စင်ကာပူစီမံခန့်ခွဲမှုပညာတက္ကသိုလ်

From Wikipedia, the free encyclopedia

စင်ကာပူစီမံခန့်ခွဲမှုပညာတက္ကသိုလ်map
Remove ads

စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(အင်္ဂလိပ်: Singapore Management University)သည် စင်ကာပူနိုင်ငံရှိ အစိုးရမှ အထောက်အပံ့ပေးသော်လည်း၊ ကိုယ်တိုင်ဆုံးဖြတ်အုပ်ချုပ်နိုင်သော ပုဂ္ဂလိက တက္ကသိုလ်တစ်ခုဖြစ်သည်။ ၂၀၀၀-ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဝှာတန်စီမံခန့်ခွဲမှုပညာကျောင်း (Wharton School)၏ ပညာသင်ကြားမှုပုံစံကို စံနမူနာအဖြစ် အတုယူသုံးခဲ့ပြီး၊ စင်ကာပူနိုင်ငံ၏ တတိယမြောက် သက်တမ်းအရှည်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တက္ကသိုလ်ဖြစ်သည်။[] ဤတက္ကသိုလ်ကို အက်စ်အမ်ယူ(SMU)ဟုလည်း အတိုကောက်ခေါ်ကြသည်။

အချက်တိုများ အမျိုးအစား, တည်ထောင် ...
Thumb
စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်၏ အုပ်ချုပ်ရေးအဆောက်အဦး
Remove ads

ဖွဲ့စည်းပုံ

စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ကို အောက်ပါ အဓိကကျောင်း ၈-ကျောင်းဖြင့် ဖွဲ့စည်းထားသည်။

Remove ads

ပညာရေး

ကျောင်းဝင်ခွင့်လိုအပ်ချက်များ

စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်သည် စင်ကာပူ-ကိန်းဘရစ်ချ် ဂျီစီအီး(အေ)အဆင့် (Singapore-Cambridge GCE Advanced Level) အောင်လက်မှတ်ဖြစ်စေ၊ စင်ကာပူနိုင်ငံရှိ ပိုလီတက်ကနစ် ၅-ခုနှင့် အနုပညာကျောင်း ၂-ခုတို့မှ ဒီပလိုမာအောင်လက်မှတ်များ ဖြစ်စေ၊[] အိုင်ဘီဒီပလိုမာ (International Baccalaureate diploma) စသည်တို့ပါဝင်သော တက္ကသိုလ်ဝင်တန်း သို့မဟုတ် အထက်တန်းကျောင်း အောင်မြင်မှု အသိအမှတ်ပြုလက်မှတ်များတင်ပြနိုင်သော ကျောင်းသားများမှ တစ်နှစ်တစ်ကြိမ် ရွေးချယ်ဝင်ခွင့်ပြုသည်။[] ဘွဲ့လွန် သို့မဟုတ် မာစတာပရိုဂရမ်များသို့ ဝင်ခွင့်အတွက် စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်သည် အဓိကဘာသာရပ်အများစုအတွက် ဂျီမက်(GMAT) နှင့် တိုဖယ်လ်(TOEFL) သို့မဟုတ် အိုင်အဲလ်စ်(IELTS) လိုအပ်သည်။ အချို့သော မေဂျာများသည် စာစီစာကုံးများ၊ ထောက်ခံစာများ တင်ပြခြင်းနှင့် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံးမည်မျှရှိရမည်ဟူသော လိုအပ်ချက်တို့လည်း တောင်းဆိုတတ်သည်။[]

မြန်မာအထက်တန်းကျောင်းကို ဘာသာရပ်တိုင်း၌ အမှတ် ၉၀-ရာခိုင်နှုန်းနှင့်အထက် ရရှိအောင်မြင်ပြီး၊ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်တစ်ခုတွင် အနည်းဆုံးတစ်နှစ်သင်ယူထားကာ ၎င်းတက္ကသိုလ်တွင် သင်ယူထားသော ဘာသာရပ်အားလုံးကို ကောင်းစွာအောင်မြင်ထားပါကလည်း စင်ကာပူ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်သို့ ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ပါသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads