ကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း

From Wikipedia, the free encyclopedia

Remove ads

ကိမ်းဘရစ်ချ်တက္ကသိုလ် ပုံနှိပ်လုပ်ငန်းနှင့် စစ်ဆေးအကဲဖြတ်ခြင်း သည် ကိမ်းဘရစ်ချ်တက္ကသိုလ်၏ ဌာနတစ်ခုဖြစ်သည်။ ကမ္ဘာလုံးအနှံ့ ပညာရပ်ဆိုင်ရာ၊ ပညာရေးဆိုင်ရာ ပုံနှိပ်လုပ်ငန်းကြီးတစ်ခုဖြစ်ပြီး ပညာရေးဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းများကို ဦးဆောင်ပံ့ပိုးနေသော အဖွဲ့လည်းဖြစ်၏ ။ ထုတ်ဝေသူအနေဖြင့် လုပ်ငန်းသည် နိုင်ငံပေါင်း လေးဆယ်ထက်မနည်းသော နေရာများတွင် ကမ္ဘာလုံးဆိုင်ရာ ရောင်းချသောနေရာများ၊ ထုတ်ဝေရာ၏ ဗဟိုချက်များ၊ ရုံးခန်းများ တည်ရှိသည်။ နိုင်ငံပေါင်း (၁၀၀) ကျော်မှ စာရေးဆရာများစွာတို့၏ ခေါင်းစဉ်ပေါင်း ၅၀,၀၀၀ ကျော်ကို ဖြန့်ချိပြီးဖြစ်သည်။ ထုတ်ဝေရာ၌လည်း တက္ကသိုလ်ပညာရပ်ဆိုင်ရာ ဂျာနယ်၊ အကြောင်းအရာတစ်ရပ်ကို အသေးစိတ်ပြုထားသော စာတမ်းများ (monograph) ၊ ရည်ညွှန်းကိုးကား စာအုပ်/ကျမ်းများ ၊ ကျောင်း/တက္ကသိုလ် ပြဋ္ဌာန်းစာအုပ်များ၊ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ သင်ကြား/သင်ယူရေး စာအုပ်များ စသဖြင့် မြောက်မြားစွာ ထုတ်ဝေခဲ့သည်။ ပညာရေးဆိုင်ရာ စစ်ဆေးအကဲဖြတ်ခြင်းကို ပံ့ပိုးသူအနေဖြင့် နိုင်ငံ (၁၇၀) မှ လေ့လာသူ ရှစ်သန်းကျော်ကို စစ်ဆေး၊ စိစစ်၊ အကဲဖြတ်ပေးပြီးဖြစ်သည်။[][] စစ်ဆေးအကဲဖြတ်ခြင်းအဖွဲ့အစည်းအချို့ကိုလည်း စီမံဆောင်ရွက်ရာ "Oxford, Cambridge and RSA Examinations" (OCR) ၊ "Cambridge Assessment International Education" ၊ "Cambridge Assessment Admissions Testing" များအပြင် အင်္ဂလိပ်စာ လေ့လာသင်ယူသူများအတွက် "Cambridge Assessment English" ကိုလည်း ဆောင်ရွက်သည်။

အချက်တိုများ ဖွဲ့စည်းခြင်း, Merger of ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads