ကျော်သန်းမြင့်(ဗန်းမော်)

From Wikipedia, the free encyclopedia

Remove ads

စာရေးဆရာကျော်သန်းမြင့် (အမည်ရင်း ကျော်သန်းမြင့်) (၁၈ အောက်တိုဘာ ၁၉၄၆ - ၃၁ မေ ၂၀၁၁) ဗန်မော်ဇာတိဖြစ်၍ အဖ ဦးချို အမိဒေါစိန်တို့၏အကြီးဆုံးသားဖြစ်ကာ မွေးချင်းလေးဦးရှိသည်။ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာဘွဲကို ပြင်ပမှ ဖြေဆိုရရှိခဲ့သည်။

၁၉၆၅ တံခွန်ဂျာနယ်တွင်ရေးသားသောကဗျာများမှတဆင့် စာပေနယ်ထဲ ဝင်ရောက်ခဲ့သည်။ ၁၉၉၄ တွင်ဗန်းမော်မြို့နယ် သမဝါယမဦးစီးဌာန ဒုတိယဦးစီးမှူးရာထူးဖြင့် အငြိမ်းစားယူသည်။ ၂၀၀၂ မှ ၂၀၁၀ ထိ သရဖူမဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

Remove ads

ရရှိခဲ့သောဆုများ

  1. ထွန်းဖောင်ဒေးရှင်းဆု (မြန်မာ့ရုပ်ရှင်ငွေကြယ်ပွင့်တို့၏ ရုပ်ပုံလွှာများ)

ရေးသားခဲ့သော စာအုပ်များ

  1. ဗန်းမော်မြို့ ရွှေကျီးနာဘုရား သမိုင်း (၁၉၉၄)
  2. သမိုင်းဖြစ်စဉ်ထဲက မင်းဆွေမင်းမျိုးတို့၏ ရုပ်ပုံလွှာများ
  3. စာပေအနုပညာရှင်များ
  4. ဗန်မော်မြို့မှ ပေါ်ထွန်းခဲ့သည့် ကျွန်းဆွယ်အားကစား ချန်ပီယံများ
  5. တစေ့တစောင်း ပုံရိပ်များ[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads