ခွဲခြမ်းစိတ်ဖြာသင်္ချာ

From Wikipedia, the free encyclopedia

Remove ads

ခွဲခြမ်းစိတ်ဖြာသင်္ချာ (mathematical analysis) ဆိုသည်မှာ ကိန်းစစ်တန်ဖိုးပြ ဖန်ရှင်များ (real-valued functions) နှင့် ကိန်းရှုပ်ခေါ် ကွန်ပလက်စ်တန်ဖိုးပြ ဖန်ရှင်များ (complex-valued functions) ကို စနစ်တကျ ခွဲခြမ်းစိတ်ဖြာ လေ့လာသည့် သင်္ချာဘာသာရပ်ခွဲတစ်ခုဟု အကြမ်းဖျဉ်း ဆိုနိုင်သည်။ ခွဲခြမ်းစိတ်ဖြာသင်္ချာတွင် အနန္တကိန်းစဉ်တန်းများ (infinite sequences) ၏ လစ်မစ် (limit) ခေါ် လားရာပြတန်ဖိုးသဘောကို တွင်ကျယ်နက်ရှိုင်းစွာ အသုံးပြုလေ့ရှိရာ ခွဲခြမ်းစိတ်ဖြာသင်္ချာသည် လစ်မစ်များကို လေ့လာခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။[]

ခွဲခြမ်းစိတ်ဖြာသင်္ချာတွင် ကဲကုလပ်၊ ဒစ်ဖရန်ရှယ် ညီမျှခြင်းများ (differential equations)၊ ဖန်ရှင်များကို ခွဲခြမ်းစိတ်ဖြာ လေ့လာခြင်း (functional analysis) အစရှိသဖြင့် ဘာသာရပ်ခွဲများ ရှိသည်။ အခြေခံကဲကုလပ်တွင် ပါဝင်သည့် ဒရစ်ဗတစ် (derivative) ခေါ် လက်ငင်းတဒင်္ဂပြောင်းလဲနှုန်း၊ အင်တီဂရယ် (integral) ခေါ် ရီးမန်ပေါင်းလဒ်၏ လားရာပြတန်ဖိုး၊ အနန္တကိန်းစဉ်တန်းများ ပေါင်းလဒ်များ (series) အစရှိသည့် သဘောတရားတို့ကို ခွဲခြမ်းစိတ်ဖြာသင်္ချာတွင် တွေ့နိုင်သော်လည်း၊ ခွဲခြမ်းစိတ်ဖြာသင်္ချာဟူသော အမည်ကို ထိုအခြေခံ ကဲကုလပ် ဘာသာရပ်တွင် တွေ့ရလေ့မရှိသည့် တန်းမြင့်သင်္ချာ အကြောင်းအရာများအား ရည်ညွှန်းရန်အတွက် သီးသန့် အသုံးပြုလေ့ရှိသည်။[]

Remove ads

အညွှန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads