ကွမ်တမ်ဒြပ်ဆွဲအားသီအိုရီ

From Wikipedia, the free encyclopedia

Remove ads

ကွမ်တမ်ဒြပ်ဆွဲအား ဆိုသည်မှာ ကွမ်တမ် အကျိုးသက်ရောက်မှုများကို လျစ်လျူမရှုနိုင်သည့်နေရာများ၌ ကွမ်တမ် မက္ကင်းနစ်နိယာမများအရ ဒြပ်ဆွဲအားကို ဖော်ပြသည့် သီအိုရီဆိုင်ရာ ရူပဗေဒနယ်ပယ်တစ်ခုဖြစ်သည်။[] လက်ရှိ နားလည်ထားသော ဒြပ်ဆွဲအားဆိုသည်မှာ အိုင်းစတိုင်းယေဘုယျနှိုင်းရသီအိုရီကို အခြေခံထားသည်။[] သို့သော် ဂြိုဟ်ကြယ်တို့ကဲ့သို့ ကြီးမားသည့် အရာဝတ္ထုတို့၏ ဒြပ်ဆွဲအားကို ဖော်ပြရာတွင် ယေဘုယျနှိုင်းရသီအိုရီသည် ကောင်းမွန်စွာ ပြေလည်ပြီး ကွမ်တမ် မက္ကင်းနစ်သည် အက်တမ်ထက် သေးငယ်သော အမှုန်များကြားရှိ အားများကို ဖော်ပြသည့်သီအိုရီဖြစ်ရာ ယင်းသီအိုရီနှစ်ခုကို ပေါင်းစပ်ပြေလည်စေနိုင်သည့် သီအိုရီမှာ အငြင်းပွားဖွယ်ဖြစ်လျက်ရှိသည်။ လူအများစုက ကွမ်တမ်ဒြပ်ဆွဲအား သီအိုရီသည် တွင်းနက်များ၏ အပြုအမူနှင့် စကြဝဠာ၏ ဇာတ်မြစ်တို့ကို နားလည်ရာ၌ အခက်အခဲများကို ဖြေရှင်းပေနိုင်ရန် မျော်လင့်ထားကြသည်။[]




Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads