စီးပွားရေး မြို့တော်ဖြစ်သော ရန်ကုန်မြို့အတွက် အကောင်အထည်ဖော်ခဲ့သည့် ဘတ်စ်ကားဖြင့် သယ်ယူပို့ဆောင်ရေး ကွန်ယက်စနစ်တစ်ခု ဖြစ်သည်။[၁] ၎င်းစနစ်အား Yangon Region Transport Committee (YRTC) ဟုခေါ်သော ရန်ကုန်တိုင်းဒေသကြီး အများပြည်သူ သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်ကော်မတီ တာဝန်ယူ ကွပ်ကဲကြီးကြပ်သည်။[၂]

Remove ads
သမိုင်းကြောင်း
ဤဘတ်စ်ကားကွန်ယက်စနစ်ကို အကောင်အထည်မဖော်မီက ရန်ကုန်မြို့၏ ဘတ်စ်ကားဖြင့် သယ်ယူပို့ဆောင်ရေးစနစ်ကို (မ.ထ.သ ဟုရည်ညွှန်းသတ်မှတ်ထားသည့်) ရန်ကုန်တိုင်း မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီက စိုးမိုးကွပ်ကဲခဲ့ပြီး ရန်ကုန်မြို့ရှိ ခရီးသည် ၂.၈ သန်းခန့်အား နေ့စဉ်ဝန်ဆောင်မှု ပေးနေခဲ့သည်။ ပုဂ္ဂလိကဘတ်စ်ကားကုမ္ပဏီများသည်လည်း ယာဉ်လိုင်းကြောင်း အရေအတွက် အနည်းငယ်ဖြင့်သာ နေ့စဉ်ပြေးဆွဲခဲ့သည်။ ရန်ကုန်မြို့ရှိ ဘတ်စ်ကားပေါင်း ၇,၈၀၀ ရှိသည့် အနက်မှ အစီးရေ ၄,၀၀၀ ခန့်သည် ယာဉ်လမ်းကြောင်းပေါင်း ၃၀၀ ခန့်အား ရန်ကုန်မြို့တွင်း လူသွားလူလာများသော လမ်းမကြီးများတစ်လျှောက် နေ့စဉ်ပြေးဆွဲပေးနေခဲ့သည်။[၃]
အဆိုပါ မ.ထ.သ ဘတ်စ်ကားစနစ်အား စစ်ဆေးပြုပြင်ခဲ့ရသည့် အကြောင်းရင်းများစွာထဲမှ တစ်ခုမှာ ဘတ်စ်ကားယာဉ်မောင်းသူများသည် ဘတ်စ်ကားကုမ္ပဏီများ၏ မူလစည်းကမ်းချက်များကို ဆန့်ကျင်၍ ခရီးသည်များ၏ဘေးကင်းလုံခြုံမှုကို လျစ်လျူရှုပြီး ၎င်းတို့၏ယာဉ်လိုင်းများထဲမှ လမ်းကြောင်းတူအခြားသောဘတ်စ်ကားများထက် ခရီးသည်များများရရှိကာ အကျိုးအမြတ်များများ ရရှိစေရန် အန္တရာယ်ကြီးစွာ အပြိုင်အဆိုင် ယှဉ်ပြိုင်မောင်းနှင်ကြသည့်အတွက် တိုင်ကြားစာများ များပြားလာခဲ့ခြင်းကြောင့် ဖြစ်သည်။ ယာဉ်အကူလုပ်သား (အရပ်အခေါ် စပါယ်ယာ) များကိုလည်း ၎င်းတို့၏ ဆိုးသွမ်းလှသော သဘောထား၊ ပြုမူလုပ်ဆောင်ချက်များနှင့် ခရီးစဉ်လမ်းကြောင်းအတွက် ကျသင့်သည်ထက် ယာဉ်စီးခများ ပိုမိုကောက်ခံခြင်းများကြောင့် ဝေဖန်မှုများ မြင့်တက်လာခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် အများပြည်သူအတွက် သယ်ယူပို့ဆောင်ရေးဆိုင်ရာပြဿနာကို မီးမောင်းထိုးပြသကာ အသွင်ပြောင်းဆောင်ရွက်ခဲ့သည်။
ယခုအခါ ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံမှ Government To Government ဖြင့် မှာယူထားသော Yutong, Ankai Model အသစ်များ ၊ Transportation Company များမှ မှာယူထားသော Foton Model အသစ်များ ၊ တောင်ကိုရီးယားမှ တစ်ပတ်ရစ်ဘတ်စ်ကားများ ၊ Mini Bus များဖြင့် ၂၀၂၄ ခုနှစ်အထိ ရရှိထားသည့် ဒေတာများအရ ၁၃၂ လိုင်း ပြေးဆွဲလျက်ရှိပါသည်။
မြို့ပြသယ်ယူပို့ဆောင်ရေးနှင့်အညီ ပုံမှန်ယာဉ်လိုင်းများအပြင် တက္ကသိုလ် ၄ ခုကို ချိတ်ဆက်ပြေးဆွဲသော YBS ၁၀၁ ၊ ရန်ကုန်မြို့ပတ် ၊ ဆူးလေ <> လေဆိပ် ၊ ဒဂုံဧရာအဝေးပြေး <> အောင်မင်္ဂလာအဝေးပြေးများကို ပြေးဆွဲခဲ့ပြီး ယခု ၂၀၂၄ ခုနှစ်တွင် ဆူးလေ <> လေဆိပ် ( ပြည်လမ်း ) တစ်ခုတည်းသာ ကျန်ရှိခဲ့ပြီး ထိုလမ်းကြောင်းမှာလည်း လေဆိပ်မဝင်စနစ်ဖြင့် အဝိုင်းပတ်ပြေးဆွဲလျက် ရှိပါသည်။
ယခု ၂၀၂၄ ခုနှစ်တွင် YBS နှင့်ပတ်သတ်သည့် ထူးခြားတိုးတတ်လာသည့် ဖြစ်စဉ်တစ်ခုမှ မရှိပါ။

Remove ads
အကောင်အထည်ဖော်ဆောင်ရွက်မှု
ရန်ကုန်မြို့ရှိ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးကွန်ယက်စနစ်အား အသွင်ကူးပြောင်းရေးမပြုလုပ်မီ ရန်ကုန်မြို့၏ ဘတ်စ်ကားကွန်ယက်စနစ်တိုးတက်လာစေရန် အသေးစားပြုပြင်ပြောင်းလဲမှုများအား ရှေ့ပြေးအနေဖြင့် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ထိုအထဲတွင် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူဘတ်စ်ကားသယ်ယူပို့ဆောင်ရေးကုမ္ပဏီ (Yangon Bus Public Company Ltd.) မှ တာဝန်ယူကြီးကြပ်ကွပ်ကဲရသော ရန်ကုန်မြို့၏ ပထမဆုံးသော Bus Rapid Transit (BRT) စနစ်ကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။ BRT စနစ်သည် ရန်ကုန်မြို့ရှိ များစွာသော ယာဉ်လမ်းကြောင်းများထဲမှ ယာဉ်လမ်းကြောင်းနှစ်ခုအတွက်သာ ပြေးဆွဲနေခဲ့သော်လည်း ယာဉ်စီးခကောက်ခံရာတွင် မြန်မာနိုင်ငံတွင် ပထမဆုံးသော ကဒ်စနစ် (အီလက်ထရောနစ် ငွေပေးချေမှုစနစ်) ကို ကျင့်သုံးခဲ့ခြင်းနှင့် ဘတ်စ်ကားများအားလုံးတွင် လေအေးပေးစက်များ တပ်ဆင်ထားရှိမှုကြောင့် ခရီးသွားပြည်သူများအကြား ရေပန်းစားလာခဲ့ပြီး အထိုက်အလျောက် အောင်မြင်မှု ရရှိခဲ့သည်။
အဆိုပါဘတ်စ်ကားကွန်ယက်စနစ်သစ် (YBS) တွင် ယခင်က မြို့တွင်းပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၃၀၀ ကျော်အား ယာဉ်လိုင်း 100 ကျော်အထိသာ လျှော့ချထားသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်သည်။[၄]
Remove ads
ဝေဖန်ခံရမှု
ယင်း ဘတ်စ်ကား စနစ်သစ်သည် ပြည်သူလူထုနှင့် လုံလောက်စွာ တိုင်ပင်ဆွေးနွေးမှု မရှိခြင်း၊ ကြာရှည်စွာ စောင့်ဆိုင်းရခြင်း၊ ခရီးသွား ပြည်သူများအား ဝန်ဆောင်ပေးမှု ညံ့ဖျင်းခြင်းနှင့် မဆင်မခြင် ယာဉ်မောင်းများတို့ကြောင့် ဝေဖန်ခံနေရသည်။ ရန်ကုန် ဘတ်စ်ကား ဝန်ဆောင်မှုကို ပွင့်လင်း မြင်သာစွာ ပြန်လည် သုံးသပ်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များက ၇ ဧပြီ ၂၀၁၇ တွင် တောင်းဆိုခဲ့သည်။[၅]
ဤစနစ်သစ်စတင်လည်ပတ်သောအချိန်တွင် ယခင် မထသ ကားဖြင့်တစ်ခါသာစီးလျှင်ရောက်လိုသည်မှတ်တိုင်ကိုရောက်သော်လည်း YBS ဖြင့်နှစ်ဆင့် သုံးဆင့်စီးရသဖြင့် စတင်ပြေးဆွဲသည့်ကာလတွင်ဝေဖန်မှုများမြင့်တက်ခဲ့သေးသည် သို့သော်လည်းအစိုးရမှ ဘတ်စ်ကားလိုင်းအသစ်များထပ်မံထည့်သွင်းပေးခဲ့သဖြင့်ဝေဖန်မှုများငြိမ်သွားခဲ့သည်။
ဓာတ်ပုံများ

ကိုးကား
ပြင်ပလင့်ခ်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads