ခေပနမုဒြာ

From Wikipedia, the free encyclopedia

ခေပနမုဒြာ
Remove ads

အမြိုက်သုဒ္ဓါကို ပက်ဖျန်းနေဟန် ဖြစ်သည်။ လက်နှစ်ဖက်ကို လက်ဝါးဖြင့် ယှက်ထားပြီးလျှင် လက်ညှိုးနှစ်ချောင်းကို ပူး၍ ထိပ်ဖျားချင်း ထိထားသည်။ ထိုလက်ညှိုးများကို အမြိုက်သုဒ္ဓါဘုတ်ထည့်ထားသော ကလသတာအိုးထဲသို့ စိုက်ပြ ထားသော ဟန်ဖြစ်သည်။

Thumb

လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းတို့အား အမြိုက်အရသာကို ခွဲဝေပက်ဖျန်းပေးနေသည့် သဘော ဖြစ်ပေသည်။

ဒါနမင်္ဂလာ, ဉာတကာနဉ္စ သင်္ဂဟမင်္ဂလာ, ပုတ္တဒါရဿ သင်္ဂဟမင်္ဂလ, ဓမ္မစရိယာ, ဗြဟ္မစရိယာ မင်္ဂလာများကို သရုပ်ဆောင်ထားပေသည်။

ကရုဏာရသ, အဗ္ဗုတရသများကို ပေါ်လွင်ထင်ရှားစေသည်။ ဝိမုတ္တိရသသဘောကို အနှစ်သာရအားဖြင့် ဖော်ပြခြင်း ဖြစ်သည်။

ဒါနပါရမီ, မေတ္တာပါရမီ စခန်းများသို့ ညွှန်ပြသောသဘောကို ဆောင်ပေသည်။

ပြယုဂ်ပုံစံအားဖြင့် ဗြဟ္မာမင်း၏ပုံများတွင် ဤခေပနမုဒြာကို တွေ့ရသည်။ နာမသင်္ဂီတိရုပ်ပွားတော်များတွင် ဤခေပနမုဒြာမျိုးကို တွေ့ရတတ်ပေသည်။

ခေပနမုဒြာပါရှိသော ရုပ်ပွားဆင်းတုများကို ကိုးကွယ်လျှင် လာဘ်ရွှင်ခြင်း, ပီယသိဒ္ဓိ, လာဘသိဒ္ဓိ, ကာယသိဒ္ဓိ ပြီးပြည့်စုံခြင်း အမွေအနှစ်ရတနာပစ္စည်းများရရှိခြင်း, စားဘွယ် သောက်ရာများ အလျှံပယ်ရရှိခြင်း, စည်းစိမ်တိုးပွားခြင်း, အေးချမ်းသာယာသော ဘဝကို ရရှိခြင်း, ကာမဂုဏ်စည်းစိမ်ခံစားရခြင်း, မင်္ဂလာကျက်သရေတိုးပွားခြင်း စသော အကျိုးထူးများကို ရရှိသည်ဟု တန္တရာယာန ကျမ်းဂန်များ၌ ဖော်ပြထားသည်။[][] []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads