စိန့်ဂေါ အဲဘီး ဘုန်းကြီးကျောင်း

From Wikipedia, the free encyclopedia

စိန့်ဂေါ အဲဘီး ဘုန်းကြီးကျောင်း
Remove ads

စိန့်ဂေါ အဲဘီး ဘုန်းကြီးကျောင်း သည် ဆွစ်ဇာလန်နိုင်ငံ စိန့်ဂေါလန်မြို့ရှိ ဖျက်သိမ်းလိုက်ပြီ ဖြစ်သော (၇၄၇-၁၈၀၅) ရိုမန်ကက်သလစ် ဘာသာရေးဆိုင်ရာ အဆောက်အဦး အစုအဝေး အတွင်းရှိ အဲဘီးဘုန်းကြီးကျောင်း တစ်ခု ဖြစ်သည်။ ကာရိုလင်းဂျီးယန်းခေတ်မှ တည်ရှိခဲ့သော ဘုန်းကြီးကျောင်းသည် ၇၁၉ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ၉ ရာစု နှင့် ၁၃ ရာစု အတွင်းတွင် လွတ်လပ်သော အုပ်ချုပ်ရေးနယ်မြေ ဖြစ်ခဲ့ကာ ရာစုနှစ်ပေါင်းများစွာတိုင်အောင် ဥရောပတွင် ဘန်ဒစ်တင်း အဲဘီးဘုန်းကြီးကျောင်းများ၏ ဂိုဏ်းချုပ်ကျောင်း တစ်ခု အနေနှင့် ရှိခဲ့သည်။ သူတော်စင် စိန့်အိုသမာမှ တည်ထောင်ခဲ့ပြီး သူတော်စင် စိန့်ဂေါ တောထွက်ခဲ့ရာ နေရာတွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ အဲဘီးဘုန်းကြီးကျောင်းတွင် ရှိသော စာကြည့်တိုက်သည် ကမ္ဘာပေါ်ရှိ အစုံဆုံး အလယ်ခေတ် စာကြည့်တိုက်တစ်ခု ဖြစ်သည်။[] စိန့်ဂေါလန်မြို့သည် ဘုန်းကြီးကျောင်းနှင့် ဆက်လျက် နေထိုင်ရာ ဒေသတစ်ခု အဖြစ်မှ အစပြုခဲ့ခြင်း ဖြစ်သည်။ အဲဘီးအား ၁၈၀၀ ခုနှစ်ခန့်တွင် ဘာသာရေး မှ လွတ်ကင်းစေခဲ့ပြီးနောက်တွင် ယခင်က အဲဘီးဘုရားကျောင်းသည် ၁၈၄၈ ခုနှစ်တွင် ကက်သီဒါရယ်ဘုရားကျောင်း ဖြစ်လာခဲ့သည်။ ၁၉၈၃ တွင် ကျန်ရှိနေသော အဲဘီး၏ နယ်မြေ တစ်ခုလုံးအား ယူနက်စကို မှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ်သတ်မှတ်ခဲ့သည်။

အချက်တိုများ စိန့်ဂေါ အဲဘီး ဘုန်းကြီးကျောင်း*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...
Thumb
စိန့်ဂေါ အဲဘီးဘုန်းကြီးကျောင်းပုံ ပြုလုပ်ထားသော မီးပုံးပျံ


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads