ကြာသပတေးနေ့
ရက်သတ္တပတ်၏ နေ့ From Wikipedia, the free encyclopedia
Remove ads
ကြာသပတေး ရာဇမတ္တဏ်ကျမ်းအရ ကြာသပတေး သည် သိဒ္ဓတိုင်း၊ အင်္ဂီရသအနွယ်၊ "ကျာသပတေး" ကို အစွဲပြု၍ ခေါ်သည် ဟု ဆို၏။ ပုဂံကျောက်စာတို့၌ "ကြာသပတိယ်" နှင့်ဆင်တူအရေးအသားကို တွေ့ရသည်။ ယင်းပုဒ်သည် "ဗြိဟသ္ပတိ" မှ သော်လည်းကောင်း၊ ယင်းနှင့်အနက်တူ "ဝစသံပတိ (ဝါ) ဝကျသံပတိ" မှသော်လည်းကောင်း လာဟန်ရှိကြောင်း ဦးဖိုးလတ်က ဆိုသည်။ ယင်းပုဒ်နှစ်ခုစလုံး၏ အနက်မှာ "ဝစသာ = စကား + ပတိ = အရှင်" = စကား၏အရှင် ဖြစ်သည်။ မြန်မာ ကျောက်စာ၌ ရေးသော "ပတိယ်" သည် ခေတ်အရေးအသားနှင့်ဆိုသော် "ပတိ" နှင့် အတူတူပင်ဖြစ်၏။[၁]
Remove ads
ဂြိုဟ်အဆင်းအရောင်
- ဂြိုဟ်သက် (၁၉)နှစ်၊
- ကြွက်၊
- အနောက်အရပ်၊
- သောမဂြိုဟ်၊
- အဝါ၊ အနက်၊ အဖြူရောသောအဆင်း၊
- ပ၊ ဖ၊ ဗ၊ ဘ၊ မ၊
- မြန်မာလူမျိုး
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads