ခုတင် (၅၀၀) ဆံ့အထူးကုဆေးရုံကြီး၊ ရန်ကုန်

From Wikipedia, the free encyclopedia

ခုတင် (၅၀၀) ဆံ့အထူးကုဆေးရုံကြီး၊ ရန်ကုန်map
Remove ads

ခုတင် (၅၀၀) ဆံ့အထူးကုဆေးရုံကြီး၊ ရန်ကုန် သည် ရန်ကုန်မြို့တွင် တည်ရှိသည့် အထူးကုဆေးရုံတစ်ခု ဖြစ်သည်။ ဆေးရုံကို ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ပထမဆုံး ဖွင့်လှစ်ခဲ့သည်။[] ဆေးရုံသည် လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလ်မးတွင် တည်ရှိသည်။ ရန်ကုန်ဆေးရုံကြီးမှ လမ်းလျှောက်သွားမည်ဆိုပါက ၂၀ မိနစ် ကြာမြင့်သည်။ ဤဆေးရုံသည် ယခင်က စွမ်းအင်ဝန်ကြီးဌာနအဖြစ် အသုံးပြုခဲ့သည့် အဆောက်အဦကို ပြုပြင်မွမ်းမံကာ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။[] ဤဆေးရုံကို မြန်မာနိုင်ငံကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ ပုဂ္ဂလိကကုမ္ပဏီများဖြစ်ကြသည့် Original Group, A1, Golden Flower and Shwe Taung Development တို့က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကုမ္ပဏီများဘက်မှ အမေရိကန်ဒေါ်လာ ၇.၆ သန်းကျော် ထောက်ပံ့ပေးပြီး ကျန်းမာရေးဝန်ကြီးဌာနက အတွင်းပိုင်းအပြင်အဆင်၊ လိုအပ်သည့် ပစ္စည်းများနှင့် ဝန်ထမ်းများအတွက် တာဝန်ယူရသည်။ []ဤဆေးရုံကို နောင်ကာလတွင် အသည်းနှင့် ကျောက်ကပ်အဓိကကုသပေးသည့် ဆေးရုံတစ်ခုအဖြစ် ရည်ရွယ်ထားသည်။[]

အချက်တိုများ ခုတင် (၅၀၀) ဆံ့အထူးကုဆေးရုံကြီး၊ ရန်ကုန်, ပထဝီဝင်ဆိုင်ရာ ...

၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဆေးရုံနှင့် ကျန်းမာရေးဝန်ဆောင်မှုများကို စတင်ခဲ့သည်။ ခွဲစိတ်မှုနှင့် အထူးကုဌာနများသည် ၂၀၁၄ ခုနှစ်၊ ဇွန်လအကုန်တွင် စတင်ခဲ့သည်။[] အစိုးရ၏ ထောက်ပံ့မှုဖြင့် modular operation theater နှင့် air handing unit နှင့် အထူးကုဌာနတစ်ခုကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၃၀ ရက်ကတည်းက စတင်ခဲ့သည်။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လမှစတင်ကာ ဆေးရုံတွင် လူနာစုစုပေါင်း ၄၃၈၅ ဦးကို ကုသပေးခဲ့ပြီး ဆေးရုံကို လာရောက်ခဲ့သည့် လူနာအရေအတွက်သည် ၁၃၂၄၆ ဦး ရှိခဲ့သည်။[]

ဆေးရုံတွင် ပါမောက္ခ ၅ ဦး၊ အကြီးတန်းဆရာဝန် ၈ ဦး၊ အငယ်တန်းဆရာဝန် ၂၂ ဦးနှင့် လက်ထောက်ခွဲစိတ်ဆရာဝန် ၂၅ ဦး၊ သူနာပြု ၁၃၀ ဦး ရှိသည်။[]

ဤဆေးရုံသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ဆေးတက္ကသိုလ် (၂) ရန်ကုန် စသည့် တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် တတိယတန်းအဆင့်ရှိ သင်ကြားကုသရေးဆေးရုံတစ်ခုလည်း ဖြစ်သည်။[]

Remove ads

ဌာနများ

ဆေးရုံတွင် အထူးကုဌာန ၈ ခု နှင့် အကူဌာန ၁၂ ခု ရှိသည်။[] ရန်ကုန်ဆေးရုံကြီးနှင့် ရန်ကုန်ဆေးရုံသစ်ကြီးမှ hepatology နှင့် urology ဌာနများ၊ အထူးကုဌာန လေးခုတို့သည် ဤဆေးရုံသို့ ပြောင်းရွှေ့ခဲ့ကြသည်။ ဆေးရုံရှိ Rheumatology ဌာနသည် မြန်မာနိုင်ငံရှိ ပထမဆုံးသော Rheumatology ဌာန ဖြစ်သည်။[]

အထူးကုဌာနများ

  • Department of Hepatology
  • Department of Hepatobiliary Surgery
  • Department of Nephrology
  • Department of Respiratory Medicine
  • Department of Rheumatology
  • Department of Thoracic Surgery
  • Department of Urology
  • Physical Medicine & Rehabilitation Unit

ရောဂါစမ်းသပ်ရှာဖွေရေးဌာများ

  • Radiology Department
  • Pathology Department
Remove ads

သင်ကြားရေးအစီအစဉ်များ

ဤဆေးရုံသည် ဆေးတက္ကသိုလ် (၁) ရန်ကုန်နှင့် ဆေးတက္ကသိုလ် (၂) ရန်ကုန်တို့၏ ဘွဲ့ကြိုနှင့် ဘွဲ့လွန် အစီအစဉ်များနှင့် သင်တန်းများအတွက် သင်ကြားရေးဆေးရုံလည်း ဖြစ်သည်။[]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads