ကရင်သားမွေး၊ ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး

From Wikipedia, the free encyclopedia

Remove ads

ကရင်သားမွေး၊ ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေးသည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

ကရင်သားမွေး ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး: ဤဆိုရိုးစကားသည် ရှေးမြန်မာလူမျိုးတို့၏ ယုံကြည်မှုအရ မင်္ဂလာရှိသောနေ့ရက်များနှင့် မင်္ဂလာမရှိသောနေ့ရက်များကို ခွဲခြားသတ်မှတ်ထားခြင်းဖြစ်သည်။ ထိုယုံကြည်မှုအရ ခေါင်းလျှော်ရန် သင့်လျော်သောနေ့များနှင့် မသင့်လျော်သောနေ့များကို ဖော်ပြထားသည်။

ဆိုလိုသည်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် ကြာသပတေးနေ့များသည် ခေါင်းလျှော်ရန် မသင့်လျော်သောနေ့များဖြစ်ပြီး တနင်္ဂနွေ၊ အင်္ဂါနှင့် စနေနေ့များသည် ခေါင်းလျှော်ရန် သင့်လျော်သောနေ့များဖြစ်သည်။ "ကရင်သားမွေး" သည် မလျှော်သင့်သောနေ့များကို ကိုယ်စားပြုပြီး "အိုးစည်တီး" သည် လျှော်သင့်သောနေ့များကို ကိုယ်စားပြုသည်။ ဤသို့ မှတ်သားရခြင်းမှာ လွယ်ကူစေရန်အတွက် အက္ခရာတစ်လုံးစီကို နေ့တစ်နေ့စီနှင့် ဆက်စပ်မှတ်သားထားခြင်းဖြစ်သည်။

  • က = တနင်္လာ
  • ရင် = ဗုဒ္ဓဟူး
  • သား = သောကြာ
  • မွေး = ကြာသပတေး
  • အိုး = တနင်္ဂနွေ
  • စည် = အင်္ဂါ
  • တီး = စနေ

ထို့အပြင် အခြားဆိုရိုးစကားများလည်း ရှိသေးသည်။ ဥပမာ- "အောင်စည်တီးခေါ် နေ့သုံးဖော် လျှော်လေဦးခေါင်းသာ၊ ကုလားမသား နေ့လေးပါး ခေါင်းကားမလျှော်ရာ" နှင့် "ကရင်သားမွေး ခေါင်းမဆေးနှင့်၊ စွံထန်းအေး ခေါင်းဆေးတော့" တို့ဖြစ်သည်။ ယင်းဆိုရိုးစကားများသည် အဓိပ္ပာယ်တူညီကြသည်။

Remove ads

ကိုးကားချက်များ

  • "ကရင်သားမွေး ခေါင်းမဆေးနှင့်၊ အိုးစည်တီး ပြီးအောင်ဆေး။" []
  • "အောင်စည်တီးခေါ် နုံ့သေးဖော် လျှော်လေ ဦးခေါင်းသာ၊ ကုလားမသား နေ့လေးပါး ခေါင်းကားမလျှော်ရာ။" []
  • "ကရင်သားမွေး ခေါင်းမဆေးနှင်၊့ စွံထန်းအေး ခေါင်းဆေးတော့။" []

မှတ်ချက်

ယင်းအဆိုအမိန့်သည် တနင်္ဂနွေသားတစ်ဦးတည်းအတွက်သာ မှန်ပြီး ကျန်နေ့နံများတွင် ခေါင်းမလျှော်သင့်သော နေ့များကို မိမိ၏ မွေးနံမှ တစ်ခုမြောက်၊ လေးခုမြောက်၊ ငါးခုမြောက်နှင့် ခြောက်ခုမြောက်နေ့များကို ယူရမည်။ ခေါင်းလျှော်သင့်သော နေ့များမှာ မွေးနေ့၊ သုံးခုမြောက်နေ့နှင့် ခုနစ်ခုမြောက်နေ့တို့ဖြစ်ကြသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads