ကဘော်ချိုင့်ဝှမ်း

From Wikipedia, the free encyclopedia

Remove ads

ကဘော်ချိုင့်ဝှမ်း သည် စစ်ကိုင်းတိုင်းဒေသကြီး အနောက်ပိုင်းတွင် တည်ရှိသည့် ကုန်းမြင့်ချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၏ နယ်နိမိတ်နှင့် နီးကပ်စွာ တည်ရှိသည်။[] ချိုင့်ဝှမ်းသည် ရိုးမတောင်တန်းများနှင့် ဟီးရော့တောင်တန်း (Heerok) များအကြားတွင် တည်ရှိသည်။ ထိုတောင်များသည် လက်ရှိအချိန်တွင် မဏိပူရပြည်နယ်နှင့် ချင်းတွင်းမြစ်အကြား နယ်နိမိတ်မျဉ်းဖြစ်သည်။[] ချိုင့်ဝှမ်းတွင် တိုင်းရင်းသားလူမျိုးစုများစွာ နေထိုင်ကြသည်။ ထိုလူမျိုးစုများတွင်  Meitei (ကသဲလူမျိုးနှင့် Paona), the Thadou လူမျိုး, Kuki people, မီဇိုလူမျိုး, the Kadu နှင့် Kanan စသည့် လူမျိုးများ ပါဝင်ကြသည်။

အချက်တိုများ ကဘော်ချိုင့်ဝှမ်း, နိုင်ငံ ...

ပထမ အင်္ဂလိပ် - မြန်မာစစ်အတွင်း မဏိပူရမင်းသား Gambhir Singh သည် မြန်မာနိုင်ငံမှ ကဘော်ချိုင့်ဝှမ်းကို သိမ်းပိုက်ရယူနိုင်ခဲ့သည်။ မဏိပူရအောက်ပိုင်းရှိ ဒေသများသည် နှစ်ပေါင်းများစွာ အုပ်ချုပ်မှုလက်အတွင်းသို့ ကျရောက်ခဲ့သည်။ ၁၈၁၃ ခုနှစ် မဏိပူရဘုရင်ဟောင်း Marjit Sing လက်ထက်တွင် ချိုင့်ဝှမ်းရှိ ဒေသများကို ဗမာတို့က သိမ်းယူခဲ့ကြပြီး ဗြိတိသျှလူမျိုးအရေးပိုင်ဖြစ်သူ ဗိုလ်ချုပ်ကြီး Burney က မြန်မာပိုင်အဖြစ် အသိအမှတ် ပြုခဲ့သည်။[] ၁၈၃၄ ခုနှစ်တွင် ဗြိတိသျှတို့သည် ချိုင့်ဝှမ်းကို မြန်မာတို့ဆီသို့ ပြန်လည်အပ်နှင်းခဲ့သည်။[][] ဗြိတိသျှတို့သည် မဏိပူရပြည်နယ်အား နှစ်ပတ်လည်ထောက်ပံ့ငွေ ပေးအပ်ကာ ဆုံးရှုံးခဲ့ရသည့် နယ်မြေအတွက် လျော်ကြေးပေးခဲ့ရသည်။[][][၁၀][၁၁][၁၂]

Remove ads

သမိုင်းကြောင်း

ကဘော်ချိုင့်ဝှမ်းဒေသသည် လက်ရှိမြန်မာနိုင်ငံ၏ မြို့တစ်မြို့ဖြစ်သည့် အင်းဝ (ယခင် - မင်းနေပြည်တော်ဖြစ်ခဲ့) နှင့် မဏိပူရပြည်နယ်အကြားတွင် သမိုင်းအစဉ်အလာအရ နယ်နိမိတ် ဖြစ်ခဲ့သည်။ ထိုအချိန်က ဤချိုင့်ဝှမ်းဒေသကို Kangleipak ဟု Meitrabak ဟု သိကြသည်။[၁၃] ဘုရင် Kiyamba (1467-1508) နှင့် မဟာမိတ်ဖြစ်သည့် အနီးအနားရှိ Pong ၏ ဘုရင် Chaopha Khe Chomba တို့နှစ်ဦးသည် ၁၄၇၅ ခုနှစ်တွင် ကဘော်ချိုင့်ဝှမ်းဒေသကို သိမ်းယူခဲ့သည်။[၁၄] ၁၈၅၂ ခုနှစ်နှောင်းပိုင်းတွင် ကာလကတ္တားတွင် ထုတ်ခဲ့သည့် မြေပုံအရဆိုကပါက ဤဒေသကို မဏိပူရပြည်နယ်အတွင်း ထည့်သွင်းခဲ့သည်။[၁၅][၁၆] ထိုပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ရန္တပိုစာချုပ်၏ အချက်အလက်များကိုလည်း သတိမူရန် လိုမည်ဖြစ်သည်။[၁၇] ချင်းတွင်းမြစ်သည် မဏိပူရပြည်နယ်နှင့် မြန်မာအကြား သဘာဝအတိုင်းဖြစ်နေသည့် နယ်နိမိတ်စည်းမျဉ်းတစ်ခု ဖြစ်သည်။[၁၈] ၁၈၃၄ ခုနှစ်တွင် ဗြိတိသျှနှင့် မဏိပူရအစိုးရတို့အကြားတွင် ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရသို့ ပြန်လည်လွှဲပြောင်းပေးရန်နှင့် လစဉ်ထောက်ပံ့နေမှုကို ရပ်နားကြရန် သဘောတူခဲ့ကြသည်။[၁၉]

Remove ads

လူမှုအဖွဲ့အစည်း

Thumb
Survey map showing Imphal valley along with Kabaw valley (AMS, 1955, based on Survey of India maps prior to 1942)

ချိုင့်ဝှမ်း၏ မြောက်ဘက်အဆုံးပိုင်းတွင် Humine၏ မဏိပူရမြို့သည် မြန်မာနိုင်ငံ၏ ပထမဆုံးမြို့ဖြစ်သည့် Zedi နှင့်အတူ တည်ရှိနေသည်။[၂၀][၂၁] ထိုဒေသတွင် Meeteis, Nepalis, Kukis, Chins, Kados, နှင့် Kanans တို့ မှီတင်းနေထိုင်ကြသည်။

အိန္ဒိယနိုင်ငံ၊ Moreh မြို့သည် မဏိပူရပြည်နယ်၏ နယ်နိမိတ်ထိစပ်နေသည့်မြို့ဖြစ်ကာ မြန်မာနိုင်ငံဘက်တွင် တမူးမြို့သည် နယ်နိမိတ်ထိစပ်နေသည်။ ထိုမြို့နှစ်မြို့သည် နယ်စပ်ဒေသ ကုန်သွယ်ရေးအမြွှာမြို့နှစ်ခုဟု သတ်မှတ်ကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads