ဂဏစီဝရသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ဘိက္ခုနီသံဃာ၏ သင်္ကန်းလာဘ်ကို ပိတ်ပင်တားမြစ်မှု၊
အမှုသည်—ထုလ္လနန္ဒာ။ [၁]
ထုလ္လနန္ဒာကို ပြုစုလုပ်ကျွေးနေသော (ကြည်ညိုသော) အိမ်ရှင်တို့သည် ဘိက္ခုနီသံဃာအား သင်္ကန်းလှူမည့် အကြောင်းကို ထုလ္လနန္ဒာအား လျှောက်ကြကုန်၏၊ ထုလ္လနန္ဒာသည် မလှူဖြစ်အောင် “သင်္ကန်းတို့မှာ ကိစ္စတွေများသနှင့်” ဟု ပြော၍ တားမြစ်ထား၏၊ ထိုအချိန်မှာပင် ထိုဒါယကာတို့၏ အိမ်ကိုမီးလောင်လေရာ ဒါယကာတို့က “ငါတို့မှာ ပစ္စည်းလဲကုန်, ကုသိုလ်လဲမရ ဖြစ်ကြရပေါ့”ဟု ဝမ်းနည်းစွာနှင့် ထုလ္လနန္ဒာကို အပြစ်တင်ကြလေသည်။ ထိုအကြောင်းကို ကြား၍ အခြားဘိက္ခုနီတို့ကလည်း ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
Remove ads
ယာ ပန ဘိက္ခုနီ ဂဏဿ စီဝရလာဘံ အန္တရာယံ ကရေယျ, ပါစိတ္တိယံ။
ဘိက္ခုနီ ဂိုဏ်းသံဃာ၏ ရခွင့်ရှိသော သင်္ကန်းလာဘ်ကို (မရအောင် တားမြစ်သောအားဖြင့်) အန္တရာယ်ပြုသော ဘိက္ခုနီမှာ ပါစိတ်အာပတ်သင့်၏။
ဘယ့်လောက်တန် လှူမည်ဟု ကြံစည်ကြသတဲ့ဟု မေး၍ သူတို့မှန်း သလောက်ဆိုလျှင် ပစ္စည်းဝတ္ထုနည်းမှာစိုး၍ “ခဏဆိုင်းကြဦး, အဖိုးချိုတဲ့ အခါမှ လှူကြတာပေါ့”ဟု စိတ်ရိုး စိတ်ကောင်းဖြင့် ဆိုင်းငံ့တားထားလျှင် အနာပတ္တိ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
