စန္ဒာဘဇာတ်
From Wikipedia, the free encyclopedia
Remove ads
ဧကကနိပါတ် - ၁၄။ အသမ္ပဒါနဝဂ် -၁၃၅ - စန္ဒာဘဇာတ်။ ။ ဩဒါတ ကသိုဏ်းပွား၍ ဗြဟ္မာ့ပြည်လားသည်ဟု ပြောသဖြင့် မယုံကြည်သော တပည့်များအား ဆရာ လာဆုံးမကာ တပည့်ကြီးအား ချီးမွမ်းသော အကြောင်း။
ပစ္စုပ္ပန်ဝတ္ထု
အနည်းငယ်သိက ကျယ်ဟောပြ
နတ်လူတို့ဆရာဖြစ်တော်မူသော မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးတော်မူစဉ် သင်္ကဿနဂိုရ်မြို့တံခါးဝယ် ရှင်သာရိပုတ္တရာ ပြဿနာ ဖြေဆိုခြင်းကို အကြောင်းပြု၍ အောက်ပါ အတိတ်ဇာတ်ကို ဆောင်တော်မူသတည်း။
အတိတ်ဝတ္ထု
ဆရာကြွလာ ဆုံးမရာ
လွန်လေပြီးသောအခါ ဗာရာဏသီပြည်ဝယ် ဗြဟ္မဒတ်မင်း မင်းပြုသည်ရှိသော် ဘုရားအလောင်းသည် ရသေ့ဖြစ်၍ တောကျောင်း၌ စုတေခါနီးတွင် တပည့်တို့ မေးကြရာ “စန္ဒာဘံ သူရိယာဘံ” ဟု ပြောဆို၍ စုတေသောအခါ အာဘဿရဘုံ၌ ဖြစ်လေ၏။ ရသေ့တို့သည် “စန္ဒာဘံ သူရိယာဘံ” ဆိုသောအ နက်အဓိပ္ပါယ်ကို တပည့်ကြီးထံ မေးကြရာ တပည့်ကြီး ပြောသောစကားကို မယုံကြည်ကြကုန်။
ထိုအခါ ဗြဟ္မာကြီးသည် အာဘသရဘုံမှ လာ၍ ကောင်းကင်၌ရပ်လျက် -
“လရောင် ဟူသော ဩဒါတကသိုဏ်း၊ နေရောင်ဟူသော ပီတကသိုဏ်းတို့ကို ဉာဏ်ဖြင့် သက်ဝင်သော ပုဂ္ဂိုလ်သည် ရအပ်သော ဒုတိယဈာန်ဖြင့် အာဘဿရ ဗြဟ္မာ့ပြည်သို့ လားရ၏” –
ဟု ရသေ့တို့ကို သိစေပြီးလျှင် တပည့်ကြီး၏ ကျေးဇူးကို ပြောဆိုချီးကျူးကာ ဗြဟ္မာ့ပြည်သို့ ပြန်လေ၏။
Remove ads
ဇာတ်ပေါင်း
ဤသို့လျှင် မြတ်စွာဘုရားသည် အတိတ်၊ ပစ္စုပ္ပန် နှစ်တန်သော ဝတ္ထုတို့ကို အနုသန္ဓေ ဆက်စပ်တော်မူလျက် -
ရဟန်းတို့ -
ထိုအခါ တပည့်ကြီးသည် - ယခုအခါ သာရိပုတ္တရာ။
ဗြဟ္မာကြီးသည် - ငါဘုရား ဖြစ်လာပြီ -
ဟု ဇာတ်ကို ပေါင်းတော်မူသတည်း။
ဆောင်ပုဒ်
(၁) ကသိုဏ်းဩဝါဒါ၊ ပီတကာ၊ ဉာဏ်မှာ သက်ဝင်သည်။
(၂) ဒု-ဈာန်ကိုရ၊ ဘဿရ၊ လားရဗြဟ္မာ့ပြည်။
စန္ဒာဘဇာတ် ပြီး၏။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads